အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
989
လွန်ခဲ့သော ၃ နှစ် က · ဓနုဖြူ

အောင်မြင်တဲ့စပါးအခြောက်ကြဲခင်းတစ်ခုဖြစ်ဖို့ အစကနေ ရိတ်သိမ်းချိန်အထိ ဆောင်ရန်ရှောင်ရန်နဲ့ တစ်ဆင့်ခြင်းတစ်ဆင့်...

အောင်မြင်တဲ့စပါးအခြောက်ကြဲခင်းတစ်ခုဖြစ်ဖို့ အစကနေ ရိတ်သိမ်းချိန်အထိ ဆောင်ရန်ရှောင်ရန်နဲ့ တစ်ဆင့်ခြင်းတစ်ဆင့် ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကျေးဇူးပြု၍ လမ်းညွန်မှုပြုပေးပါဆရာတို့ခဗျာ🙏🙏🙏🙏 ။

စိုက်ပျိုး ဗဟုသုတ စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း (Dry Direct Seeding) Posted on  AuthoradminComments Offon စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း (Dry Direct Seeding) မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော စပါးစိုက်ပျိုးနည်းများအနက် ရေသုံးစွဲမှုနှင့် လုပ်သားအင်အား လျော့ချချွေတာနိုင်မည့် အောက်ပါ စိုက်ပျိုးနည်းတစ်ခုကို အများပြည်သူ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။ စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း (Dry Direct Seeding) စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်အား မြန်မာနိုင်ငံတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ၌ စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးရေ ခက်ခဲသော (သို့) အကန့်အသတ်ရှိနေသော ဒေသများ၊ ရေကြီးနစ်မြုပ်ဒေသများ၊ လယ်သီးထပ် စောလျင်စွာစိုက်ပျိုးလိုသောဒေသများ၊ လုပ်သားအင်အား ခက်ခဲသော ဒေသများတွင် အသုံးပြု နိုင်ပြီး စိုက်ပျိုးနည်းစနစ်အား စနစ်တကျ လိုက်နာပါက စီးပွားရေးအကျိုးအမြတ်ရရှိနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။  ရရှိမည့် အကျိုးကျေးဇူးများ လုပ်အားသက်သာစေသည်။ မြေပြုပြင်ခြင်းအတွက်ရေသုံးစွဲမှု လျော့နည်းစေသည်။ ပျိုးနှုတ်ခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်း မပြုလုပ်ရသည့်အတွက် အပင်ထိခိုက်မှု မရှိပါ။ မြေဆီလွှာတိုက်စားမှုကို လျှော့ချနိုင်ပြီး သဘာဝမြေဩဇာ ဆုံးရှုံး မှုကို လျှော့နည်းစေပါသည်။ အစောပိုင်းမိုးရွာသွန်းသည့် မိုးရေကို အသုံးပြု စိုက်ပျိုးခြင်းကြောင့် ရိတ်သိမ်းချိန် စောစေပါသည်။ ၁။ စပါးမျိုးရွေးချယ်ခြင်း ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအား ကောင်းပြီး၊ အထွက်ကောင်း မျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ ၂။ မြေပြုပြင်ခြင်း  အခြောက်ထယ်ထိုးထွန်မွှေပါ။ ပေါင်းမြက် ကင်းစင်ရန်အတွက် ထယ်ထိုး၍ ထွန်ရေးညက်သည် အထိ ဆောင်ရွက်ပါ။ (၁၀)ပေခြား စိမ့်မြောင်းပတ်မြောင်းပြုလုပ်ပါ။ ကန်သင်းလုံအောင်ပြုလုပ်ပါ။  ၃။ မျိုးစေ့ချခြင်း  မျိုးစေ့ကို မျိုးညှောင့်မဖောက်ဘဲ ကြဲပက်ခြင်း(သို့မဟုတ်) အတန်းလိုက်မျိုးစေ့ချခြင်းဆောင်ရွက်ပါ။ ထွန်ကြောင်းများဖော်ပြီး မျိုးစေ့ချခြင်း ဆောင်ရွက်ပါက အတန်းလိုက် ဖြစ်၍ ပေါင်းနှိမ်နင်းရန် လွယ်ကူပါသည်။ မျိုးစေ့ချရာတွင် လက်ဖြင့်ဖြစ်စေ (သို့မဟုတ်) စက်ဖြင့်ဖြစ်စေ ဆောင်ရွက်ပါ။ ကြွက်၊ ငှက် တိရိစ္ဆာန်များ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အစေ့ချ ပြီးနောက် မြေကိုလုံအောင်ဖုံးအုပ်ပါ။ တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၁-၂ ) တင်း အသုံးပြု ရမည်။  မျိုးစေ့ချပြီးနောက် မိုးသည်းထန်စွာရွာသွန်းပါကအပင်ပေါက်နှုန်း ထိခိုက်နိုင်ပါသည်။ အပင်ပေါက်ပြီးနောက် တစ်လအတွင်း ကောက်ပင်ဖာခြင်း ဆောင်ရွက်နိုင်ရန် အရန်ပျိုးထောင်ထားရန်လိုအပ်ပါသည်။ ၄။ မြေဩဇာကျွေးခြင်း နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ်သုံးစွဲပါ။ ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ (၅)ရက်အလိုတွင် အိတ်ဝက်စီ (တစ်အိတ်/ဧကနှုန်း)ထည့်သွင်းပါ။ မှို့ကပ်ချိန်တွင်ပိုတက်ရှ်မြေဩဇာတစ်ဧက တစ်စိတ် (၁/၄ အိတ်)/ဧကနှုန်း ထည့်သွင်းပေးပါ။  မြေဆီလွှာဓါတ်ခွဲခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်း အသုံးပြု သင့်ပါသည်။ ၅။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း အပင်ပေါက်ပြီးနောက် (၂)ပတ်အတွင်း အပင်ငယ်များ ရေမမြုပ် စေရန် သတိပြုရမည်။ ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေ လုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီး နောက်(၂၀-၂၅) ရက် အတွင်းရေထုတ်ပေးရပါမည်။ ၆။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်း နိုင်သည်။ အစိုစိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက ပေါင်းပေါက်ရောက်မှုများနိုင်၍ ပေါင်းနှိမ်နင်းခြင်းကို လက်ဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေး ဖြန်းခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပါ။ ပေါင်းပင်အမျိုးအစားပေါ် မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်း အတိုင်းတိကျစွာ အသုံးပြုပါ။  ၇။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိ ကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှ သာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင် နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။ ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်းများ အသုံးပြု ခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်သင့်ပါသည်။  ၈။ ရိတ်သိမ်းခြင်း စပါးနှံ၏ (၈၀-၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်) တွင် အလေ အလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်း ချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည် မျိုးအတွက် (၁၃) ရာခိုင်နှုန်းနှင့် စားသုံးမည့် စပါးအတွက် (၁၄) ရာခိုင်နှုန်း လိုအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။