ဖြေကြားချက် ၂ ခု
နွားချေး၊ သစ်ရွက်ခြောက်/ မြက်ခြောက်များ၊ စပါးခွံပြာ၊ ဖွဲနု၊ အီးအမ်၊ သကာရည် တို့ဖြင့် ဖော်စပ်နိုင်ပါသည်။ ၄ပေ×၃ပေ×၃ပေ သေတ္တာ တစ်လုံးတွင် ပထမဦးစွာ ဖွဲပြာ ၂လက်မအထူရအောင်ထည့်ပါ။ ထို့နောက်သစ်ရွက်ခြောက်/မြက်ခြောက်များ သုံးလက်မခန့်၊ နွားချေး၂လက်မခန့်ထည့်ပြီး သိပ်သည်းအောင် ခြေဖြင့်နင်းပါ။ ထို့နောက် ဖွဲနု နို့ဆီဘူး၂ဘူးခန့် နှံ့စပ်အောင်ဖြူးပါ။ ထို့နောက် EM ,အပြင်း၁ဆ၊ သကာရည်၁ဆ၊ ရေ၉၈ဆရောစပ်၍ ပန်းကရားဖြင့် တစ်ပုံးနှံစပ်အောင်လောင်းပါ။ ထိုသို့အစဉ်အတိုင်း တလွှာပြီးတလွှာထည့်ပါ။ ပုံးပြည့်လျှင် အပေါ်ဆုံးမှ စပါးခွံပြာ ၄လက်မခန့် ဖုံးအုပ်ပါ။ ထို့နောက် မြေဆွေးပုံအား ပလပ်စတစ်စဖြင့် လုံအောင်ဖုံးအုပ်ထားပါ။ သုံးရက်အကြာတွင် မြေဆွေးပုံသည် ပူနွေးလာပါမည်။ ပလပ်စတစ်စအား မလှပ်ပါနှင့်။ ရက်နှစ်ဆယ်ကြာလျှင် သေတ္တာကိုဖယ်ရှားပြီး ေမြဆွေးပံုကို ပေါက်တူးဖြင့် မွှေနှောက်ပြ္ီး ခြောက်သွေ့နေ လျှင် ရေအနည်ငယ်ဖျန်းပေးပါ။ ပလပ်စတစ်စဖြင့် ပြန်အုပ်ထားပါ။ တစ်လကျော်လျှင် သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ အီးအမ်ဘူကာရှီမြေဩဇာသည် ကောင်းစွာမဆွေးမြေ့သော်မှ အကျိုးပြုအနုဇီဝပိုးများ မွေးမြူထားသော ပွားစာဖြစ်သဖြင့် ထည့်သွင်းသောစိုက်ပျိုးမြေကို မြေဩဇာထက်သန်စေပါသည်။ စိုက်ပျိုးမြေတဧကလျှင် ဘူကာချီမြေဩဇာ တစ်တန်နှုန်း ထည့်သွင်းရပါမည် ။
နွားချေး - နွားသေး - မြေကြီးဖျော်ရည် (IMO) ညာဘက်ထောင့် အပေါ်ဆုံးရှိ မှန်ဘီလူးလေးမှာ နွားချေး၊ ဒါမှမဟုတ် သဘာဝမြေဩဇာလို့ ရိုက်ထည့်ရင်လည်း ဆောင်းပါးတွေအများကြီး ကျလာပါတယ်။ ကြိုက်နှစ်သက်ရာကို ဝင်ဖတ်လို့ရတယ်ရှင့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ေတော်လယ်ခင်းအရွက်တွေခြောက်ပြီးဝါနေလို့ဘာဆေးသုံးသင့်လဲဗျ
ဖြေကြားချက် 2 ခု
ဆရာတို့ရေမြေပြင်တဲ့နေရာမှာကြက်ချေး၊နွားချေးနဲ့လွှစာမှုန့်ကိုလယ်ထဲမှာရောထည့်ရင်မြေဆီမြေနှစ်ကောင်းလားရှင်းပြပါ...
ဖြေကြားချက် 6 ခု
မြေသြဇာစျေးမြင့်တက်နေမှုကြောင့် နွေစပါးစိုက်ရန်အခက်ခဲရှိနေကြပါတယ် ငါးစပါးကန်တွေဖြစ်တဲ့အတွက်ဒီဇင်ဘာလကုန်လောက်...
ဖြေကြားချက် 5 ခု
မိုးစပါးကျဲဖို့အတွက် စက် တစ်စက်ခုတ်ပီးပါပီ ခုတ်ပီးတ့ဲလယ်ကွက်ထဲကို ဆိတ်ချေး ဒါမှမဟုတ် ငုံးချေးတို့ပတ်ရင် ကောင်း...
ဖြေကြားချက် 1 ခု
သဘာဝမွေသွဇာလုပျနညျးပွောပေးပါ
ဖြေကြားချက် 1 ခု