အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၄ နှစ် က · ကျိုက်လတ်

တခုလောကျ မေးပါရ စေ နှေစပါးကိုတိုကျရိုကျ ကွဲပကျ ပြီး၁၅သားမှာေရသွင်းအစာ ေကြွးကြရပါတယ်တခုေမးချင်တာကစပါးကြဲပက်ပြီး...

တခုလောကျ မေးပါရ စေ နှေစပါးကိုတိုကျရိုကျ ကွဲပကျ ပြီး၁၅သားမှာေရသွင်းအစာ ေကြွးကြရပါတယ်တခုေမးချင်တာကစပါးကြဲပက်ပြီးအ ေခြာက်ခံထားရတဲ့တမန်းပြင်ကိုေရသွင်းပြီးေမြသြဇာမ ေကြွးခင်တမန်းတခါေလာက်နိှုးပြီးမါ့ေမြသြဇာ ေကြွးရင်ပိုပြီးစပါးပင်ကြီးထွားမှုဖြစ်ထွန်းနိုင်မလားဒါမါ့မဟုက်ဆိုးကြိုးများရှိမလားသိပါရ ေစ

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း
3

ဖြေကြားချက် ၃ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

မေးခွန်းမာတော့ မပါပါခင်ဗျာ။ ဒါပေမဲ့ တစ်ခုအကြံပေးချင်တာက ပုလဲကျွေးတဲ့အခါ နွားချေးနဲ့ တစ်ညနပ်ပြီးကျွးခြင်း နည်းပညာကိုလည်း လိုက်နာပေးပါခင်ဗျာ။ ရိုးရိုးကြဲတာထက် စပါး အထွက် သိသိသာသာကောင်းစေပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ကောင်းပါတယ်ခင်ဗျာ။ စပါးပင်အတွက် အစာအဟာရ ထည့်မည်ဆိုရင် ပေါင်းမြက်ကင်းစင်မ မိမိကျွေးလိုက်သော အာဟာရက စပါးပင်စားသုံးနိုင်ပါမည်။ ပေါင်းမြက် သည် စပါးအတွက် ထည့်ပေးသော မြေသြဇာကို စားသုံးရင်း အထွက်နုန်း ၂၀% ကနေ ၇၀% ထိတောင် ကျဆင်းနိုင်ပါတယ်ခင်ဗျာ။ နောက်ပြီးတမန်းနိုးလိုက်တဲ့ အတွက် စပါးအမြစ်သစ်ထွက်ကာ အမြစ်ကနေ အစာချက်လုပ်မူ့ ကောင်းချိန်ကို မြေသြဇာကျွေးခြင်းက အရမ်းကောင်းပါတယ်။ ဒါ့ကြောင့်မိတ်ဆွေ ပြောတဲ့အတိုင်း တမန်းနိုးပြီးမ မြေသြဇာကျွေးတာ ကောင်းပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

အလွန် သဘာဝကျတဲ့လုပ်​ဆောင်မှုလို့မြင်ပါတယ်။ ရေဖြတ်လိုက်ရင်၊တမန်းအိပ်(တင်းကြပ်)ပါတယ်။ တမန်းအိပ်ရင်၊စပါးမြစ်အောက်ဆီဂျင်ငတ်ပါတယ်။ စပါးပငဝါမယ်၊ပုမယ်။အဖျား​ခြောက်မယ်။တမန်းနိုး​ပေးမှအောက်ဆီဂျင်ရပြအမြစ်​လေး​တွေ အသက်ရှူနိုင်တယ်။အစာစားနိုင်ပါမယ်။ စားနိုင်မှ၊ကျွေး ရကျိုးနပ်ပါမယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရက် ၉၀ စပါးကို နွေစပါးအဖြစ် စိုက်ပျိုးမယ်ဆိုရင် ဘယ်အချိန်မှာ စပြီး စိုက်ပျိုးသင့်ပါသလဲ။ ဘယ်အချိန်မှာ ရိတ်သိမ်း...

ဖြေကြားချက် 3 ခု

စပါးအခြောက်ကြဲခင်းနဲ့အစိုကြဲခင်းက ဘယ်ဟာပိုကောင်းလဲဗျ ပေါင်းမြက်နှိမ်နှင်းရာမှာရော အထွက်နူန်းရောကွာလားဗျ မျိုး...

ဖြေကြားချက် 5 ခု

ကမာကြည် ကောက်စော မျိုးကိုအထွက်ပိုအောင် မွန်ပြည်နယ် သောင်နုမြေ တွေမှာ ဘယ်စနစ်နဲ့ ဘယ်လို အချိန်မှာစိုက်ပျိုးပြု...

ဖြေကြားချက် 1 ခု

အစိုသမန်းပြင် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်းနည်းသိချင်ပါတယ်ခင်ဗျာ

ဖြေကြားချက် 2 ခု

သစ်စိမ်းမြေဩဇာအတွက်ပိုက်ဆံရှော်စိုက်ထာတာ45ရက်သားမာမောင်းသတ်ထားတာ2ရက်ရှိပီးစပါးကျဲလိုရပီလားဗျအစိမ်းရောင်လမ်းကပ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။