အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၃ နှစ် က · စစ်ကိုင်း

ဂျုံ ကိုဘယ်လိုအားဆေးမျိုးသုံးရမလဲခင်ဗျာ...

အပင်အာဟာရ ဂျုံ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ဂျုံအား ရေပေးသွင်းခြင်း လုပ်ဆောင်ရန်နှင့် မြေဩဇာကြွေးခြင်းက သာ ပို၍ ကောင်းမွန်ပါတယ်။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

စပါး တို့ ဂျုံ သီးနှံ​တွေက အာဟာရ များများ စားပါတယ်။ အရွက်ဖျန်း အာဟာရနဲ့ မလုံ​လောက်/မထိ​ရောက်ပါ။ ​အောက်ခံ အစာကို လုံ​လောက်စွာ​ကျွေးဖို့ အဓိက လိုအပ်ချက်ပါ။

193,301 လွန်ခဲ့သော ၃ နှစ် က

ဂျုံသီးနှံသည်အခြားသီးနှံများကဲ့သို့ပင် ကြီးထွားဖွံ့ဖြိုးမှုလုပ်ငန်းအတွက် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နှင့် ပိုတက်စီယံအာဟာရဓါတ်များလိုသည်။ စိုက်ပျိုးမြေတွင် အာဟာရဓါတ်များရှိပြီး ဖြစ်သော်လည်း လိုအပ်သည့် အာဟာရနှင့်ပမာဏလုံလောက်မှုမရှိနိုင်ချေ။ နွားချေးကဲ့သို့ သဘာဝမြေသြဇာကို စိုက်ခင်းတွင် ထည့်ပေးသင့်သည်။ ထို့ပြင် ဓါတုမြေသြဇာများကိုပါ သုံးစွဲရန်လိုသည်။ ဂျုံပင်အတွက် လိုအပ်သည့်အာဟာရပြည့်ဝမှသာ ဂျုံအထွက်နှုန်း မြင့်မားမည်ဖြစ်ပါသည်။

193,301 လွန်ခဲ့သော ၃ နှစ် က

ဘယ်အာဟာရလိုအပ်နေလဲဆရာတွေကြည့်လို့ရအောင် ပုံလေးနဲ့တင်မေးပေးပါလားရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။