အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,399
လွန်ခဲ့သော ၄ နှစ် က · ဇလွန်

ကွမ်းအတွက်အသုံးပြုလို့ရမည့်အရွက်ကြီးအရွက်ပြန့်အားဆေးလုပ်နည်းလေးတေသိချင်ပါတယ် နောက်ပီးကြက်ဉဂျူလင်စီလည်းသုံးလို့...

ကွမ်းအတွက်အသုံးပြုလို့ရမည့်အရွက်ကြီးအရွက်ပြန့်အားဆေးလုပ်နည်းလေးတေသိချင်ပါတယ် နောက်ပီးကြက်ဉဂျူလင်စီလည်းသုံးလို့ရလားသိချင်ပါတယ်ဆရာတို့

အပင်အာဟာရ ကွမ်း
5

ဖြေကြားချက် ၅ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ငါးအမိုင်နိုအက်ဆစ်ပြုလုပ်သုံးစွဲကြည့်ပါခင်ဗျာ။သူကအဓိက အရွက်ကိုအားပေးပါတယ်။ ဒါ့ကြောင့် ကွမ်းအတွက်သင့်တော်တဲ့အားဆေးဖြစ်ပါတယ်။ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ ကိုပါဗဟုသုတအနေနဲ့ဖတ်ကြည့်လိုက်ပါခင်ဗျာ။ အဆင်ပြေပါစေ။

260,000 လွန်ခဲ့သော ၄ နှစ် က

ရပါတယ်ခင်ဗျာ။ ငါးသေးငါးမွားလေးတွေဆို ပိုကောင်းပါတယ်ခင်ဗျာ။ (ငါးပေါတဲ့ဒေသတွေမာ ငါးပိစိလေးတွေ ငါးဖျင်းဆလပ်လေးတွေ လွတ်ပစ်တဲ့ ငါးလေးတွေက ငါးခေါင်း၊ ငါးအူတွေထက်ပိုကောင်းပါတယ်ခင်ဗျာ။) အဆင်ပြေပါစေ။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

သဘာဝအားဆေးတွေဖြစ်တဲ့ ငါးအမိုင်နို ကြက်ဥ ငှက်ပျော ဂျူလင်စီ အီးအမ် အချိုမှုန့် အသီးအချဉ်ဖောက်ရည် မည်သည့်အရာမဆို သုံးနိုင်ပါသည် သို့သော် ကူညီပေးသည့် အဏုဇီဝအမျိုးအစား၊ ပြုလုပ်သည့်နည်းလမ်း နှင့် သုံးသည့်ပစ္စည်းများအပေါ်မူတည်၍ အာဏိသင်ကွာပါမည်။ လုပ်နည်းများကတော့ facebook စာမျက်နှာများ စိုက်ပျိုးရေး အဖွဲ့များ နှင့် အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်တွင်ရှာဖွေနိုင်ပါသည်။

1,399 လွန်ခဲ့သော ၄ နှစ် က

ငါးကဘာငါးမဆိုရလားဗြ

260,000 လွန်ခဲ့သော ၄ နှစ် က

ကြက်ဉဂျူလင်စီလည်းသုံးလို့ရပါတယ်ခင်ဗျာ။ ဒါပေမဲ့ ကွမ်းအတွက်ဆို ငါးအမိုင်နိုအက်ဆစ်ကပိုကောင်းပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။