ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည်

12/01/2018 10:27 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     ဆေးရွက်ကြီးကို ပိုးသတ်ဆေးအဖြစ် အသုံးပြုရာတွင် နီကိုတင်းများများပါသော (ဥပမာ - ဗာဂျီးနီး ယား ဆေးရွက်ကြီး) အမျိုးအစားကို အသုံးပြုရသည်။ အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ - အရွက်၊ အရိုး၊ ရွက်ကြော

အာနိသင်ထိရောက်ပုံ
     ပိုးသေ၊ တွန်းလှန်၊ မှိုသတ်၊ မွှားသတ်၊ ထိသေ၊ စားသေ၊ ရှူသေ(အသက်ရှူလမ်းကြောင်း အဆိပ်သင့်)

နှိမ်နှင်းနိုင်သည့် ပိုးမွှားရောဂါများ

ဖျက်ပိုးများ
(၁) ပျပိုးများ
(၂) ဂေါ်ဖီထုပ်ထိုးပိုး
(၃) ခူကောင်များ
(၄) လှေးကျိုင်းများ
(၅) ရွက်ထွင်းပိုးများ
(၆) မွှားများ
(၇) ပင်စည်ထိုးပိုးများ
(၈) သရစ်ပိုးများ

ရောဂါများ
(၁) ပဲ၊ ဂျုံ၊ နနွင်းရောဂါ
(၂) အာလူး မှိုရောဂါ
(၃) ဗိုင်းရပ်စ် ရွက်တွန့်ရောဂါ

လူတို့အပေါ်အန္တရာယ် သက်ရောက်မှု
      နီကိုတင်း အာနိသင်ပြင်းထန်းသဖြင့် လူ၊ တိရိစ္ဆာန်တို့ ခန္ဓာကိုယ်များနှင့် မထိမိစေရန် မစားမိစေရန် ဆေးဖျန်းစဉ်တွင် လိုအပ်သော ကာကွယ်မှုများပြုလုပ်ရန် လိုအပ်သည်။ သွေးနွေးသတ္တဝါများ အဆိပ် သင့်စေသဖြင့် စိုက်ခင်းများတွင် ဆေးရွက်ကြီး ပိုးသတ်ဆေးဖြန်းပြီး (၃ - ၄) ရက်ကြာပြီးမှသာ စားသင့် သည်။ ဆေးရည်ပက်ဖြန်းချိန်တွင် အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်နှင့် အထက်တွင် အာနိသင် သက် ရောက်မှုရှိသည်။

ပြင်ဆင်အသုံးပြုနည်း
     (က) ဆေးရွက်ကြီး စစ်ကျရည် - စင်းထားသော ဆေးရွက်ကြီး(၆၀) ကျပ်သားကို ရေ(၃) ဂါလံတွင် ပါး ပါးလှီးထားသော ဆပ်ပြာစအနည်းငယ်ရောစပ်ပြီး တစ်ရက်စိမ်ထားပါ။ နောက်နေ့တွင် စစ်ချပြီး ချက် ခြင်းအသုံးပြုပါ။ အသုံးပြုပြီးလျှင် ပစ္စည်းကိရိယာများကို ချက်ခြင်းဆေးကြော သန့်စင်ရမည်။

     (ခ) ဆေးရွက်ကြီး ပြုတ်ရည် - ခူကောင်များ၊ ကျိုင်းကောင်များ၊ ပင်စည်ထိုးပိုးများ၊ ရွက်ထွင်းပိုး၊ ပျပိုး နှင့်သရစ်ပိုးများ ကာကွယ်နှိမ်နှင်းရာတွင်လည်းကောင်း၊ ဘဝဖြစ်စဉ်အချို့တစ်ဝက် မြေထဲတွင်နေထိုင် သော ဖြတ်ပိုးကဲ့သို့သောအကောင်များ ကာကွယ် နှိမ်နှင်းရာတွင်လည်းကောင်း အသုံးပြုသည်။

     ဆေးရွက်ကြီး (၁၅) ကျပ်သား၊ ဆပ်ပြာရည် (၁.၈၀) ကျပ်သားနှင့် ရေ (၅) ပုလင်း တို့ကိုရောစပ်ပြီး အနည်းငယ် ဆူသည်အထိ မိနစ်(၃၀) ခန့်အပူပေးပါ။ ထို့နောက် အအေးခံပြီးစစ်ချပါက ဆေးရွက်ကြီး ပြုတ်ရည်ကို ရရှိမည်။ ထိုရရှိလာသော ပြုတ်ရည်တစ်ဆလျှင် ရေ (၄) ဆနှုန်း ရောစပ်ပက်ဖြန်းပါ။ မဖောက်ထုံး အနည်းငယ်ရောစပ် ပက်ဖြန်းပေးပါက ပိုးသတ်နိုင်စွမ်း ပိုမိုထက်မြက်ပါသည်။

     နောက်တစ်နည်းမှာ ဆူပွက်လာသော ရေနွေး(၅)ပုလင်း၊ ဆေးရွက်ကြီး အရွက် (၃၀) ကျပ်သား၊ မဖောက်ထုံး ဟင်းစားဇွန်း (၂.၅) ဇွန်း၊ ရှားစောင်းအရည် ဟင်းစားဇွန်း (၁.၅) ဇွန်း ရောစပ် ပက်ဖြန်း ခြင်းဖြင့် ပျပိုးနှင့်အာလူးတွင် ကျရောက်တတ်သော မှိုရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်းနှင်း နိုင်သည်။ နီကိုတင်း (၀.၀၁) ရာခိုင်နှုန်းပါအောင် ဖျော်စပ်ထားသော ဆေးရွက်ကြီး ဖျော်စပ်ရည်သည် သီးနှံပင် နနွင်းရောဂါအတွက် ထိရောက်စွာ ကာကွယ်နှိမ်နှင်းနိုင်သည်။

     (ဂ) ဆေးရွက်ကြီးမှုန့် - ငရုတ်ပျိုးခင်းတွင် သရစ်ပိုးများမှတဆင့် သယ်ဆောင်ပြန့်ပွားစေသည့် ရွက်တွန့် ဗိုင်းရပ်စ်ပိုး ကာကွယ်ရန်အတွက် ပျိုးပင်ငယ်များ စိုက်ခင်းသို့ ပြောင်းရွေ့မစိုက်ပျိုးမီ ဆေးရွက်ကြီး အမှုန့် ဖြင့် ကြိုတင်ပက်ဖြန်းပေးနိုင်ပါသည်။

(ဃ) ဆေးရွက်ကြီး ရိုးတံများကို စပါးစိုက်ခင်းများတွင် နှစ်စိမ်ပေးခြင်း - စပါးစိုက်ခင်း တစ်ဧကလျှင် ဆေးရိုး (၁ - ၂) ပိဿာနှုန်းဖြင့် ရေအနက် (၂) လက်မခန့်တွင် စပါးမရိတ်သိမ်းမီ (၂) ပတ်အလိုအထိ နှစ်စိမ်ပေးခြင်းဖြင့် စပါးပင်စည်ထိုးပိုး ကျရောက်ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်သည်။

မောင်ဌေးအန့်စာအုပ်များမှ ကောင်းမြတ်(ရေဆင်း) စုစည်းထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်