ဖြေကြားချက် ၂ ခု
NPKကို လူတွေနဲ့ဥပမာပေးရရင် ခေါင်းရယ်၊လက်ရယ်၊ခြေထောက်ရယ်နဲ့ တူတယ်လို့ ပညာရှင်အချိူ့က ဥပမာပေးကြပါတယ်။ Nက အပင်ရဲ့ ဆဲလ်အသစ်တွေကြီးထွားအောင်၊အရွက်သစ်၊အညွန့်သစ်တွေ ကြီးထွားအောင်နဲ့ အစိမ်းရောင်ကလိုရိုဖီး လုပ်ဆောင်ရာမှာ အဓိကကျပါတယ်။ (ဒါကြောင့် Nချို့တဲ့ရင် အရောင် မစိမ်းတော့တာပါ) """"""""" Pအနေနဲ့ အပွင့်တွေ များများပွင့်ပြီး အသီးအောင်စေဖို့နဲ့ အမြစ်တွေ ရှင်သန်ကြီးထွားဖို့ လုပ်ဆောင်ပါတယ်။ """""""" K ကတော့,အပင်တပင်လုံးအတွက် အစာကြော/ရေကြောတလျောက် ပို့ဆောင်ဆက်သွယ်ရေး/ထောက်ပို့လုပ်ငန်းလုပ်ပါတယ်။ ရာသီဥတု/ပိုး/ရောဂါဒဏ်ခံနိုင်အောင် ကာကွယ်လုပ်ဆောင်ပေးပါတယ်။ ဒါဟာ အကြမ်းဖျဥ်းသဘောမျှသာဖြစ်ပါတယ်။ တကယ်က ဒါထက် အများကြီး နက်နဲတဲ့ အပင်ဇီဝကမ္မလုပ်ငန်းတွေကို ၊ အာဟာရဓါတ် တွေအားလုံး သူ့တာဝန်နဲ့သူ ပုံမှန်လုပ်ဆောင်ကြရပါတယ်။
ဆက်စပ်မေးခွန်းများ
နွေစပါးကို အနှံမထွက်မီ တပတ်အလိုမှာ အစာကျွေးလို့ရသေးလား။
ဖြေကြားချက် 2 ခု
N- 21% S- 24% မြေဆီဝယ်ထားတာပိုနေလို့ ယခုစပါးပင်မှို့ကပ်နေချိန်မှာကျဲပက်လို့အဆင်ပြေနိုင်မလား။
ဖြေကြားချက် 3 ခု
ဆရာခဗျ ပုံပါ phနဲ့NPKဆိုရင် လယ်မြေ တဧကအတွက်NPKဘယ်လောက်လိုအပ်တယ်ဆိုတာ ဘယ်လိုတွက်ချက်ထည့်ရမလဲခဗျ။ရှင်းပြပေးပါ...
ဖြေကြားချက် 2 ခု
ဆရာခဗျ စပါးပင်တွက်NPKမှာ Pနဲ့Kဟာ စပါးပင်စုပ်ယူစားသုံးဖို့အချိန်ဘယ်လောက်ကြာယူသလဲခဗျ။ စုပ်ယူပီးရင်ရော ဘယ်လောက်...
ဖြေကြားချက် 3 ခု
စပါးပင် သက်တမ်းတလျှောက် ဘယ်ချိန်က အာဟာရအများဆုံးလိုအပ်ပီး အစာအများဆုံးကျွေးရမယ့် အချိန်လဲ။
ဖြေကြားချက် 2 ခု