ဖြေကြားချက် ၁ ခု
♥ Adzuki(ပဲတီစိမ်းအနီ) ဘယ်မျိုးစိတ် မြန်မာပြည်မှာ စိုက်နေတာလဲ Adzuki(ပဲတီစိမ်းအနီ) စိုက်ပျိုးခြင်းနှင့်ပါတ်သက်၍ စိတ်ဝင်စားသူ များပြားနေသည်ကို တွေ့နေရပါတယ် တစ်တင်း မျိုးဈေးက ကောင်းကြတာကိုး။ မိမိလည်း မျိုးစေ့နှင့် ပါတ်သက်၍ စိတ်ဝင်စားမိတော့ စိုက်ဧက အများအပြား စိုက်နေကြတယ်ဆိုတဲ့ မျိုးရောင်းချနေသူ တောင်သူကြီး တစ်ယောက်နှင့် ဖုန်းစကားပြောဖြစ်ပါတယ်(သူ့ဆီမှ မျိုးဝယ်လာသူ) ပြောမိသည့် စကားအပြည့်အစုံမှာ ~ ♥ မိမိမှ စိုက်ဧက ဘယ်လောက် စိုက်တာလဲ ပြောတော့ ဧက ၅၀ ခန့်လို့ ဖြေကြားပါတယ်။ ♥ မျိုး ဘယ်က ရရှိတာလဲ မေးကြည့်မိတော့ မျိုးစေ့ ကုမ္ပဏီ က တိုက်ရိုက်ရောင်းတာတဲ့။ ♥ ဒါနဲ့ မျိုးစေ့ လမ်းစတော့ ရပဟ ဆိုပြီး ဘယ်မျိုးစေ့ကုမ္ပဏီက ရောင်းတာလဲဆိုတော့ ပွဲရုံကို နိူင်ငံခြားက ပက်ကင်ထုတ်နဲ့လာတာတဲ့။ ♥ ဒါနဲ့ အဲဒီပက်ကင်ထုတ်လေး ကြည့်ပါရစေဆိုတော့ မဟုတ်ပါဘူး ပွဲရုံက ဝယ်တဲ့ မျိုးပါလို့ ဖြစ်သွားပြန်ရော။ ကဲ အဲဒီတော့ ဘယ်က ဝင်လာတဲ့မျိုးလဲ၊ ဘယ်မျိုးစိတ်လဲ မသိရတော့ ပြန်ပါဘူး။ ဒါက တောင်သူဆီက ရရှိလာတဲ့ မျိုးစေ့နဲ့ ပါတ်သက်တဲ့ အချက်အလက်။ မြန်မာပြည်သို့ ရောက်ရှိလာသော မျိုးစိတ်မှာ Vigna angularis ဖြစ်နိုင်ပြီး ထိုမျိုးစိတ်သည်သာလျင် ဂျပန်၊ ကိုရီးယားတို့တွင် အစိုက်များနေ၍ပါ။ Adzuki နှင့်ပါတ်သက်၍ မျိုးစေ့ပညာရှင် ဒေါက်တာထွန်းရွှေ (TUN SHWE) မှ ဧရာဝတီတိုင်းအိမ်မဲဖက်မှာ ပတ္တမြားပဲဆိုပြီးစိုက်နေကြတာတွေက လည်း Adzuki bean တွေလို့ ယူဆရကြောင်း၊ တခါက NSC မှာ အရင်တုန်းက YAU မှဆရာကြီး ဒေါက်တာမျိုးအောင် မှ document နဲ့ မျိုးသစ်တခု အနေဖြင့် လွန်ခဲ့သော (၆)နှစ်က တင်လာဘူးပြီး Adzuki bean ကို ပဲနီ (ပတ္တမြား)ဆိုပြီး ဘာသာပြန်၍ တင်လာခြင်းဖြစ်ပြီး ဂျပန် export အတွက်တဲ့ NSC မှ မျိးသစ်ဖြစ်ခြင်း၊ စိုက်ပျိုးရေးပညာရှင်ဖြစ်ခြင်း၊ တခြားဘယ်သူမှ မတင်ထားသေးတဲ့ even စိုက်သု မှာတောင် မစမ်းသပ်နိုင်သေးတဲ့ သီးနှံဖြစ်နေတာမို့ document နဲ့ လက်ခံပေးခဲ့ပါတယ်။ ဆရာမှ ပြောပြခဲ့လို့ မှတ်သားခဲ့မိပါတယ်။ ပဲတီစိမ်းအနီ ဆိုတာနှင့်ပါတ်သက်၍ ဒေါက်တာထွန်းရွှေ မှ ခက်တာက မြန်မာမှု ပြုတာတွေက နောက်ပိုင်း သမိုင်းပျောက်နိုင်တယ် အဇူကီ(Adzuki)က အဇူကီပေါ့ဗျာ။ ပဲတီစိမ်းအနီခေါ်တာမျိုးက တောင်သူအခေါ်ပေါ့ အစေ့ပုံစံကလည်း တူတာကိုး အရောင်ဘဲကွာတာ တကယ် ပဲတီစိမ်း အနီဆိုရင် သိပ္ပံနာမည်က Vigna radiata အထိ တူရမယ်၊ နောက်က subspecies or variety ကြမှကွဲပြားရမှာပါ။ Angularis ဆိုတာကစိတ်ဝင်စားစရာပါ ဒေါင့် သဘောမျိုးပါတယ်ဆိုတဲ့ အဓိပ္ပါယ် ပါ Angle ပါတာ အပင်ရဲ့ဘယ်အစိတ်အပိုင်းက Angle ပြနေတာလဲ အစေ့ကလား ဆိုတာတွေအထိလေ့လာသင့်တယ်လို့ ညွန်ပြဘူးပါတယ်။ ♥ ဒါကတော့ ပညာရှင်ဆီက မှတ်သားကြားသိရတဲ့ အချက်အလက်များ ဖြစ်ပါတယ်။ ဆရာဦ်းသက်လွင် Fb acc မှ တင်ထားတာကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင့်
ဆက်စပ်မေးခွန်းများ
အော်စီပဲတီစိမ်းမျိုးကဘယ်နိုင်ငံကထုတ်တာလဲ အထုပ်ဝယ်စိုက်ပြီးနောက်နှစ်မျိုးပြန်စိုက်လို့ရလား
ဖြေကြားချက် 1 ခု
ပဲမျိုးစုံ မျိုးယူရာတွင် အစိုဓာတ်% ရာခိုင်နုန်း ဘယ်လောက်ထိ ခြောက်အောင် နေလှမ်း ရလဲဗျ..တောင်သူအများစု ဘယ်လို...
ဖြေကြားချက် 2 ခု
ပဲတီစိမ်းချည်တိုလုံးသေးမျိုးရှီ့လားခဗျားအပင်သက်တန်းဘယ်ေလာက်ရှီ့လည်ရှီရင်ဘယ်မှာမေးဝယ်လို့ရလည်သိပါရစေထွက်နုန်းက...
ဖြေကြားချက် 1 ခု
ပဲတီစိမ်းအနီ ဘယ်နှစ်မျိုးရှိ၍ သက်တမ်းမည်မျှရှိ၍ ဘယ်လရာသီတွင်စိုက်ရပါလဲခင်ဗျာ။စိုက်ပျိုးခဲ့သော တောင်သူသိရင်လည်း...
ဖြေကြားချက် 1 ခု
ဆရာ ခဗျာ ကျွန်တော်ကပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့ ပြွန်တန်ဆာကပါ. ပဲတီစိမ်းစိုက်မို့ မိုးရွာတာကြောင့်...
ဖြေကြားချက် 2 ခု