အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က

စပါးပင်ကို ရွက်ဖျန်းအားဆေးသုံးရင် ထိရောက်မှု့ရှိပါသလား ဘယ်လောက်တာရှည်ခံပါသလဲ​ ရှင်းပြပေးပါဦး

ဖြေကြားချက် ၂ ခု

193,301 လွန်ခဲ့သော ၃ နှစ် က

သီးနှံပင်အထွက်ကို သိသိသာသာတိုးစေတဲ့ နည်းကတော့ ရွက်ဖျန်းအားဆေးများ ဖျန်း၊ ကျွေး ခြင်းပဲ ဖြစ်ပါတယ်။ မြေအတွင်း ထည့်ကျွေးခြင်းထက် ဖျန်းပက်ကျွေးခြင်းက အထွက်ကို ၁၂% မှ ၂၅%ထိ ပိုမိုကောင်းစေတယ်လို့ သုတေသနညွှန်းကိန်းများအရ သိရှိရပါတယ်။ မတူညီတဲ့ မြေအနေအထားနဲ့ ကွဲပြားတဲ့ ရာသီဥတုအခြေအနေတွေမှာ လေ့လာပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်များအရ • မြေသြဇာကို ရွက်ဖျန်းရည်အနေနဲ့ အသုံးပြုပါက ဖျန်းလိုက်တဲ့ပမာဏရဲ့ ၉၀%အထိ အကျိုး ရှိစွာ စုပ်ယူအသုံးချနိုင်ပြီး မြေထဲကိုတိုက်ရိုက် ကျဲပက်ထည့်သွင်းခြင်းနည်းနဲ့ သုံးမယ်ဆိုရင် တော့ ပျမ်းမျှ ၁၀% သာလျှင် အပင်က စုပ်ယူအသုံးချလိုက်နိုင်ပါတယ်။ ကျန်၉၀%ခန့်သော ပမာဏများဟာ အငွေ့ပျံဆုံး ရှုံးခြင်း၊ မြေအတွင်းရှိ Clay minerals လို့ခေါ်တဲ့ ရွံ့လွှာများအ တွင်း ပိတ်မိသွားပြီးနောက် အပင်မှ ရယူစားသုံးရန် ခက်ခဲသွားခြင်း၊ သွင်းရေထုတ်ရေများနဲ့ အတူ ပျော်ဝင်စီးဆင်း/ စိမ့်ဆင်းကာ စိုက်ပျိုးမြေအတွင်းမှ ပျောက်ဆုံးသွားခြင်းများအပြင်၊ နောက်ဆက်တွဲ ပြသနာများအနေနဲ့ သဘာဝလေထု၊ ရေထု ညစ်ညမ်းခြင်းတို့ဖြစ်စေပါတယ်။ • သဲဆန်တဲ့မြေများမှာဆိုလျှင် မြေသြဇာအဖြစ် မြေထဲသို့မကျွေးဘဲ၊ ရွက်ဖျန်းအဖြစ် အပင်ကို တိုက်ရိုက်ပက် ဖြန်းခြင်းက အဆ၂၀ ပိုမိုထိရောက်စေပါတယ်။ • မြေအတွင်းအစိုဓါတ် နည်းနေချိန်မှာဆိုရင် အပင်မြစ်များက အာဟာရဓါတ်များကို အပြည့်အဝ မစုပ်ယူနိုင်သောကြောင့် ရွက်ဖျန်းအဖြစ် ပက်ဖြန်းခြင်းက ပိုမို အကျိုးရှိစေပါတယ်။

116 လွန်ခဲ့သော ၃ နှစ် က

ရှိပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။