ဖြေကြားချက် ၁၀ ခု
သြဇာရွက် - ၃၀ ကျပ်သား ဆေးရွက်ကြီး - ၃၀ ကျပ်သား တိရစ္ဆာန်ကျင်ငယ်ရေ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဒုတ္တာ - ၆ ကျပ်သား ရေ - ၁ ဂါလန် လတ်ဆတ်သော သြဇာရွက် (၃၀) ကျပ်သားကို ခုတ်စင်း၍ ရေ ၁/၂ ဂါလန်နှင့် ပြုတ်ပါ။ အရည်များ ပျစ်လာလျှင် အအေးခံ၍ ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။ ပုလင်း ၁/၃ ခန့်ရရှိနိုင်သည်။ ဆေးရွက်ကြီး ၃၀ ကျပ်သားကိုလည်း ခြေမွ၍ ရေ၁/၂ ဂါလန်ထည့်ကာ ၄၅ မိနစ်ကြာ ပြုတ်ပေးပါ။ ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။ နွားကျင်ငယ်ရည်၊ နွားမစင်တို့ကို ရောသမမွေ၍ အနည်ထိုင်စေပါ။ အပေါ်ယံ အရည်ကြည် ၁/၃ ပုလင်းကို ရယူထားပါ။ အထက်ပါ စစ်ကျရည်သုံးမျိုးကိုရောစပ်၍ ဒုတ္တာ ၆ ကျပ်သား ထည့်ကာ ရောမွေသမ ပေးပါ။ ရရှိလာသော စစ်ကျရည်ပေါင်းကို ရေ ၁၃ ဂါလန်နှင့် ဖျော်စပ်၍ အသုံးပြုနိုင်ပြီဖြစ်သည်။
(၁) တမာရွက်လတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား (၂) ရေ ၁ ဂါလံ တမာရွက်လတ်လတ်ဆတ်ဆတ်များကို နုပ်နုပ်စဉ်း၍ ရေထဲတွင်ထည့်ပြီး တစ်ညရေစိမ်ပါ။ (၂၄) နာရီ ရေစိမ်ပြီးပါက နောက်နေ့တွင် အရည်ကိုစစ်ယူပါ။ စစ်ရည်ကို (၄) ဂါလံရရှိအောင် ရေရောပါ။ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့် ရောစပ်ပြီး မွှေပေးပါ။ အရွက်များပေါ်တွင် စေးကပ်နေစေရန်ဖြစ်သည်။ ပြီးပါက ပက်ဖျန်းလို့ရပါသည်။ နောက်တစ်နည်းမှာ တမာရွက်များကို ရေထဲတွင်ထည့်ပြီး နာရီဝက်ခန့်ဆူအောင် ကျိုပေးရသည်။ ထို့နောက် (၁၂) နာရီကြာ အအေးခံထားပါ။ အအေးခံပြီးပါက အရည်ကို စစ်ယူပါ။ ထိုအရည်ကို (၄) ဂါလံရအောင် ရောစပ်ပါ။ ထိုအရည်ထဲသို့ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့်ရောစပ်ပြီး ပက်ဖျန်းနိုင်သည်။
ငရုပ်သီးဖျော်ရည်ပြုလုပ်ပုံ ငရုပ်သီးမှည့် - ၃၀ ကျပ်သား ရေ - ၈ ပုလင်း ဆပ်ပြာ - ၂ ကျပ်သား ၁) ငရုပ်သီးမှည့် ၃၀ ကျပ်သားကို ပါးပါးလှီး၊ ရေ ၄ ပုလင်းဖြင့် ၁၅ - ၂၀ မိနစ်ကြာပြုတ်ပါ။ ၂) ဆပ်ပြာ ၂ ကျပ်သားကို ပါးပါးလှီးထည့်ပါ။ ၃) ပြုတ်ရည်ထဲသို့ ရေ ၄ ပုလင်းထည့်ပါ။ ၄) အေအးခံၿပီး အရည္စစ္ပါ။ ၅) အရည်ကို မိုးမရွာလျှင် တစ်ကြိမ်၊ မိုးရွာသောအချိန်တွင် တစ်ပတ် ၂ -၃ ကြိမ် ပက်ဖျန်းအသုံးပြုပါ။ နှိမ်နင်းနိုင်သည့် ပိုးမွှားအင်းဆက်များ - ပရွက်ဆိတ်၊ ပျ၊ ပဲသီးတောင့် ထွင်းပိုး၊ ဘလစ္စတာကျိုင်း၊ လောင်မီး ကျိုင်း၊ ခူကောင်များ၊ စိန်ကွက်ဖလံ၊ ပိုးနဂါး၊ ငမြှောင်တောင်၊ ရွက်ဖြတ်ပိုးများ၊ အကြေးပိုး၊ ယင်ဖြူ၊ ခရုပက်ကျိများ။
ပထမဦးစွာ တစ်လီတာဆန့်တဲ့ ရေသန့်ပုလင်းထဲကို အုန်းဆီ ဟင်းစားဇွန်းတစ်ဇွန်း(၁၀) စီစီထည့်ပြီး KOH ဟင်းစားဇွန်းတစ်ဇွန်း (၁၀) စီစီထည့်ကာ ၎င်းထဲသို့ ရေဖြည့်ပြီး လှုပ်ပေးရပါမယ်။ အသုံးပြုပုံနှင့် ဆေးနှုန်းထားကတော့ ရေတစ်ဂါလံလျှင် ဆေးရည် (၄၀-၅၀) စီစီနှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ဖျန်းပေးပါ။ လိပ်ပြာဖလံ အုပ်စုအတွက် ဆေးရွက်ကြီး (၅) ကျပ်သားခန့် ရေစိမ်၍ ဆေးရည်ထဲသို့ ပေါင်းထည့်ပေးပြီး ပက်ဖျန်းလျှင် ပိုပြီး ထိရောက်ပါတယ်။
လိမ္မော်ရောင်စာတန်းများကိုနိုပ်၍ လေ့လာနိုင်ပါတယ် ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည်
ဆက်စပ်မေးခွန်းများ
မွှားပင့်ကူနီ ကိုဘာဆေးဖျန်းရမလဲဗျ။
ဖြေကြားချက် 5 ခု
ပဲတီစိမ်းမှာ အဲ့ပိုးတွေကျနေလို့ အဲ့ပိုးရဲ့ ID လေးရယ် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းလေးတွေ လမ်းညွန်ပေးကြပါဦး...
ဖြေကြားချက် 3 ခု
ပဲတီစိမ်းနဲ့မတ်ပဲမှာရွက်လိပ် ရွက်ကပ်ပိုး ဝင်နေလို့ အင်မီဒါကလိုပရစ်ရယ် ပရိုဖီနိုဖော့ ရယ်တွဲဖျန်းထားတယ် အင်မီဒါက...
ဖြေကြားချက် 1 ခု
ဘာပိုးလဲဗျ ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲဗျ
ဖြေကြားချက် 10 ခု
အဲ့ အသီးအပွင့်တွေကို ပိုးမွှားတွေ မဖျက်ဆီးနိုင်အောင် ဘယ်လိုဆေးတွေ ကြိုတင် ဖြန်းထားရင် အဆင်ပြေမလဲ ဖြေပေးပါအုံး...
ဖြေကြားချက် 1 ခု