အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၄ နှစ် က · ကြို့ပင်ကောက်

စပါးအခြောက်ကြဲခင်းနဲ့အစိုကြဲခင်းက ဘယ်ဟာပိုကောင်းလဲဗျ ပေါင်းမြက်နှိမ်နှင်းရာမှာရော အထွက်နူန်းရောကွာလားဗျ မျိုး...

စပါးအခြောက်ကြဲခင်းနဲ့အစိုကြဲခင်းက ဘယ်ဟာပိုကောင်းလဲဗျ ပေါင်းမြက်နှိမ်နှင်းရာမှာရော အထွက်နူန်းရောကွာလားဗျ မျိုးစေ့နူန်းထားအနေနဲ့လဲသိချင်ပါတယ် ဆင်းသုခစပါးပါ

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

စပါးအစို တိုက်ရိုက်ကြဲတာအ​ခြောက်ခင်းထက်.ပေါင်း​ပေါက်သက်သာပါတယ်မျိုး​စေ့နုန်းထားက​တော့..အများအားဖြင့် ၂တင်းနုန်းကြဲကြတယ်။ အထူကြဲစနစ်က.ပေါင်းသက်သာပြီး၊အပင်ဦး​ရေ များများယူဖို့ပါတဲ့။အထွက်နုန်းက​တော့၊ပေါင်းနှိမ်နင်း​ရေးနှင်မြေ သြဇာထက်သန်မှုအ​ပေါ် မူတည်ပါတယ်။ပိုးမွှား​ရောဂါကျ​ရောက်မှု ကိုလည်အထူးအ​လေး​ပေးဖို့လိုအပ်ပါတယ်ခင်ဗျ။

116 လွန်ခဲ့သော ၄ နှစ် က

အစိုကြဲခင်က ပိုကောင်းပါတယ် သက်တမ်းတိုး စပါး တွေကတော့ အစိုကြဲခင်း စနစ်နဲပိုပီးသင့်တော်ပါတယ် အခြောက်ကြဲခင်းကိုတော့ ရာသီ စပါး သက်ကြီးစပါးတွေမှာပဲသုံးကြပါတယ် မိုးခေါင်းရေရှာဒေသတွေမှာ အသုံးပြုကြပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

စပါးက ချင်ငန်ကိန်း 4.5ကနေ 8.5 ထိ ဖြစ်ထွန်းနိုင်ပြီးအကောင်းဆုံးမာ 5.5 ကနေ 7.5 အတွင်းဖြစ်ပြီး မတ်ပဲက 5ကနေ 6.5 အတွင်းဖြစ်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ပေါင်းမြက်မနှိမ်တာနဲ့ နှိမ်တာသည် အထွက် ၂၀ ကနေ ၇၀% အထိ့ ကွာပါသည်။ မှတ်ချက် ရှိရင်းစွဲ ပန်းတိုင်အထွက်ထက် ကျခြင်း ဖြစ်ပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

အစိုကြဲက ပိုကောင်းပါတယ်ခင်ဗျာ။ အခြောက်ကြဲကို ရေမပေါတဲ့ ဒေသတွေမာ အခြာက်ကြဲခြင်း၊ အခြောက်အစိချခြင်းများပြုလုပ်ကြပါတယ်ခင်ဗျာ။ စပါးစိုက်ပြီး ၁၅ရက်မ ၄၅ရက်အတွင်းပေါင်းမြက်ကင်းပါက အထွက် ၂၀% ကနေ ၃၀% လောက်ထိ အထွက်တိုးပါလိမ့်မည်။

You

ဆက်စပ်မေးခွန်းများ

ကမာကြည် ကောက်စော မျိုးကိုအထွက်ပိုအောင် မွန်ပြည်နယ် သောင်နုမြေ တွေမှာ ဘယ်စနစ်နဲ့ ဘယ်လို အချိန်မှာစိုက်ပျိုးပြု...

ဖြေကြားချက် 1 ခု

စပါးနဲ့ ပဲမျိုးစုံကို သဘာဝမြေသြဇာတမျိုးတည်းနဲ့ စိုက်ပျိုးလို့ရပါသလား။ ဘာကြောင့်လဲ သိပါရစေ ခင်ဗျာ။

ဖြေကြားချက် 3 ခု

အောက်မြန်မာပြည် မွန်ပြည်နယ် သထုံဘက်မှာ လယ်ယာလုပ်ငန်းတွင် မိုးစပါး ရာသီစပါးကို တစ်ဧက တင်း ၅၀ နူန်းထွက်အောင်ဘယ်...

ဖြေကြားချက် 2 ခု

ရက် ၉၀ စပါးကို နွေစပါးအဖြစ် စိုက်ပျိုးမယ်ဆိုရင် ဘယ်အချိန်မှာ စပြီး စိုက်ပျိုးသင့်ပါသလဲ။ ဘယ်အချိန်မှာ ရိတ်သိမ်း...

ဖြေကြားချက် 3 ခု

တခုလောကျ မေးပါရ စေ နှေစပါးကိုတိုကျရိုကျ ကွဲပကျ ပြီး၁၅သားမှာေရသွင်းအစာ ေကြွးကြရပါတယ်တခုေမးချင်တာကစပါးကြဲပက်ပြီး...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။