ကွမ်းဝါနေလို့ စိမ်းအောင်လုပ်လို့ရလား ခင်ဗျ
ရာသီဥတုကြောင့် များလား
ဘယ်လိုပုံစံမျိုးစိုက်ထားလို့လဲဖဲဗျ
ဟုတ်ကဲ့ ပြန်ဖြေတာ နောက်ကျသွားရင် တောင်းပန်ပါတယ်ခင်ဗျာ။ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) အကြောင်းပါခင်ဗျာ။ ဗဟုသုတအနေနဲ့ ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ ကိုလည်း ဖတ်စေချင်ပါခင်ဗျာ။ အဆင်ပြေပါစေ။
ငါးအမိုင်နို ကဘယ်လိုလုပ်ရတာလဲခင်ဗျ
ပုံစံကြည့်ရတာ အာဟာရချိ့တဲ့တာကြောင့်ပါခင်ဗျာ။
အပင်အားကောင်းအောင် ငါးအမိုင်နုကို ၇ရက်တစ်ခါဖြန်းပေးပါခင်ဗျာ။
ဆာလဖာ ချို့တဲ့မှုဖြစ်ရင်လဲဝါပါတယ်။
အီးအမ်နဲ့ အမိုင်နို ကို ၇-၁၀ရက်ခြားဖျန်းပေးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်း အရွက်တွေကဝါထိန်နေလို့ပါ ဘာဆေးသုံးသင့်လဲ ကူညီပါဦး ခင်ဗျာ
ဖြေကြားချက် 1 ခု
မြန်မာနိုင်ငံကြီး ကျိန်စာသင့်နေသလားဗျာ... ရခဲ့တဲ့ ဘွဲ့လက်မှတ်တွေက လစာ ၂သိန်း တောင် မရချင်.. ဟိုသင်တန်းလေး တက်...
ဖြေကြားချက် 6 ခု
ကွမ်းညွန့်ကို ယနေ့ဖြတ်.... ၃ ရက်လောက်ကြာမှ စိုက်မယ်ဆို အပင်ရှင်နိုင်ခြေ ဘယ်လောက်လောက်ရှိမလဲဗျ........ ဥပမာ- ၁၀...
ဖြေကြားချက် 3 ခု
ကွမ်းရွက်တွန့်နေလို့ဘာဆေးသုံးရလဲခင်ဗျ
ဖြေကြားချက် 1 ခု
ကွမ်းခြံ ရိုးမဲ ဆစ်ပြုတ် ရောဂါဖြစ်နေလို့ ဘာဆေးဖြန်းရမလည်းဆရာတို့ရေ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။