အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
21,642
လွန်ခဲ့သော ၃ နှစ် က · မြောင်းမြ

မိုးစပါးပီးရင် နွေစပါးကအရင်းနှီးများလို့ နွေစပါးအစားဘာများစိုက်ရမလဲ ဆရာတို့ခဗျ။ မတ်ပဲစိုက်ဖို့ကျတော့ မြေကနဲနဲ...

မိုးစပါးပီးရင် နွေစပါးကအရင်းနှီးများလို့ နွေစပါးအစားဘာများစိုက်ရမလဲ ဆရာတို့ခဗျ။ မတ်ပဲစိုက်ဖို့ကျတော့ မြေကနဲနဲ စိမ့်စွဲနေလို့ပါ။ အရင်နဲ့ပီးအဆင်ပြေမဲ့ ဟာလေးလမ်းညွှန်ပေးပါအုံးခဗျ။ကျေးဇူးပါ။

စိုက်ပျိုးနည်း မတ်ပဲ မတ်ပဲစိုက်ပျိုးနည်း
6

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

ပဲရင်းဖြစ်ဖြစ်ပိုက်ဆံလျော်ဖြစ်ဖြစ်ရေကျနောက်စိုက်ကျဲထားပြီးအပင်များတစ်လ၊လေးဆယ့်ငါးရက်သားရရင်ထယ်ထိုးပြီးသစ်စိမ်းမြေသြဇာလုပ်မြေမြုတ်ပြီးဆယ်ရက်ကြာမတ်ပဲစိုက်ပဲစိုက်တာနောက်ကျတာအစိုဓာက်အတွက်မစိုးရိမ်ပါနဲ့သစ်စိမ်းမြေသြဇာကအစိုဓာတ်နဲ့နိုက်ထရိုဂျင်ဓာတ်ပါအခမဲ့ရအုံးမယ်

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

မြေကနဲနဲစိမ့်စွဲနေရင်ထုံး သို့မဟုတ်ဂျစ်ပဆင်ထည့်ပြီးမတ်ပဲကိုဘဲစိုက်ပါစပါးအတွက်လဲမြေပြုပြင်ပြီးဖြစ်မယ်သဘာဝမြေဆွေးလည်းများများထည့်နှိုရင်ပိုကောင်းမယ်

21,642 လွန်ခဲ့သော ၃ နှစ် က

ကျွန်တော်တို့ကျုံပျော်နယ်ဘက်မှာကျ ပဲယင်းကစျေးကွက်မရှိဘူးခဗျ။ ကျေးဇူးပါ ဆရာ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

ရေကျ​နောက်စိုက်တို့/ခုတ်ဖုံးစနစ်တို့လို့ ထွန်​ရေးမဲ့ စိုက်ပါ။ ပဲယင်း၊က အခြားပဲထက် အကြမ်းခံတယ်။ ပိုးကျသက်သာတယ်။

21,642 လွန်ခဲ့သော ၃ နှစ် က

စိမ့်မြေတွေတွက်အဆင်ပြေပါ့မလားဆရာ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

ပဲယင်း​တွေ ပက်ကြဲကြပါတယ်။ခုတ်ဖုံးစနစ်လည်း ရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။