ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA)

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       ငါးအမိုင်နို အက်စစ်သည် အပင် အတွက် လိုအပ်သော ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု အားပေးသောဓာတ်ကို အဓိက ပေးစွမ်းစေပါတယ်။ ပြုလုပ်ရန် အတွက် လိုအပ်သော ပစ္စည်းများမှာ….

·         ငါးရိုး၊ ငါးခေါင်း၊ အူနှင့် အကြေးခွံ့(အရေခွံ့)၊ ငါးစွန့်ပစ်ပစ္စည်း (အညစ်အကြေး၊ ကလီစာ)

·         သကြားကြမ်း/ ထန်းလျက်/ ကြံသကာ

·         စဉ့်အိုး (သို့) ပလပ်စတစ်အိုး

·         စက္ကူစ၊ ကြိုးစ

      အချိုးအစားမှာ ငါးစွန့်ပစ် ပစ္စည်းများကို အလေးချိန် ဆတူရှိသော သကြားကြမ်းနှင့် ရောပါ။

ပြုလုပ်ပုံ အဆင့်ဆင့်

      ၁။ ဦးစွာ ပထမ ငါးအရိုးနှင့် ခေါင်း၊ ဝမ်းတွင်းသား၊ အရိအချွဲများ စသည်တို့ကို စဉ်းတီတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲ ထည့်ပါ။

      ၂။ ငါး၏ စွန့်ပစ်ပစ္စည်းများနှင့် အလေးချိန် ဆတူရှိသော သကြားကြမ်း (ထန်းလျက်၊ ကြံသကာ၊ သကာရည် အဆင်ပြေရာ သုံးနိုင်ပါတယ်)နှင့် ရောမွှေကာ စဉ့်အိုး (သို့) ပလပ်စတစ်အိုးတွင် ထည့်ကာ စက္ကူစဖြင့် ဖုံးအုပ်ပြီး ကြိုးစဖြင့် ချည်နှောင်ပါ။ မြန်မြန် အချဉ်ဖောက်ချင်လျှင် သကြား သို့မဟုတ် ထန်းလျက် ပိုထည့်ရမည်။

      ၃။ ထို့နောက် အိုးထိပ်ဝကို ပလပ်စတစ် အိတ်မဲဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့် ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူ မနီးသောနေရာတွင် ထားပါ။ ၂ ပတ်ကျော်လျှင် အချဉ်ဖောက်နံ့ကောင်းစွာ ထွက်ပါက အဆင်သင့် ဖြစ်ပါပြီ။

      (သတိပြုရမည့် အချက်မှာ စဉ့်အိုးအတွင်း ထည့်လျှင် စဉ့်အိုး၏ သုံးပုံတစ်ပုံ (သို့မဟုတ်) တဝက် လေဟာနယ် ဖြစ်နေပါစေ။ သို့မဟုတ်ပါက လျှံကျတတ်တယ်။ အိုးကို ၂ရက် ၃ရက်တခါ ဖွင့်၍ တုတ်သန့်သန့်ဖြင့် မွှေပေးပါက အချဉ်ဖောက်ခြင်းကို ပို၍ကောင်းစေတယ်။ လျှံကျခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။)

      ၃။ နွေရာသီ ပူပြင်းချိန်များတွင် မြန်မြန် အချဉ်ဖောက်လွယ်ပြီး လျှံကျတတ်ပါတယ်။ အဲ့ဒီအခါကျ စဉ့်အိုးရဲ့ တဝက် သာသာပဲ ထည့်သင့်ပါတယ်။ နို့မို့ဆို လျှံကျတတ်ပါတယ်။ ဆောင်းတွင်းအေးတဲ့ အချိန်များမှာတော့ အချဉ်ဖောက်နှုန်းက ပုံမှန်ထက်ကြာလို့ ရက်ကြာကြာ ထားသင့်ပါတယ်။

      ၄။ ထားနိုင်လျှင် ၄ပတ်မှ ၆ပတ်အထိ ထားပါက ပိုမိုကောင်းမွန်သော ရလဒ် ရရှိပါမယ်။ ပိတ်စပါးဖြင့် စစ်ယူပြီး ဆေးရည်ကို အိုးအသန့် သို့မဟုတ် ရေသန့် ပုလင်းဖြင့် ထည့်ကာ သိမ်းထားနိုင်သည်။ ဖန်ပုလင်း ထည့်ရာတွင် အပြည့်မထည့်ဘဲ အပေါ်ပိုင်း ၅ပုံ၁ပုံ သို့မဟုတ် ၄ပုံ၁ပုံခန့် လေဟာနယ် အလွတ်ထားပါ။

အသုံးဝင်ပုံ

·   အပင်များအား ဖျန်းသည့်အခါ ၎င်းသက်သက် ဖျန်းလျှင် ရေအဆ ၃၀၀မှ ၅၀၀ ရောဖျန်းနိုင်ပါတယ်။ ရေ ၄ ဂါလံပုံးတွင် ၄၀ စီစီမှ ၆၀ စီစီ (လက်ဖက်ရည်ကြမ်း တစ်ပန်းကန်ခန့်)အထိ ရောစပ် ဖျန်းနိုင်သည်။

·    အပင်ငယ် ပျိုးပင်များကို ၃၀ စီစီခန့်သာ ရောစပ်ပါ။ အပင်ကြီးများကို အရွက်ရော အပင်ခြေတဝိုက် မြေများကိုပါ ဖျန်းနိုင်ပါတယ်။

·      မြေဆွေး ပြုလုပ်ရာတွင်လည်း တင်း ၂၀ မှ ၃၀ မြေဆွေးပုံတွင် ငါးအမိုင်နို ၁လီတာမှ ၁ဂါလံအထိ အဆင်ပြေသလို ရောစပ်နိုင်ပါတယ်။

 Wai Aung Chan Myo


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်