အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
21,642
လွန်ခဲ့သော ၃ နှစ် က · မြောင်းမြ

ဆရာခဗျ စပါးပင်တွက်NPKမှာ Pနဲ့Kဟာ စပါးပင်စုပ်ယူစားသုံးဖို့အချိန်ဘယ်လောက်ကြာယူသလဲခဗျ။ စုပ်ယူပီးရင်ရော ဘယ်​လောက်...

ဆရာခဗျ စပါးပင်တွက်NPKမှာ Pနဲ့Kဟာ စပါးပင်စုပ်ယူစားသုံးဖို့အချိန်ဘယ်လောက်ကြာယူသလဲခဗျ။ စုပ်ယူပီးရင်ရော ဘယ်​လောက်ကြာကြာ ထိ အပင်မှာအားရှိနေနိုင်လဲ။သေချာသိချင်လို့ပါ။ကျေးဇူးပါ။

ဖြေကြားချက် ၃ ခု

21,642 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ ဆရာ ဆရာမတို့ခဗျ🙏။

193,301 လွန်ခဲ့သော ၃ နှစ် က

ဆရာဒို့ဦးလေးဖြေထားသလိုပဲ ဆရာဦးခင်မောင်လတ်က Pနဲ့ K က တစ်ခါကျွေးထားရုံတစ်ရာသီဆိုလုံလောက်ပါတယ်တဲ့ ဒါမဲ့စပါးမှာတော့ အနှံထွက်ချိန် K ကိုထပ်ကျွေးဖို့လိုတယ်လို့အကြံပြုထားပါတယ်ရှင့် ကြံဆိုလည်း နောက်တစ်ကြိမ်ကျွေးဖို့လိုပါတယ်တဲ့

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

သု​တေသန စာတမ်း မရှိတဲ့အတွက် တိတိကျကျ​ပြောဖို့ခက်ပါတယ်။ သို့​သော်.. အကြမ်းဖျဥ်း​ပြောရရင်.. P​ရောKပါ အပင်မှ စားသုံးနိုင်တဲ့အဆင့်အထိ ဓါတ်ပြိုကွဲဖို့ အချိန် ၂ပတ် မှ ၃/၄လအထိ ​မြေကြီးထဲမှာ ရှိ​နေနိုင်ပါတယ်။ ​မြေကြီးရဲ့ pH၊ ရာသီဥတု ပတ်ဝန်းကျင်အ​ခြေအ​နေ၊ ​မြေအမျိုးအစား၊ သီးနှံမျိုးစိတ် စတဲ့ အ​ခြေအ​နေအရပ်ရပ်​ပေါ်မူတည်ပြီး အချိန် တိုခြင်း/ကြာခြင်း(ဓါတ်ပြုမြန်ခြင်း/​နှေးခြင်း)ကွာခြားနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။