အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
824
လွန်ခဲ့သော ၄ နှစ် က · ခရမ်း

ပဲတီးစိမ်း စိုက်ခင်း ရောင်တိုင်ထွက်ချိန်မှာ အားဆေးဖြန်းလိုက်တာ အညွန့်တွေလိုက်လာလို့ ဘယ်လို့ အသီးအားဆေးဖြန်း...

ပဲတီးစိမ်း စိုက်ခင်း ရောင်တိုင်ထွက်ချိန်မှာ အားဆေးဖြန်းလိုက်တာ အညွန့်တွေလိုက်လာလို့ ဘယ်လို့ အသီးအားဆေးဖြန်းသင့်သလဲ ဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၅ ရက်
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

10,576 လွန်ခဲ့သော ၄ နှစ် က

ကယ်ဆီယမ် ဘိုရွန်ပါသော အားဆေးကို ပိုတတ်အချိုးများသော ရွက်ဖျန်းနဲ့ ဖျန်းပါ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

mapique chloride ကို သုံးနိုင်ပါတယ် အညွှန့်ရပ်တပ်၍ အသီးအပွင့်လိုက်သေစေသော ဟော်မုန်းဖြစ်ပါတယ် ဆေးကွက်အမည်ကတော့ အမျိုးမျိုးရှိပါမယ်

824 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

260,000 လွန်ခဲ့သော ၄ နှစ် က

အသီးများများသီးအောင် ပုလဲ+လက်ချား ရွက်ဖျန်းမြေသြဇာဖျန်းပေးပါ။ဆေးဖျန်းပုံး တစ်ပုံး ကို ပုလဲ၁၆ဇွန်း နဲ့ လှော်ပြီးသားလက်ချား(ဘိုရွန်) ၄ဇွန်းနှုန်းနဲ့ ၁ဧက..၅ပုံးဖျန်းပေးမယ်ဆိုရင် အားဆေးဖိုးလည်းသက်သာ,အသီးအထွက်နှုန်းလည်း ကောင်းပါလိမ့်မယ်။ပန်းစပွင့်ချိန်,ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့သီးကင်းဝင်ချိန်တို့မှာဖျန်းပေးပါ။လက်တွေ့အသုံးပြုမှုများအရအလွန်အသုံးဝင်သော,ကုန်ကျစရိတ်သက်သာသော သီးပွင့်အားဆေးဖြစ်ပါတယ်။လက်ချားကိုလှော်ပြီးမှသုံးစေချင်တယ်။(လောင်တတ်လို့ပါ)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။