ဖြေကြားချက် ၅ ခု
ဘော်ဒိုဆေးရည် ကာကွယ်နိုင်သည့်ရောဂါများ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ဘက်တီးရီးယားပင်ညှိုးရောဂါ မှိုပြောက်ရောဂါ ဒေါင်းနီရွက်ခြောက်ရောဂါ နှောင်းပင်နာကျရောဂါ သံချေးရောဂါနှင့် မှိုရောဂါများ အခြားအသုံးပြုနိုင်သည့်နည်းလမ်းများ ကိုင်းကူးကိုင်းဆက်ပြုလုပ်ပြီးပါက ကိုင်းဖြတ်ရာများကို သုတ်လိမ်းထားပါကရောဂါကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။ ကွမ်းမျိုးကိုင်းများ ကိုဘော်ဒိုဆေးရည် တွင်စိမ်ပေးခြင်းဖြင့် မှို၊ ဘက်တီးရီးယား ကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။ ပြုလုပ်နည်း ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။ သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။
ဆက်စပ်မေးခွန်းများ
lime sulphur ဆေးရည်က ဂန္ဓမာပန်းမှာ သုံးလို့ရလားဗျ ဖရဲ သခွားမှာရောသုံးလို့ရလားခင်ဗျ ကျေးဇူးပြုပီးဖြေပေးကြပါဗျ
ဖြေကြားချက် 2 ခု
ကျနော့်ဂန္နမာပန်းခင်းစူပါကျောက်စိမ်းခင်းပါ ပိုးသတ်ဆေးလောင်သွားလို့ ဘယ်လိုကုစားရမလဲဗျ ဆေးဖြန်းထားတာ၃ရက်ရှိပါပီ...
ဖြေကြားချက် 5 ခု
ပုလဲနှင့်ကွန်ပေါင်းဓါတ်မြေသြဇာများကို အပင်ငယ်များအား ရေဖြင့်ဖျော်၍ ဖျန်းမည်ဆိုပါက လေးဂါလံဝင်ဆေးဖျန်းပုံးတစ်...
ဖြေကြားချက် 2 ခု
ယင်ဖြူဆေး ရှရန်+ဟာရိုးဖြန်းထားတာနှစ်ကြိမ်ရှိပါပီ ဆေးဖြန်းပီးခါစတော့ ယင်ဖြူအသေတေတွေ့ရပါတယ် ဒါမဲ့ယင်ဖြူတေမပျောက်...
ဖြေကြားချက် 2 ခု
ဒီဆေးက ဂန္နမာပန်းပင်အတွက် ဖြန်းလို့သင့်တော်ပါသလားဗျ အီးစီဆိုတော့ မဖြန်းရဲဘူးဖြစ်နေလို့ပါ မှတ်ချက်။ ။ပန်းပင်က...
ဖြေကြားချက် 6 ခု