အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
21,642
လွန်ခဲ့သော ၄ နှစ် က · မြောင်းမြ

မင်ဂလာပါ လယ်မြေph6ထက်နည်းနေရင် ၁ယူနစ်အတွက် တဧကကို ပျင်းမျှ ထုံးဘယ်လောက်ထည့်ရမလဲပြောကြပါအုံး ဆရာညီကိုတို့ ကျေး...

မင်ဂလာပါ လယ်မြေph6ထက်နည်းနေရင် ၁ယူနစ်အတွက် တဧကကို ပျင်းမျှ ထုံးဘယ်လောက်ထည့်ရမလဲပြောကြပါအုံး ဆရာညီကိုတို့ ကျေးဇူးပါ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ထုံးထက်စာရင် ရေရှည်အတွက် ဩဂဲနစ်ပစ္စည်းများများကိုသုံးသင့်ပါတယ် ဥပမာ မြေဆွေး၊ တိရိစ္ဆာန်အညစ်ကြေးများ ထုံးထည့်ချင်ရင်တော့ တစ်ဧကကို ၅၀ ကီလို ၂ အိပ်အနဲဆုံးထည့်ပေးရပါမယ် ပျမ်းမျှပါ ဒါကလဲ မြေအမျိုးစားပေါ်တော့မူတည်ပါမယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဓာတုမြေသြဇာတွေစျေးကြီးနေလို စပါးကိုရွက်ဖျန်းဆေးတွေနဲသုံးလိုရလားခင်ဗျားရရင်လဲဘယ်လိုရွက်ဖျန်းဆေးတွေသုံးသင့်လဲပညာ...

ဖြေကြားချက် 2 ခု

မြေဆွေးလုပ်တဲ့အခါ Emဖြန်းမဲ့နေရာမှာ ငါးအမိုင်နိုနဲ့ အစားထိုးဖြန်းလို့ရလားဗျ မြေဆွေးဖြစ်မှု အချိန်ကာလာကရော ကွာ...

ဖြေကြားချက် 3 ခု

ကြက်ချေး နွား ချေးတွေကမြေဆွေးလုပ်တဲနေရာမာ CလားN လားဗျ လွှစာ ပဲမှော် ကောက်ရိုး တွေ ကကော C လား N လား ရှင်းပြပေး...

ဖြေကြားချက် 5 ခု

မြေဆွေးပုံတဲ့နေရာမှာ အညိုဆနဲ့ အစိမ်းဆဟာ တစ်ချို့ဆောင်းပါးတွေမှာ အညို ၃၀ဆ အစိမ်း ၁ဆလို့ဖတ်ရပါတယ်... တစ်ချို့...

ဖြေကြားချက် 3 ခု

အလွယ်ကူဆုံး သဘာဝ မြေဩဇာ၊ မြေဆွေး ပြုလုပ်နည်း သိချင်ပါတယ် ဗျ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။