အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Heart 7
Heart 7 818
လွန်ခဲ့သော ၄ နှစ် က · ညောင်တုန်း

မတ်ပဲ တေရွက်ဝါ ဖောက်တာ ဘယ်လို ကုရမလဲဗျ

ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၄ ခု

စိုးသူရ
စိုးသူရ 816 လွန်ခဲ့သော ၄ နှစ် က

ယင်ဖြူကြောင့် အပင်ဝါတာပါ အဝါပင်များအားနှုတ်ပစ်ပါကပိုကောင်းမွန်သည်

ဦးတိုးတိုးအောင်
ဦးတိုးတိုးအောင် 872 လွန်ခဲ့သော ၄ နှစ် က

အဝါရောင်မိုစေ့ရောဂါပါ. အဓိကတော့ သူက ယင်ဖြူကြောင့်ဖစ်ရတာပါ.ယင်ဖြူကို နိုင်အောင်နှိမ်နင်းထားရင် အဆင်ပြေပါတယ်.အဖူးအပွင့်ဝင်ချိန်မှာ ရောဂါပိုအဖစ်များပါတယ်.ရောဂါဆိုးရင် အထွက်နှုန်း လျော့တာ သိသာပါတယ် .ယင်ဖြူအဓိက နိုင်အောင်ထိန်းထားပေးပါ အဆင်ပြေပါတယ်.

Heart 7
Heart 7 818 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဗျ

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,599 လွန်ခဲ့သော ၄ နှစ် က

ကုသလို့မရပါ ကြိုတင်ကာကွယ်လို့သာရပါတယ် အသေးစိတ်သိချင်ရင်တော့ လိမ္မော်ရောင်စာတန်းကိုနိုပ်ပြီးလေ့လာပေးပါအူး ပဲတီစိမ်းတွင် ကျရောက်တက်သော အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ(Yellow Mosaic)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စူပါဘိုကာရှီလုပ်ချင်လို့ပါ ငါးပုပ်ရည်လုပ်ပြီးသားတွေ ထည့်လိုက်လို့ရလား ဘယ်လောက်ထည့်ရမလဲလဲသိချင်ပါတယ်ခင်ဗျ

ဖြေကြားချက် 4 ခု

မတ်ပဲခင်းတွေမှာ အပင်တွေညိုးကျပီး ပင်သေဝင်တာ ဘာကြောင့်ပါလဲဗျ ပင်သေဆက်မဖြစ်အောင်ဘယ်ဆေးတွေဖျန်းသင့်ပါသလဲခင်ဗျ။

ဖြေကြားချက် 1 ခု

ပိုး‌သတ်ဆေးတော့ဖျန်းထားပါတယ် အမြစ်မှာ အပေါက်လေးတွေတော့တွေ့ရတယ် အရွက်မှာလဲ ပုံထဲကလိုအဖြူတွေရှိတယ် ။ဝါနေတာလေးတွေ...

ဖြေကြားချက် 2 ခု

လှေး ရွက်လိပ် ခူ ရွက်ဖောက်ပိုး ဒီဆေး ၂မျိုး တွဲသုံးလို့ ရလားဆရာ

ဖြေကြားချက် 2 ခု

ဖားဥမှို ရွက်လိပ်ရွက်ဖောက် ခူ လှေး ငမြောင်တောင် ၃မျိုးတွဲပတ်လို့ အဆင်ပြေလားဆရာ

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။