အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,212
လွန်ခဲ့သော ၈ နှစ် က

ကျနော်ကပုလဲနယ်ကပါ ကျနော့ စိုက်ခင်းမှာ ဖြူ တ်ညိုတွေနှိပ်စက်နေတယ် အဲ့ဒါလေးကူညီပါအုံးဗျာ

ပိုးမွှားရောဂါ နှံစား သီးနှံ

ဖြေကြားချက် ၁ ခု

မင်းသူသူကို
မင်းသူသူကို 27,452 လွန်ခဲ့သော ၈ နှစ် က

၁။ ပေါင်းမြက်များ ရှင်းလင်းပါ။ ၂။ ရေထုတ်လို့ အဆင်ပြေပါက ရေထုတ်ပေးပါ။ ၃။ လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ပေးပါ။ အစိုဓာတ်များပြီး ပူနွေးစွတ်စိုသော အခြေအနေဖြစ်နေပါက ဖြုတ်ပိုးများ ပိုမိုဆိုးရွားစွာ ဖျက်စီးပါသည်။ ၄။ ဖြုတ်ပိုးသည် စပါးစတင်စိုက်ပျိုးသည့်အချိန်မှ စ၍ နှစ်ပေါင်းထောင်ချီ၍ ရှိနေခဲ့ပါသည်။ အဓိကဖျက်ပိုးမဟုတ်ခဲ့ပါ။ မိတ်ဆွေပိုးများဖြင့် ကောင်းစွာနှိမ်နင်းနိုင်ခဲ့ပါသည်။ ပိုးသတ်ဆေးများ ပေါ်လာပြီး နောက်ပိုင်းမှသာ ဖြုတ်ပိုးကြောင့် ပျက်ဆီးမှုများ ဖြစ်ပေါ်လာပါသည်။ ၄။ မလိုအပ်ဘဲ ပိုးသတ်ဆေး ဖြန်းခြင်းမှ ရှောင်ကျင်ပါ။ လိုအပ်ပါက ပိုးကျသည့်နေရာများတွင်သာ ကွက်ဖြန်းပါ။ သို့မှသာ မိတ်ဆွေပိုးများအတွက် နားခိုရမည့် နေရာ ရရှိမည်ဖြစ်ပါတယ်။ ဆေးဖျန်းမည်ဆိုပါက အပင်ခြေထိရောက်အောင် နှံ့နှံ့စပ်စပ် ဖြန်းပေးပါ။ ကိုးကား - ဦးမျိုးမြင့် (စပါးသီးနှံကာကွယ်ရေးနှင့် အထွက်တိုးရေး နည်းလမ်းများ)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးမှိုကက်ချိန်မှာပုလဲကျွေးသင့်မကျွေးသင့် ပုလဲကျွေးရင်ဘာဖြစ်တယ်ပုလဲမကျွေးရင်ဘာဖြစ်တယ်ဆိုတာ ရှင်းပြပေးပါဦးဗျာ

ဖြေကြားချက် 2 ခု

စပါးပင်တွေကို ကြွက်တွေအရမ်းဖျက်လို့မနိုင်တော့ပါ. . .ကြွက်နှိမ်နင်းနည်းများရှလျှင်ညွှန်ပြပေးပါ. .ကျေးဇူးတင်ပါ...

ဖြေကြားချက် 1 ခု

ကျွန်တော်ကတော့ ဧရာဝတီတိုင်းမော်ကျွန်းမြို့နယ် မှတောင်သူတစ်ဦးပါ ကျွန်တော်လယ်မှာ ရွက်ခေါက်ပိုးဆိုးဆိုးရွားရွား...

ဖြေကြားချက် 1 ခု

စပါးစိုက်ထားတယ်ကြွက်ကိုက်လို့တော်တော်လေးပျက်ကုန်ပြီ နောက်ထက်မကိုက်အောင် ဘယ်လိုလုပ်ရမလဲအကြံပေးပါဦး

ဖြေကြားချက် 1 ခု

စစ်ကိုင်တိုင်း ပုလဲမြို့နယ် အလယ်ဘုံရွာ ရိုးရွာ မှာရှိသော စပါးခင်းတော်တော်များများ သက်တမ်း 2 -3 လ ရှိနေပါပြီ အ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။