ကွမ်းကအရွက်တွေတွန့်နေလို့ပါ ဘယ်လိုလုပ်ရမလဲခင်ဗျ ဘာဆေးသုံးရင်အဆင်ပြေမလဲ ခင်ဗျ
ငါးအမိုင်နို သုံးကြည့်ပေးပါခင်ဗျာ။ အရွက်တွန့်တာက အာဟာရကြောင့်ပါ။ ပြီးတော့ ရေပေးတာ မညီညာတာကြောင့်ပါ။ ငါးအမိုင်နို ဖြန်းတာက အရွက်ကိုအားပေးပါတယ်ခင်ဗျာ။
အရွက်အောက်မှာ ပျကောင်တွေရှိရင်လည်း အရွက်တွန့်နိုင်သလို....လေများရင်လည်း ဖြစ်နိုင်ပါတယ်
ငါးအမိုင်နို အက်စစ်သည် အပင် အတွက် လိုအပ်သော ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု အားပေးသောဓာတ်ကို အဓိက ပေးစွမ်းစေပါတယ်။ ပြုလုပ်ရန် အတွက် လိုအပ်သော ပစ္စည်းများမှာ…. · ငါးရိုး၊ ငါးခေါင်း၊ အူနှင့် အကြေးခွံ့(အရေခွံ့)၊ ငါးစွန့်ပစ်ပစ္စည်း (အညစ်အကြေး၊ ကလီစာ) · သကြားကြမ်း/ ထန်းလျက်/ ကြံသကာ · စဉ့်အိုး (သို့) ပလပ်စတစ်အိုး · စက္ကူစ၊ ကြိုးစ အချိုးအစားမှာ ငါးစွန့်ပစ် ပစ္စည်းများကို အလေးချိန် ဆတူရှိသော သကြားကြမ်းနှင့် ရောပါ။ ပြုလုပ်ပုံ အဆင့်ဆင့် ၁။ ဦးစွာ ပထမ ငါးအရိုးနှင့် ခေါင်း၊ ဝမ်းတွင်းသား၊ အရိအချွဲများ စသည်တို့ကို စဉ်းတီတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲ ထည့်ပါ။ ၂။ ငါး၏ စွန့်ပစ်ပစ္စည်းများနှင့် အလေးချိန် ဆတူရှိသော သကြားကြမ်း (ထန်းလျက်၊ ကြံသကာ၊ သကာရည် အဆင်ပြေရာ သုံးနိုင်ပါတယ်)နှင့် ရောမွှေကာ စဉ့်အိုး (သို့) ပလပ်စတစ်အိုးတွင် ထည့်ကာ စက္ကူစဖြင့် ဖုံးအုပ်ပြီး ကြိုးစဖြင့် ချည်နှောင်ပါ။ မြန်မြန် အချဉ်ဖောက်ချင်လျှင် သကြား သို့မဟုတ် ထန်းလျက် ပိုထည့်ရမည်။ ၃။ ထို့နောက် အိုးထိပ်ဝကို ပလပ်စတစ် အိတ်မဲဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့် ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူ မနီးသောနေရာတွင် ထားပါ။ ၂ ပတ်ကျော်လျှင် အချဉ်ဖောက်နံ့ကောင်းစွာ ထွက်ပါက အဆင်သင့် ဖြစ်ပါပြီ။ (သတိပြုရမည့် အချက်မှာ စဉ့်အိုးအတွင်း ထည့်လျှင် စဉ့်အိုး၏ သုံးပုံတစ်ပုံ (သို့မဟုတ်) တဝက် လေဟာနယ် ဖြစ်နေပါစေ။ သို့မဟုတ်ပါက လျှံကျတတ်တယ်။ အိုးကို ၂ရက် ၃ရက်တခါ ဖွင့်၍ တုတ်သန့်သန့်ဖြင့် မွှေပေးပါက အချဉ်ဖောက်ခြင်းကို ပို၍ကောင်းစေတယ်။ လျှံကျခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။) ၃။ နွေရာသီ ပူပြင်းချိန်များတွင် မြန်မြန် အချဉ်ဖောက်လွယ်ပြီး လျှံကျတတ်ပါတယ်။ အဲ့ဒီအခါကျ စဉ့်အိုးရဲ့ တဝက် သာသာပဲ ထည့်သင့်ပါတယ်။ နို့မို့ဆို လျှံကျတတ်ပါတယ်။ ဆောင်းတွင်းအေးတဲ့ အချိန်များမှာတော့ အချဉ်ဖောက်နှုန်းက ပုံမှန်ထက်ကြာလို့ ရက်ကြာကြာ ထားသင့်ပါတယ်။ ၄။ ထားနိုင်လျှင် ၄ပတ်မှ ၆ပတ်အထိ ထားပါက ပိုမိုကောင်းမွန်သော ရလဒ် ရရှိပါမယ်။ ပိတ်စပါးဖြင့် စစ်ယူပြီး ဆေးရည်ကို အိုးအသန့် သို့မဟုတ် ရေသန့် ပုလင်းဖြင့် ထည့်ကာ သိမ်းထားနိုင်သည်။ ဖန်ပုလင်း ထည့်ရာတွင် အပြည့်မထည့်ဘဲ အပေါ်ပိုင်း ၅ပုံ၁ပုံ သို့မဟုတ် ၄ပုံ၁ပုံခန့် လေဟာနယ် အလွတ်ထားပါ။(စိုက်ပျိုးရေးဆိုင်တွေမာလည်းအလွယ်ဝယ်နိုင်ပါတယ်ခင်ဗျာ။
ငါးအမိုင်နို ပုံလေးပြပေးပါလား ဗျ ပြီးတော့ စုပ်စားပိုး ကရောဘယ်လိုဟာမျိုးလဲ ခင်ဗျ
စုပ်စားပိုးရှိမရှိစစ်ပေးပါ မရှိပါက အလင်းများလို့ဟုယူဆပါသည်။
ဆက်စပ်မေးခွန်းများ
ကွမ်းပင်မှာလိုအလိုအဖြူလေတွေကျနေတာလဲဘာဖြစ်နေတာဆိုကိုကောပြောပြပါနော်
ဖြေကြားချက် 3 ခု
ရန်ကုန် ကွမ်း စျေးဘယ်လောက်လဲ ဗျ
ဖြေကြားချက် 1 ခု
ပိုးကျနေလို့ဘယ်လိုကာကွယ်ရမလဲဗျ
ဖြေကြားချက် 8 ခု
ကွမ်းကဘာဖြစ်တာလဲဗျ ဘယ်လိုကုရမလဲ ဘာဆေးသုံးရင်အဆင်ပြေမလဲ ဆရာသမားတို့ ဖြေပေးစေချင်ပါတယ်
ဖြေကြားချက် 2 ခု
ကွမ်းရွက်တေ အောက်ပါပုံအတိုင်း အရွက်တေတွန့်ပီး ကုပ်နေပါတယ် ဘယ်လိုအကြောင်းကြောင့်ဖြစ်ရတာနဲ့ ဘာတေလုပ်သင့်ပါသလဲ...
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။