အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,104
လွန်ခဲ့သော ၄ နှစ် က · ကျောက်တန်း

ကွမ်းရွက်က စိမ်းမနေဘဲဝါနေတယ် ပြီးတော့ အရွက်တွေကလည်းတော်တော် တွန့်နေလို့ဘာဆေးသုံးရင်အဆင်ပြေမလဲ သိချင်လို့ပါခင်...

ကွမ်းရွက်က စိမ်းမနေဘဲဝါနေတယ် ပြီးတော့ အရွက်တွေကလည်းတော်တော် တွန့်နေလို့ဘာဆေးသုံးရင်အဆင်ပြေမလဲ သိချင်လို့ပါခင်ဗျာ

အပင်အာဟာရ ကွမ်း
Post image
Post image

ဖြေကြားချက် ၁၈ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

နိုက်ထရိုဂျင် လွန်ကဲခြင်းကြောင့် ဖြစ်နိုင်ပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ဂျစ်ပဆန်လို့ခေါ်တဲ့ ကျောက်မှုန့်က ကယ်လဆီယမ်ဆာလဖိတ်ဖြစ်ပါတယ်။ ကယ်လဆီယမ် (Ca) နဲ့ ဆာလဖာ (S) တို့ပါဝင်ပါတယ်။​ မြေကြီးကို ပိုကောင်းလာဖို့အတွက် သုံးကြပါတယ်။ အကျိုးပြုပုံ ရွှံ့စေးဆန်လွန်းတဲ့မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာဖို့၊ ရေစိမ့်နိုင်စွမ်းကောင်းလာဖို့၊ ထွန်ယက်လို့ အဆင်ပြေလာဖို့အတွက် သုံးကြပါတယ်။ ဂျစ်ပဆန်က သိပ်သည်းနေတဲ့ မြေကြီးတွေကို မွလာစေပြီး အပင်အတွက်လိုအပ်တဲ့ အာဟာရနဲ့ လေတို့ကို ရရှိလာအောင် စွမ်းဆောင်ပေးပါတယ်။ ​နောက်တစ်ခုက ဂျစ်ပဆန်က မြေချဉ်ငန်ဓာတ်အပေါ်မှာ သက်ရောက်မှု အလွန်နည်းပါတယ်။​ ဆားပါဝင်မှုမြင့်တဲ့ မြေကြီးတွေမှာ ဆားဓာတ်နေရာမှာ ကယ်လဆီယမ်ဓာတ်နဲ့ အစားထိုးဖို့ သုံးပါတယ်။ ဒါကြောင့် ရွံ့စေးမြေကို ပြင်ဖို့အတွက် သုံးတာ အသင့်တော်ဆုံးပါ။​ မြေချဉ်ငန်ဓာတ် (pH) ထုံးအကြောင်းကိုပြောဖို့ဆို မြေချဉ်ငန်ဓာတ် (pH) ကို ပြန်ပြောဖို့လိုပါတယ်။​ အညွှန်းကိန်းက ၁-၁၄ ထိရှိပြီး ၀-၆.၅ ထိကို ချဉ်တယ်လို့ သတ်မှတ်ကြတယ်။ ၇.၅ အထက် ၁၄ ထိဆိုရင်တော့ ငန်တယ်လို့ သတ်မှတ်ပါတယ်။ ၇ ပတ်ဝန်းကျင်ဆိုရင်တော့ သမတဲ့အနေထားပါ။ ဒါတွေဘာလို့ သိဖို့လိုအပ်လဲဆိုရင် ဒီ pH အပေါ်မှာမူတည်ပြီး အပင်ကနေ အာဟာရရယူနိုင်စွမ်းက ပြောင်းလဲသွားပါတယ်။ ဥပမာ မြေချဉ်ရင် ပိုတက်ဆီယမ်၊ ဖော့စဖောရပ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အဟာရဓာတ်တွေကို အပင်က စုပ်ယူနိုင်စွမ်းကျသွားပါတယ်။ ဒီတော့ မြေသြဇာကျွေးလည်း အပင်က ကောင်းကောင်းမရနိုင်တော့ဘူး။ တစ်ဖက်ကပြန်ကြည့်ရင် အလူမီနီယံ၊ ကေ့ာပါး၊ သံဓာတ်၊ မဂ္ဂနိ၊ ဇင့် ဒီဓာတ်တွေကို အပင်က ရယူနိုင်စွမ်း အရမ်းမြန်သွားတဲ့အတွက်ကြောင့် အပင်အဆိပ်သင့်တာမျိုးတွေ ဖြစ်ကုန်ပါတယ်။​ ဥပမာ သံဓာတ်အဆိပ်သင့်ပြီး နီတိုဝင်တာမျိုး။

1,104 လွန်ခဲ့သော ၄ နှစ် က

ကျောက်မှုန့်ဆိုတာဘယ်လိုဟာကိုပြောတာလဲ ခင်ဗျ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ကိုမင်းခန့် အနေနဲ့ အဲ့ဒါဆိုရင် ဘာမာ့တော့အထွေထူးလုပ်ပေးစရာမလိုပါ၊ အနဲလိုအဟာရပါတဲ့ ရွက်ဖျန်းမြေဩဇာတစ်ခုခုကိုလိုက်ပေးပါ၊ ကွမ်းအထူး တစ်ခုခုပေါ့ ကျန်တာတော့မလိုပါ၊

10,576 လွန်ခဲ့သော ၄ နှစ် က

ကွမ်းက မျိုးက ကွမ်းနုဝါလားခင်ဗျာ။ ကွမ်းနုဝါဆိုလျှင် ဝါဖန့်ဖန့်ဖြစ်မှာပါ။ ကွမ်းမည်သည် လောင်းရိပ်​​ ကြ​ိုက်အပင်မျိုးဖြစ်တာကြောင့် စိမ်းဖန့်ဖန့်ပဲ​ဖစ်မှာပါ။ အိမ်မှာရှိတဲ့ပြာ သုံးဆ ကျောက်မှုန့်တစ်ဆ ကျွေးပေးပါ။ ကွမ်းလခံပတ်ဝန်းကျင်မှာ ပုရွတ်ဆိတ်တွေနေရလျှင် စုပ်စားပိုးကျနေတာပါ။ အင်မီတာကလိုပစ် အစားထိုး သိုင်ယာမီသောက်ဆမ် သုံးလျှင်ပိုအဆင်ပြေပါလိမ့်မယ်။ အပင်အားဆေးအရမ်းမသုံးပဲ အချိုးညီတဲ့ အားဆေးသုံးပါ။ မိုလ်ရယ်မုန်းလို ဟော်မုန်းများကတော့ လူအတွက်ဆိုလျှင် လျှက်ဆား စားသလိုပါပဲ။ အစားစားချင်စိတ်ဖြစ်အောင်လှုပ်ဆော်တာပါ။ အာဟာရလည်းပါဝင်ပါတယ်။ နိုက်ထရိုဖီနှော ဆိုတော့ ။ တခြား ရာသီဥတုအနေနဲ့တော့ ဆောင်းရာသီဖြစ်တဲ့အပြင် နတ်တော်ပြာသိုဆိုတော့ မိုးတိမ်တွေကစားတတ်ပါတယ်။ အစိမ်းရောင်ကလိုဖီးများ အလုပ်အရမ်းမလုပ်နိုင်ပဲ ပင်တွင်းရည် ထိန်းခြင်းကြောင့်လည်း အပင်ဝါပြီး ရွားနားတွန့်တတ်ပါတယ်။ ပြာနဲ့ကျောက်မှုန့်ရောပြီး မြေသြဇာကျွေးသလိုသာ ကျွေးရင် အဆင်ပြေနိုင်ပါတယ်ခင်ဗျ။

1,104 လွန်ခဲ့သော ၄ နှစ် က

ဘယ်လိုလုပ်ပေးရမလဲ ခင်ဗျာ

1,104 လွန်ခဲ့သော ၄ နှစ် က

မြေဆီကျွေးပါတယ် ဆေးအနေနဲ့ကတော့ မိုရယ်မုန်း နဲ့ ဒိုဇာ ဖြန်းပါတယ် ရေတော့မတင်ပါဘူး စုပ်စားပိုးတော့ရှိမရှိမသိပါဘူး ခင်ဗျ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

အထက်ဖော်ပြပါအချက်တွေထဲက ကိုမင်းခန့် အနေနဲ့ ဘာလုပ်ထားမိလဲအရင်ပြန်စဉ်းစားပေးပါ မြေဆီကွျေးထားပါသလား ဘာဆေးသုံးထားပါသလဲ ပိုးသတ်ဆေး အားဆေး မှိုဆေး နောက်တစ်ခုက မြေရေတင်မတင် အရွက်တွေမှာစုပ်စားပိုးရှိမရှိစစ်ပေးပါ ပြီးရင် တစ်ချက်ပြန်ပြောပေးပါ၊

1,104 လွန်ခဲ့သော ၄ နှစ် က

ဘာဆေးသုံးရင် အဆင်ပြေမလဲ

1,104 လွန်ခဲ့သော ၄ နှစ် က

ဘယ်လိုလုပ်ရင်အဆင်​ပြေမလဲ ခင်ဗျာ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ကွမ်းရွက်တွေ ဝါပြီး တွန့်နေသလိုဆိုရင် စုပ်စားပိုးရှိခြင်း ဆေးလောင်ခြင်း အဟာရဓာတ်လိုခြင်း နှင့် ရေဝပ်ခြင်း များနှင့်သက်ဆိုင်ပါသည်။

1,104 လွန်ခဲ့သော ၄ နှစ် က

မနက်ကြရင်အပင်ကိုရိုက်ပြမယ်နော်

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

ပုဲလဲလျော့သုံးပါ။ ရွက်ဖြန်းအားဆေးသုံးလျင် အကြိမ်ရေများများနဲ့ ဆေးနည်းနည်းပဲသုံးပေးပါခင်ဗျာ။

1,104 လွန်ခဲ့သော ၄ နှစ် က

ပြောပြပါ ခင်ဗျာ

1,104 လွန်ခဲ့သော ၄ နှစ် က

ဘာဆေးသုံးသင်သလဲ

260,000 လွန်ခဲ့သော ၄ နှစ် က

ရေသွင်းရေထုပ်မမှန်တာကြောင့်လဲဖြစ်နိုင်ပါတယ်ခင်ဗျာ။

1,104 လွန်ခဲ့သော ၄ နှစ် က

ဘာဆေးသုံးရင် ရမလဲခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။