အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၃ နှစ် က · အင်္ဂပူ

စပါးပက် ကျဲဖို့အကြံပေးပါဦးစပါးရှုံးတာ2နှစ်ရှိပါပြီ ဘယ်လိုစနစ်တကျလုပ်ရမယ်ဆိုတာအကြံပြုပါဦး မိုးစပါးပါ

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း
2

ဖြေကြားချက် ၂ ခု

14,823 လွန်ခဲ့သော ၃ နှစ် က

မိမိနှင့် နီးစပ်ရာတောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များထံမှ အကြံဥာဏ် ရယူပြီး စိုက်ပျိုးပါလို့ အကြံပြုလိုပါတယ်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

ဒေသနဲ့ ကိုက်ညီမယ့် စပါးမျိုးသစ်ကို ​ရွေးချယ်ပါ။ မျိုး​စေ့ကို ဆား​ရေစိမ် သို့မဟုတ် မျိုးလူး​ဆေး လူးစိုက်ပါ။ ထယ်​ရေးထွန်​ရေး ​ကောင်း​အောင် ကြိုတင်ပြင်ဆင်ပြီး .၊ မျိုးကြဲပြီး အစိုဓါတ်ရှိချိန်(မိုးရွာပြီးစ)​နောက်​​နေ့.​ပေါင်းအုပ်​ဆေး (ကြိုရှင်း ၃၃အီးစီ)ဖျန်းပါ။ သဘာဝ​မြေသြဇာနဲ့ ဓါတ်​မြေသြဇာကို ​မြေခံ ကတည်းက ထည့်ခဲ့ပါ။ စပါးတလ-တလခွဲသား အရွယ် ပိုးကာကွယ်​ဆေး တကြိမ်ဖျန်းပါ။ ဖုံးလုံးချိန် ​ရေစပ်စပ်ထားပြီး ​မြေသြဇာတကြိမ်​ကျွေးပါ။ နှံစုပ်ပိုးအ​ခြေအ​နေကြည့်ပြီး သိုင်ယာမိသိုဇင် တကြိမ်ဖျန်းပါ။ ပိုးမွှား​ရောဂါ ကျ​ရောက်မှုရှိမရှိ တပတ်တခါ လယ်ထဲဆင်းကြည့်ပါ။ ကျ​ရောက်မှုအ​ခြေအနေကို မှတ်တမ်းပြုပြီး green way မှ ပညာရှင်များနဲ့.အချိန်မီ တိုင်ပင်​ဆွေး​နွေး အကြံဥာဏ်ရယူပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။