အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5
လွန်ခဲ့သော ၃ နှစ် က · မြောင်

ပုလဲ မြေဩဇာကို ရေမတင်ခင် နဲ့ ရေသွင်းပြီး အခင်းထဲ ရေရှိချိန် ပက်ကြဲခြင်းဟာ ပုလဲ နိုက်ထရိုဂျင်ဓာတ်ကို အပင်ကနေ အ...

ပုလဲ မြေဩဇာကို ရေမတင်ခင် နဲ့ ရေသွင်းပြီး အခင်းထဲ ရေရှိချိန် ပက်ကြဲခြင်းဟာ ပုလဲ နိုက်ထရိုဂျင်ဓာတ်ကို အပင်ကနေ အပြည့်အဝ ရယူနိုင်ပါသလား? လေလွင့် ဆုံးရှုံးမှု ရှိသလား သိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
1

ဖြေကြားချက် ၁ ခု

193,301 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ အလေအလွင့်ဆုံးရှုံးမှုတွေရှိနိုင်ပါတယ်။ ယူရီးယား (ပုလဲ)ကို မြေသားထဲမှာ သဘာဝအတိုင်းရှိတဲ့ ယူရီ့စ်(Urease) အင်ဇိုင်းက ရက်အနည်းငယ်အတွင်း အမိုနီယမ်အဖြစ် ပြောင်းလဲပေးပါတယ်။ အဲ့ဒီဖြစ်စဉ်ကို Ammonification လို့ ခေါ်ပါတယ်။ ဒီ့နောက်မှာတော့ မြေသားထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း အမိုနီယမ်ကနေ နိုက်ထရိတ်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Nitrification လို့ခေါ်ပါတယ်။ မြေမှုန်၊ မြေသားတွေဟာ အမိုနီယမ်ပုံစံနိုက်ထရိုဂျင်ကို ကောင်းကောင်းစုပ်ယူထိန်းထားနိုင်ပါတယ်။ နိုက်ထရိတ်ပုံစံကိုတော့ အဲ့ဒီလောက်စုပ်ယူထိန်းထားနိုင်စွမ်းမရှိလို့ ရေတွေလျှံထွက်သွားအောင်သွင်းတာ၊ မိုး သည်းထန်စွာ ရွာသွန်းတာမျိုးတွေဖြစ်ရင် စိမ့်ထွက်သွားနိုင်ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေဟာ ဖွယ်တဲ့မြေတွေ၊ သဲမြေတွေမှာဆိုရင် ပိုဖြစ်နိုင်ပါတယ်။ စိုက်မြေတွေမှာ ရေဝပ်ပြီဆိုရင် နိုက်ထရိတ် နိုက်ထရိုဂျင်ဟာ Denitrification ( NO3 မှ NO2) ဖြစ်စဉ်ကနေတဆင့် လေထုထဲ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ မြေအောင်းအဏုဇီဝသက်ရှိငယ်လေးတွေဟာ ပုံမှန်ရရှိနေတဲ့ အောက်ဆီဂျင်ပြတ်လပ်သွားပြီဆိုရင် နိုက်ထရိတ်( NO3- ) ကို ဓာတ်ငွေ့ပုံစံ(နိုက်ထရက်အောက်ဆိုဒ်၊ မော်လီကျူလာနိုက်ထရိုဂျင်,N2)အဖြစ် ဓာတ်လျော့ပြီး အငွေ့ပျံသွားစေပါတယ်။ ဒါ့အပြင် စိုက်ပျိုးမြေတွေမှာ ယူရီးယားကို မြေသားနဲ့ပေါင်းစပ်ခြင်းမရှိဘဲ မြေမျက်နှာပြင်ပေါ်မှာသာ ပက်ကြဲ ထားမယ်ဆိုရင်လည်း အမိုနီးယားဓာတ်ငွေ့တွေဟာ လေထဲကို အငွေ့ပျံဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် ယူရီးယားမြေသြဇာထည့်ပြီးပြီဆိုရင် ၃ စင်တီမီတာ (၁ လက်မကျော်ခန့်) အထူလောက် မြေဖုံးပေးခြင်း (သို့) မြေဩဇာထည့်ပြီး ချက်ချင်းရေသွင်းပေးခြင်းတို့ပြုလုပ်ပေးသင့်တာဖြစ်ပါတယ်။ ဒါမှသာ ဆုံးရှုံးမှုတွေကို ထိန်း ချုပ်နိုင်မှာပါ။

You

ဆက်စပ်မေးခွန်းများ

နှမ်းကိုသီးဆေးပွင့်ဆေးဘာဆေးသုံးရမလဲရှင့်

ဖြေကြားချက် 3 ခု

စပါးအနှံမထွက်ခင် ၇ရက်အလိုမာ နိူက်ထရို ဂျင် ကို တစ်ဧက ကို ဘယ်လောက်နူန်းထားလောက်ကြဲသင့်လဲဗျအစိမ်းရောင်လမ်းကပညာ...

ဖြေကြားချက် 2 ခု

စပါးမှို့ကပ်ချိန်နဲ့ ဖုံးတုံးလုံးတုံးအချိန်မှာ ယူရီးယားလွန်ကဲစွာကျွေးမိရင် အဖျင်းများနိုင်ပါသလား။

ဖြေကြားချက် 2 ခု

ပုလဲနဲ့ လက်ချား အားဆေးက စပါးအတွက်သုံးလို့ရပါသလားခဗျ သုံးလို့ရခဲ့ရင် ဘယ်အချိန်မှာသုံးရမလဲခဗျ

ဖြေကြားချက် 1 ခု

ကျွန်တော် ငြုပ်ပင် အဲ့လိုုဖဟ်နေတယ် ပုလဲကြွေးထားတယ် ရေလည်းများများလောင်းပေးပါတယ် ပုလဲများသွားလို့လားဆရာတို့ ဖြေ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။