အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko zaw
ko zaw 5
လွန်ခဲ့သော ၂ နှစ် က · မင်္ဂလာဒုံ

ကွမ်းပင်အမြစ်တွေဆွေးပီးသေနေလို့ ဘယ်လိုလုပ်ရမလဲ ကူညီဖြေကြားပေးပါဦးဆရာ

မြေဆီလွှာ ကွမ်း ကွမ်းပင်ခြေပုပ်ရောဂါ
Post image
Post image

ဖြေကြားချက် ၁ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,049 လွန်ခဲ့သော ၂ နှစ် က

အမြစ်ဆွေးရောဂါ Root Rot အမြစ်ဆွေးရောဂါသည် Rhizotonia solani ကြောင့် ဖြစ်ပွားပါသည်။ ဤအမြစ်ဆွေးရောဂါသည် မိုးအကုန်ဆောင်းအကူးအောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ဤရာသီတွင် ပြင်းထန်စွာ ကျရောက်တတ်ပါက ကွမ်းပင် (၅၀) ရာခိုင်နှုန်းအထိ ပျက်စီး ဆုံးရှုံးနိုင်သည်။ ကွမ်းပင်၏ အမြစ်များကိုသာ အဓိကထား၍ ကျရောက်ဖျက်စီးသည်။ ရောဂါလက္ခဏာ ကွမ်းပင်အခြေနှင့်မြေအောက် အမြစ်အစိတ်အပိုင်းများကို တိုက်ခိုက်သည့်အတွက် ပင်ခြေရှိ ပင်စည်၌ရောဂါများ ရစ်ပတ်၍ ဖြစ်ပေါ်ပြီး တစ်သျှူးသားများ အရောင်မည်းသွားသည်။ အမြစ်များ နီကျင်ကျင်အရောင်သို့ ကူးပြောင်း၍ ပျက်စီးသွားသည်။ ပင်ခြေနှင့် အမြစ်များကို အဓိကထား တိုက်ခိုက်သောကြောင့်ကွမ်းရွက်များ အရောင်ဖျော့ပြီး ငိုက်ကျလာသည်။ ရောဂါကူးစက်ပုံ မြေမှလည်းကောင်း၊ ပင်ကြွင်းပင်ကျန် အထူးသဖြင့် ပင်ခြေပိုင်းတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ (၃၅-၄၀) ဒီဂရီ စင်တီဂရိတ်တွင် ပွားများမှု အကောင်းဆုံးဖြစ်သည်။ (၅၀) ဒီဂရီ စင်တီဂရိတ်တွင် ရှင်သန်နိုင်မှု မရှိတော့ချေ။ စိုသော မျက်နှာပြင်၊ ခြောက်သောမြေမျက်နှာပြင်တို့တွင် (၅-၇) လ ကြာသည်အထိ အသက်ရှင်နိုင်ကြသည်။ ကာကွယ်နှိမ်နင်းပုံ Phytophthora leaf sport (ပင်ခြေပုပ်ဒေါင်းမြီးကွက်ရောဂါ) ရောဂါကာကွယ်နည်းအတိုင်း ကာကွယ်နှိမ်နင်းနိုင်သော်လည်း ဤရောဂါ ဖြစ်သော မှိုကိုဘော်ဒိုးဆေးရည်ဖျန်း၍ မနှိမ်နင်းနိုင်ပါ။ မန်ကိုဇက် ၈၀% (သို့မဟုတ်) မန်ကိုဇက် ၆၄% + မက်တာလဇီ ၈% ဖြင့်သာ ကာကွယ်နှိမ်နင်းရမည် ဖြစ်သည်။ ကွမ်းပင်တွင် ကျရောက်တတ်သောရောဂါများ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။