အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · မင်းဘူး

ပေါင်းသတ်ဆေးပက်ထားတဲ့မြက်ကိုနွားကစားမိပြီးပိန်လှီနေပါတယ်ပြန်ဝလာအောင်ဘယ်လိုကုသရမလဲ

မွေးမြူနည်း နွား
Post image

ဖြေကြားချက် ၁ ခု

193,301 လွန်ခဲ့သော ၃ နှစ် က

ဒီထဲက တစ်နည်းနည်းကို အသုံးပြုကြည့်ပါရှင့် ၁။ နွယ်ချို(၂၀၀)ဂရမ် (၁၅ ကျပ်သားခန့်)ကို ထောင်းပြီး ဆန်ဆေးရည်(၁.၅)လီတာတွင် ဖျော်ပါ။ မိနစ်(၃၀) စီခြားပြီး အဆိပ်ပြေသည်အထိ ကျွဲ၊ နွားကို တိုက်ပါ။ ၂။ ပဲဆီ၊ နှမ်းဆီကဲ့သို့သော စားဆီတစ်မျိုးမျိုးကို ၁ ရက်လျှင် ၁ လီတာနှုန်းဖြင့် ကျွဲ၊ နွားကိုတိုက်ပါ။ ၃။ ကျွဲငယ်၊ နွားငယ်များကို မဂ္ဂနီစီယမ်ဆာလ်ဖိတ်ဟုခေါ်သော ဆားခါး(၆)ကျပ်သားကို ရေ(၅၀၀)စီစီတွင် ဖျော်ပြီး ၁ ကြိမ် တိုက်ပါ။ ကျွဲ၊ နွား အကြီးများကိုတော့ ဆားခါး(၃၀)ကျပ်သား (၅၀၀)ဂရမ်ကို ရေ(၅၀၀)စီစီတွင် ဖျော်ပြီး ၁ ကြိမ်တိုက်ပါ။ ၄။ မီးသွေးမှုန့်(၂၀၀)ဂရမ်ကို ရေ(၈၀၀)စီစီရောပြီး ဖျော်တိုက်ပါ။ ၅။ အုန်းစိမ်းရေ ၁ လီတာကို ကျွဲ၊ နွားအား တိုက်ပေးပါ။ ၆။ နို့ ၁ လီတာကို ကျွဲ၊ နွားအား တိုက်ပေးပါ။

You

ဆက်စပ်မေးခွန်းများ

နွားစားမြုံပြန်တာက သဘာဝလားသာရည်တေကကျတာများနေလိုဆိုကြို့ရှိလားဗျအစာလဲသိပ့်မစားဘူးဗျလမ်းပျောက်နေလို့ပါ

ဖြေကြားချက် 2 ခု

မြန်မာနိုင်ငံရဲ့ အသားစားနွား ( draught cattle) မွေးမြူးရေး လုပ်သည့် cow farm အကြီးတွေကို သိလိုလျှင် စုံးစမ်း...

ဖြေကြားချက် 1 ခု

ကျွန်တော်‌နွားမသည် ၁၁-၇-၂၃ ရက်နေ့က သားပေါက်ပါတယ်။ ယနေ့နွားနို့သည် အဖြူရောင်မဟုတ်ဘဲ နီညိုရောင်ဖြစ်နေပါသည် ဘယ်...

ဖြေကြားချက် 4 ခု

ခိုင်းနွားမွေးမြူရေးအကြောင်းသိချင်လို့ပါ ေလ့လာလို့ရမဲ့နေရာနဲ့ နည်းလမ်းများသိရင်လဲ ကူညီကြပါ

ဖြေကြားချက် 3 ခု

နွားထီးတွေရယ့်မျိုးပွားအဖွဲ့စည်းကိုသေချာသိချင်လို့ပါဗျ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။