ပဲတီစိမ်းတွင် ကျရောက်တက်သော အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ(Yellow Mosaic)

22/05/2020 11:30 AM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူဦးကြီးတို့မင်္ဂလာပါဗျ။ နေကောင်းကြရဲ့လားဗျ?။ ကျန်းမာရေးအထူးဂရုစိုက် ကြပါနော်။

ပဲတီစိမ်းစိုက်ပျိုးရာတွင် အဝါရောင်မိုးစေ့ဗိုင်းရပ်စ်ရောဂါ အနည်းနှင့်အများတော့ ကျရောက်ဖူးလိမ့်မယ်တော့  ထင်ပါတယ်။ ရောဂါဆိုးရွားစွာကျရောက်ပါက အထွက်နှုန်းကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။

အဝါရောင်မိုစေ့ ဗိုင်းရပ်စ်ရောဂါလက္ခဏာများ

ရောဂါကျရောက်လျှင် ပဲတီစိမ်းအရွက်များအောက်ကိုကွေးပြီး လိပ်သွားပါသည်။ အစောပိုင်းကာလများတွင် ပဲတီစိမ်းအရွက်များပေါ်တွင် သေးငယ်ပြီး ပုံသဏ္ဍာန်မမှန်သော အဝါရောင်အစက်အပျောက်များ ဖြစ်ပေါ်နေပါသည်။ ထိုအစက်များသည် တဖြည်းဖြည်း ကြီးထွားလာကာ အရွက်တစ်ခုလုံးနီးပါး ပျံ့နှံ့သွားကာ စိမ်းဝါရောင်အကွက်များ ဖြစ်ပေါ်နေပါ သည်။ နောက်ပိုင်းကာလများတွင် အရွက်တစ်ခုလုံး အဝါရောင်ပြောင်းသွားပါသည်။ ထို့နောက် ပုံသဏ္ဍာန်မမှန်သော အရွက်များ၊ အသီးများကိုလည်း တွေ့ရပါသည်။ ရောဂါကူး စက်ခံထားရသော အပင်များသည် သိသိသာသာ ပုနေပါသည်။ အဆစ်ကြားများလည်းတို သွားပြီး ခိုင်းများလည်းပိုထွက်လာကာ ချုံပုပ်ပုံသဏ္ဍာန်များ ဖြစ်နေပါသည်။ ထို့အပြင် အသီးများရင့်မှည့်မှု နောက်ကျပြီး အထွက်နှုန်းများကိုလည်းသိသာစွာ လျော့ကျသွားပါသည်။ 

ရောဂါကူးစက်မှု

ထိုအဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်စေပါသည်။ တောင်သူအများစုသည် ပျများကြောင့်ဖြစ်သည်ဟု အထင်မှားနေကြပါသည်။ ပျများက ထိုဗိုင်းရပ်စ်များ ကို အပင်တစ်ပင်မှတစ်ပင် သယ်ဆောင်ပေးပါသည်။ စိုက်ပျိုးရာသီပြီးသောအခါ ပျများနှင့် ဗိုင်းရပ်များသည် ယာခင်းပတ်ပတ်လည်ရှိ သစ်ပင်များတွင် ခိုအောင်းနေနိုင်ပါသည်။ နောက်တစ်ရာသီရောက်လျှင် ဗိုင်းရပ်စ်များကို ပျများက စိုက်ခင်းအတွင်းသို့ သယ်ဆောင်လာပေးကာ အဝါရောင်မိုစေ့ရောဂါကို ဖြစ်ပေါ်စေပါသည်။ ထိုရောဂါသည် မျိုးစေ့ဆောင်ရောဂါမဟုတ်ပါ။ အချို့သည် မျိုးစေ့ဆောင်ရောဂါဟု အထင်မှားနေကြပါသည်။ သို့သော်လည်း ထိုရောဂါသည် မျိုးစေ့မှ ၃ မှ ၆ ရာခိုင်းနှုန်း ကူးစက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

ဗိုင်းရပ်စ်ရောဂါများအတွက် ဆေးများထိရောက်စွာမထုတ်ဖော်နိုင်သေးပါ။ ထိုရောဂါ ကိုဖြစ်စေသော ဗိုင်းရပ်စ်များကို ပျများက သယ်ဆောင်ပေးသောကြောင့် ပျများကို ကာကွယ်နှိမ်နင်းနိုင်လျှင် ထိုရောဂါကို ကွယ်ကွယ်နိုင်ပါသည်။ ထို့ကြောင့် အဝါရောင်မိုစေ့ ရောဂါကို ကာကွယ်နှိမ်နင်းနိုင်ရန် ပျများသေစေရန်အတွက် ပင်လုံးပျံ့ပိုးသတ်ဆေးများ အသုံးပြုရပါမည်။ ထိုရောဂါကို အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနည်းမှာ ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးခြင်းဖြစ်ပါသည်။ ထို့အပြင် ပျများခိုအောင်းနိုင်သော ယာခင်းဘေးရှိ ချုံများ၊ သစ်ပင်များကို ရှင်းပေးရပါမည်။ ပဲတီစိမ်းစိုက်ခင်းထဲတွင် ထိုရောဂါ ကူးစက် ခံထားရသော အပင်များတွေ့ရှိပါက နောက်ထပ်အပင်များကို မကူးစက်စေရန် ချက်ချင်း နုတ်၍ မီးရှို့ပစ်ရပါမည်။

မောင်ချမ်းသာဦး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်