SALIBU (စပါးလမိုင်း) စိုက်ပျိုးနည်းပညာ

25/04/2018 15:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကမ္ဘာပေါ်တွင် စပါးသည် အရေးပါဆုံး နှံစားသီးနှံဖြစ်ပြီး စပါးထုတ်လုပ်မှု တိုးစေရန် စပါး လမိုင်းစနစ်သည် အလားအလာကောင်းသော နည်းစနစ်တစ်ခုဖြစ်ပါသည်။ စပါးလမိုင်း စိုက်ပျိုး နည်းပညာသည် တောင်သူများအတွက် အသစ်အဆန်းမဟုတ်ပေ။ ပူနွေးစွတ်စိုသော ဒေသများ တွင် စပါးလမိုင်းစိုက်ပျိုးရန် အခြေအနေကောင်းသော်လည်း စိုက်ပျိုးမှုနည်းသည်ကို တွေ့ရှိရပါ သည်။ အရှေ့အာရှဒေသများတွင် စပါးလမိုင်းစိုက်ပျိုးခြင်းကို (၂၀) ရာစု အစောပိုင်း ကာလများ တွင်သာ တွေ့ရှိခဲ့ရသည်။ လယ်စပါးစိုက်ပျိုးရာတွင် ထယ်ထိုး၊ ထွန်မွှေ၊ သမန်းပြင်ခြင်း၊ ပျိုး ခင်းပြင်ခြင်းနှင့် ပျိုးနူတ်ကောက်စိုက်ခြင်း စရိတ်များမှာ အဓိကကုန်ကျစာရိတ်များ ဖြစ်သည်။ စပါးလမိုင်း စိုက်ပျိုးခြင်းတွင် ထိုကုန်ကျစာရိတ်များကို လျော့ချနိုင်ခြင်းသည် အားသာချက် တစ်ခုဖြစ်သည်။ သို့သော် အထွက်နည်းခြင်းနှင့် ရင့်မှည့်ချိန်မညီခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့် ပြန့် မစိုက်ကြခြင်းဖြစ်သည်။ စပါးလမိုင်း အထွက်စွမ်းရည်ကောင်းစေရန် မျိုး ရွေးချယ်ခြင်း သည်လည်း အဓိကအရေးကြီးသည့် အချက်ဖြစ်ပါသည်။

SALIBU (စပါးလမိုင်း) စိုက်ပျိုးနည်းပညာသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတ်တြား ဒေသတွင် ဖွံ့ဖြိုးလာသော နည်းပညာတစ်ခုဖြစ်ပြီး နွေးသမပိုင်း နှစ်ရှည်စပါး စိုက်ပျိုးနည်း စနစ်ဟု အမည်တွင်ပါသည်။ မိခင်ပင်ကဲ့သို့ သားဆက်ခင်းများမှလည်း အထွက်ကောင်းပြီး တစ်နှစ်လျှင် ၃ သီးမှ ၄ သီး ထိ  ရိတ်သိမ်းနိုင်မည်ဖြစ်သည်။ ဤစိုက်ပျိုးနည်းပညာ၏ အဓိက အချက်များမှာ ရိုးပြတ်ဖြတ်ချိန်နှင့် အမြင့်၊ မြေသြဇာ၊ ရေအသုံးချမှုတို့ပင် ဖြစ်ပါသည်။

SALIBU (စပါးလမိုင်း) စိုက်ပျိုးနည်းအဆင့်ဆင့်

၁။ မိခင်ပင်ကို ရိတ်သိမ်းရာတွင် ဇီဝကမ္မရင့်မှည့်ချိန်တွင် ရိတ်သိမ်းပေးရမည်။

၂။ မရိတ်သိမ်းမီ (၁၄) ရက်အလိုတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာနှင့် ဖော့စဖိတ်ဓာတ်မြေသြဇာ များကို ထည့်သွင်းပေးရမည်။

၃။ မရိတ်သိမ်းမီ တစ်ပတ်နှင့် ရိတ်သိမ်းပြီး (၂) ပတ်အတွင်း မြေအစိုဓာတ်ကို Field Capacity အနေအထားတွင် ထိန်းသိမ်းပေးရမည်။

၄။ ရိတ်သိမ်းရာတွင် ရိုးပြတ်ပင်စည်ကို (၁၅) စင်တီမီတာ ချန်၍ ဖြတ်ပေးရမည်။ ရိတ်သိမ်းပြီး (၅-၇) ရက်အတွင်း စပါးလမိုင်းပင်ကို မြေပြင်အထက် (၃-၅) စင်တီမီတာ ချန်၍ ဒုတိယအကြိမ် ဖြတ်ပေးရမည်။

၅။ ဒုတိယအကြိမ် ဖြတ်ပြီး (၃-၇) အတွင်း ပင်စည်၏ အဆစ်မှ ပင်ပွားများထွက်လာမည်။ ၎င်း ပင်ပွားများမှ အမြစ်သစ်များထွက်လာပြီး SALIBU အပင်ဖြစ်လာမည်။

၆။ SALIBU အပင်ထွက်လာပြီး (၇-၁၀) အတွင်းမှ စ၍ ရေပါးပါးလွမ်းပေးရမည်။

ရိုးပြတ်ဖြတ်ချိန်နှင့် အမြင့်

စပါးလမိုင်းသားတက်များ ထွက်လာစေရန်အတွက် မိခင်ပင် အကောင်းဆုံးရိတ်ချိန်မှာ ဇီဝကမ္မ ရင့်မှည့်ချိန်ဖြစ်ပြီး ထိုအချိန်တွင် ပင်စည်များ စိမ်းနေဆဲဖြစ်ပြီး ရိုးပြတ်များ လုံးဝရင့်မှည့်ပြီး ဝါမသွားခင် ရိတ်သိမ်းပေးသင့်သည်။ ရိုးပြတ်ပင်စည် အမြင့်မှာ (၁၅) စင်တီမီတာခန့်ထားပြီး ဖြတ်ပေးခြင်းဖြင့် စပါးလမိုင်းခင်းတွင် အပင်ပျောက်ဖြစ်မှု နည်းသွားပြီး ပေါင်းမြက်ကိုလည်း နှိမ်နင်းနိုင်မည် ဖြစ်သည်။

SALIBU စိုက်ပျိုးနည်းပညာမှာ စပါးလမိုင်းခင်းအား ပြုပြင်ထားသော နည်းပညာတစ်ခုဖြစ် သည်။ မိခင်ပင် ရိတ်သိမ်းပြီး (၅-၇) ရက်တွင် လမိုင်းစပါးပင်ကို မြေပြင်အထက် (၃-၅) စင်တီမီတာ ချန်၍ ဖြတ်ပေးခြင်းဖြစ်သည်။ သို့မှသာ ပင်ပွားများပြီး ပန်းပွင့်ချိန်ညီညာမည် ဖြစ်ပါသည်။

မြေသြဇာကျွေးခြင်း

မြေဆီသြဇာကောင်းခြင်း မကောင်းခြင်းသည် စပါးလမိုင်းအပင် ကြီးထွားမှုနှင့် အထွက်နူန်းတို့ ကို များစွာ အကျိုးသက်ရောက်မှု ဖြစ်စေပါသည်။  နိုက်ထရိုဂျင်နှင့် ဖော့စဖိတ်ဓာတ်များသည် စပါးလမိုင်းပင် ကြီးထွားမှုအတွက် သိသာစွာ အကျိုးသက်ရောက်မှုရှိပြီး အထူးသဖြင့် ဖော့စဖိတ်ဓာတ်မြေသြဇာသည် အမြစ်အားကောင်းမှုကို အကျိုးဖြစ်ထွန်းစေပါသည်။

ထို့ကြောင့် နိုက်ထရိုဂျင် မြေသြဇာနှင့် ဖော့စဖိတ် မြေသြဇာများကို မိခင်ပင် မရိတ်သိမ်းမီ (၁၄) ရက်အလိုတွင် ကျွေးပေးခြင်းအားဖြင့် သားတက်များ ဖြစ်ထွန်းစေနိုင်ပါသည်။ သို့သော် နိုက် ထရိုဂျင်ဓာတ်မြေသြဇာကို အလွန်အကျွံကျွေးလျှင် မိခင်ပင်မှ ဟုန်သွားပြီး လမိုင်းစွမ်းရည် ကို ကျဆင်းစေပါသည်။

စိုက်ပျိုးရေ စီမံခန့်ခွဲမှု 

မိခင်ပင် မရိတ်သိမ်းခင်နှင့် ရိတ်သိမ်းပြီး အခြေအနေများတွင် စိုက်ပျိုးရေအသုံးချမှုသည် စပါးလမိုင်းစွမ်းကို များစွာအကျိုးသက်ရောက်မှု ရှိပါသည်။ မိခင်ပင် မရိတ်သိမ်းမီ တစ်ပတ်နှင့် ရိတ်သိမ်းပြီး (၂) ပတ်အတွင်း မြေအစိုဓာတ်ကို Field Capacity အနေအထားတွင် ထိန်းသိမ်း ပေးရမည်။ အစိုဓာတ်များလွန်းပြီး ရေဝပ်နေလျှင် စပါးလမိုင်းပင်များ ပုပ်ရိပြီး သေသွားနိုင်ပြီး အပင်ပျောက်များ ဖြစ်လာနိုင်သည်။

SALIBU အပင်ထွက်လာပြီး (၇-၁၀) အတွင်း ရေပါးပါးလွှမ်းပေးရမည်။ ရေများလွန်းလျှင် လည်း ပင်ပွားအထွက်နှုန်း နည်းသွားမည်။

Source - စိုက်ပျိုးရေးဦးစီးဌာန

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်