အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၃ နှစ် က · ရွှေပြည်သာ

MFVPရဲ့ Organic Certificateလက်မှတ်ရခြံတခြံဖြစ်လာဖို့ဘယ်လိုအချက်အလက်တွေလိုအပ်သလဲဆိုတာအသေးစိတ်သိပါရစေခင်ဗျ

တန်ဘိုးမြှင့်ထုတ်ကုန် မာလကာ

ဖြေကြားချက် ၁ ခု

193,301 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

Organic PGS လက်မှတ်လျှောက်ထား လိုသူများ ——————————————————————— ၁+၂+၃+၄ +၅ စိုက်ပျိုးထုတ်လုပ်သူ အဖွဲ့ များကကိုယ်တိုင် အာမခံသော စနစ် ဖြစ်သည့်အတွက် မိမိစိုက်ခင်း တည်ရှိရာ ဒေသမှ ဩဂဲနစ် စိုက်ပျိုးသူ အစုအဖွဲ့များ နှင့်ဆက်သွယ် ရပါမည် ။ အကြံညာဏ်ရယူ၍ လျှောက်ထားရပါမည် ။ မြေပြင်အခြေအနေ ဆောင်ရွက် ရမရ စစ်ဆေးပါမည် ။ အခြေအနေ အလိုက် ပြုလုပ်သော သင်တန်း တက်​ရောက် ရန်လိုအပ်ပါသည် ။ ဆုံးဖြတ်လက်ခံပြီးပါက ဩဂဲနစ်ကတိသစ္စာ ပြုရပါမည် ။ ၆ ။ ဩဂဲနစ် PGS စနစ်မှ သတ်မှတ်ထားသည့် Standard Operating Procedure ကို ပြည့်စုံအောင် လုပ်ဆောင်နေရပါမည် ။ ၇။ စိုက်ပျိုးထုတ်လုပ်သူအချင်းချင်း ထိန်းကျောင်းအာမခံသည့်စနစ် (Second Party Certification System) ဖြစ်၍ အချင်းချင်းအစစ်ဆေးခံအကြံဥာဏ်ရယူ ရပါမည် ။ ၈။ အစုအဖွဲ့ဝင်များစည်းဝေးဆုံးဖြတ်ချက်ဖြင့် သာ လက်မှတ်ပေးရန်သင့်မသင့်ဆုံးဖြတ်ပါမည် ။ ၉။ နေရာအသစ် ဖြစ်ပါ က MOGPA PGS Group နှင့်တိုက်ရိုက်ဆက်သွယ် နိုင်ပါသည် ။ ဖုန်း ။ ၀၉၇၉၃၈၉၁၆၃၇ ၁၀။ လုပ်ကွက်ငယ် စိုက်ပျိုးထုတ်လုပ်သူများ အတွက်Zero cost certification စနစ်ဖြစ်ပါသည် ။ ဒေါက်တာသန်းသန်းစိန် တင်ထားတာလေးကို ပြန်မျှဝေပေးတာပါရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။