အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
240
လွန်ခဲ့သော ၂ နှစ် က · ဝက်လက်

ဒီတစ်ကောင်ရောဆို ၄ ကောင်ရှိပါပြီဗျ။ ရောဂါ သထိထားမိတဲ့ အချိန် နွားက မလန်းပါဘူး၊ စမြုံ့လည်းခတ်တယ်၊ ဆီးလည်းသွား...

ဒီတစ်ကောင်ရောဆို ၄ ကောင်ရှိပါပြီဗျ။ ရောဂါ သထိထားမိတဲ့ အချိန် နွားက မလန်းပါဘူး၊ စမြုံ့လည်းခတ်တယ်၊ ဆီးလည်းသွားတယ်၊ ဝမ်းကတော့မာပါတယ်။ နောက်ရက်ဆို မထနိုင်တော့တာပါ။ မထတော့ရင် အစာမစားတော့ဘဲ နောက်ရက်ဆို ဇာတ်ပါ ခေါက်ပြီး နလန်မထူတော့ပါဘူး။ အရင် ၃ ကောင်ကတော့မရှိတော့ပါဘူး။ ဆရာတွေနဲ့တော့ဆေးထိုးပါတယ်။ ဒါပေမယ့် ရောဂါလည်း အတိအကျ မသိရသေးပါဘူး။ ဘာရောဂါလဲ ၊ ဘယ်လိုကုရလဲဆိုတာသိချင်လို့ပါဗျ။

ကျန်းမာရေး နွား
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

ဆင်တုံးမနွယ်ကိုကြိတ်ပြီးတိုက်ကြည့်ပါ

240 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ မောင်းမတကူပင် ကဘယ်လိုအပင်လည်းခင်ဗျ၊ ဒီဘက်ကအဲ့ဒီအခေါ်အဝေါ်က မကြားဖူးလို့။

241 လွန်ခဲ့သော ၂ နှစ် က

မောင်းမတကူပင်ကို ဆားနဲ့ကြိတ်ပြီးရေရသလောက်ညစ်တိုက်ပေးဗျာ

240 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့။ နယ်ဘက်ဆိုတော့ ရက်တိုသင်တန်းဆင်းဆရာတွေပဲ ရှိကြတာပါ။ ကျွမ်းကျင်ဆရာဝန်လောက်အထိတော့မရှိလို့ပါဗျ။ သတိထားမိတာကတော့ ပထမဆုံးစဖြစ်တဲ့တစ်ကောင်က ဒီနှစ်ဆောင်းဝင်မှ စဖြစ်တာဗျ။ ပတ်ဝန်းကျင်ကတော့ မြစ်ရဲ့ဘေးမှာ ချောင်းလည်းကျတယ်ဆိုတော့ မနက်ခင်းနဲ့ ညတိုင် အပူချိန် 18-19° လောက်ရှိပါတယ်။

193,301 လွန်ခဲ့သော ၂ နှစ် က

အစာကြောင့်နေမယ် ဝမ်းမာတာဆိုတော့ အကောင်းဆုံးကတော့ တက်ကျွမ်းနားလည်တဲ့ မွေးမြူရေးဆရာဝန်နဲ့ ပြပြီး မေးကြည့်တာအဆင်ပြေမယ် ရာသီဥတုပူလို့လည်း ဖြစ်နိုင်တယ် ဘာထူးခြားတာတွေသေးလဲရှင့် ပတ်ဝန်းကျင်မှာ ထူးဆန်းတာမျိုးပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။