အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,756
လွန်ခဲ့သော ၄ နှစ် က · ကျုံပျော်

အခု့အချိန် သစ်စိမ်းထိုးမယ်ဆိုက မိုးစပါးမစိုက်ခင် အဆင်ပြေနိုင်လားခင်ဗျာ။ သစ်စိမ်းမြေသြဇာအဖြစ် ညံပင်ထိုးခြင်ပါ...

အခု့အချိန် သစ်စိမ်းထိုးမယ်ဆိုက မိုးစပါးမစိုက်ခင် အဆင်ပြေနိုင်လားခင်ဗျာ။ သစ်စိမ်းမြေသြဇာအဖြစ် ညံပင်ထိုးခြင်ပါတယ် ၊ သို့ပေမဲ့ ညံပင်မျိုးဘယ်လိုရှာရမလည်း အခက်ဖစ်နေပါတယ် အခု့အချ်ိန်က ညံပင်တွေမရှီတော့လို့ပါ ညံပင်မျိုးစေ့ ရောင်းတဲ့နေရာလည်းမသိပါ။ ဆရာများအကြံပေးကြပါအူးခင်ဗျာ။ ညံပင်မရလျှင် တစ်ခြား မည်သည့်အပင်မျိုးထည့်ရမလည်းခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဖြေကြားချက် ၄ ခု

3,756 လွန်ခဲ့သော ၄ နှစ် က

ဟု့ကဲ့ အခု့လိုဖြေကြားပေးတဲ့ ဆရာများကို ကျေးဇူးအထူးတင်မိပါတယ်ခင်ဗျာ😍

260,000 လွန်ခဲ့သော ၄ နှစ် က

ရပါတယ်ခင်ဗျာ။ သစ်စိမ်းမြေသြဇာ ထိုးတယ်ဆိုတာ ၄၅ရက်သားထိုးတာအကောင်းဆုံးပါခင်ဗျာ။ ဒိထက် ပိုသတ်တမ်းကြာသွားရင် NPK ပါဝင်မူ နည်းသွားပါတယ်ခင်ဗျာ။ ညံပင်က မျိုးစေ့ကို ကြဲနိုင်သလို ကိုင်းပြတ်ကိုလည်း အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ ပဲမျိုးဝင်အပင်အားလုံးအသုံးပြုနိုင်သလို ပိုက်ဆံလျော်အကောင်းဆုံးပါ။ ပိုက်ဆံလျော် ၄၅ ရက်သားထိုးရင် NPK 86.11.48 ရနိုင်ပြီး ၆၅ ရက်သားထိုးရင် NPK 62.8.19 ရနိုင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ညံပင် မရနိုင်ရင်လဲ၊အခြားပဲမျိုးရင်းဝင် သီးနှံတမျိုးမျိုး သုံးနိုင်ပါတယ်။ ဥပမာ, ပဲလွန်းဖြူ၊ပဲယင်း၊ပဲတီစိမ်း..စသဖြင့်..ပြုလုပ်သင့်ပါတယ်၊သစ်စိမ်း​မြေသြဇာ ပြုလုပ်ဖို့ သီးနှံ သက်တမ်း ပျမ်းမျှ ၅၀-ရက်သား(၂လအတွင်းထယ်​မှောက်မှာမို့၊ယခုအချိနအ​နေ​တော်ပါဘဲဗျ။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ကုက္ကိုလ်ရွက်ထည့်ရင်ရပါတယ် သို့မဟုတ် စိုက်ပြီးအပင်ပေါက်ကိုထွန်ချင်ရင် ပဲ မျိုးရင်းတစ်ခုခုဆိုရပါတယ် အကောင်းဆုံးတွေက အယ်ဖယ်ဖာ (မြင်းစားပဲ) ပဲလွန်း ပဲတီစိမ်း ပတ်ဆံလျှော်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

C:N အချိုးကိုသိခြင်ပါတယ်ခင်ဗျာ ဆရာများ နားလည်သဘောပေါက်လွယ်အောင်ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်

ဖြေကြားချက် 3 ခု

ငှက်ပျော်သီး တစ်ပိသာ သဘော်သီး တစ်ပိသာ ရွှေဖရုံသီးတစ်ပိသာ ထန်းလျှက် နစ်ပိသာ (အရည်ကျို) ဖွဲနု 50သား ကြက်ဥ 5လံုး...

ဖြေကြားချက် 5 ခု

သီးစုံအချဥ်ဖောက်ရည်နဲ့ နို့အချဥ်ဖောက်ရည်ကို မရောပဲထားရင် ဘယ်အချိန်အထိ အထားခံလဲဗျ...

ဖြေကြားချက် 1 ခု

စပါးပင်အတွက် em နဲ့ fish amino acid ကဘယ်ဟာပိုကောင်းပါသလဲခဗျ။

ဖြေကြားချက် 4 ခု

ကောက်ရိုး​မြေဆွေးပြုလုပ်ရာမှ အသုံးပြုမဲ့နေရာက အရိပ်ရတဲ့နေရာရှိမှ လုပ်လိုရတာလားဗျာ့ အရိပ်မရှိတဲ့နေရာမှာ ပြုလုပ်...

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။