ဖြေကြားချက် ၄ ခု
ဒိုလိုမိုက် (Dolomite) အား မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် အတွက်ကော ကယ်ဆီယမ် အာဟာရဓာတ် နှင့် မဂ္ဂနီစီယမ် ၂ မျိုး ရရန် အတွက်ပါ သုံးသည်။ ကောင်းကျိုးများ - ကယ်ဆီယမ် အာဟာရဓာတ် နှင့် မဂ္ဂနီစီယမ် အပင်အာဟာရဓာတ် ၂ မျိုးပါရှိသည်။ ထို့အတွက် မဂ္ဂနီစီယမ်ဓာတ်ကို ကြိုက်သော အပင်များအတွက် အထူးသင့်တော်သည်။ ဥပမာ - ပြောင်း၊ ဘရိုကိုလီ (ဂေါ်ဖီ စိမ်း)၊ ဆလပ်၊ ပန်းဂေါ်ဖီ၊ နှင်းဆီ၊ ငရုပ်၊ အာလူး၊ သကြားမုံလာ (Sugar beet)၊ ပဲမျိုးစုံ စသည်တို့တွင် အချို့သော ဖျက်ပိုးများ နှင့် ဘတ်တီးရီးယားရောဂါများကို သက်သာစေနိုင်သည်။ မှတ်ချက် - ဘတ်တီးရီးယား ပင်ညှိုးရောဂါများ ၊ ပင်စည်ထိုးပိုးများအတွက်တော့ အချည်းနှီးသာ ဖြစ်ပြီး အာနိသင် မရှိပါ။ နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) အပေါ်မူတည်၍ ထည့်ရမည်။ မြေချဉ်ငန်ကိန်း (pH) ၄ နဲ့ ၅ အတွင်း ရှိပါက တစ်ဧက ကို ၃၀ ကီလို ခန့်၊ (pH) ၅.၁ နဲ့ ၆ အတွင်း ရှိပါက တစ်ဧက ကို ၁၅ ကီလိုခန့် ထည့်ရမည်။ ထုံး ကို လယ်ယာစိုက်ပျိုးရေးတွင် သုံးသော် (၂)
အတဆို ဒိုလိုမိုက်ကို မြေချဥ်ကိုပြင်တဲ့နေရာသုံးလို့ရတယ်ပေါ့ဆရာ
ဒိုလိုမိုက်ကမက်ဂနီစီယံနဲ့ကန်းဓာက်ပါတယ်ကန့်ဓာတ်ကမြေချင်ကိုပြုပြင်နိုင်သလိုမက်ဂနီစီယံကအပင်အစာချက်မှုကိုကောင်းစေတယ်
ဒိုလိုမိုက်ကျောက်မှုန့်ကို Ph ထိမ်းညှိရန် အက်စစ်ဓါတ်ရှိသောမြေဆီလွှာကို ပြုပြင်ရန်နှင့် မဂ္ဂနီစီယမ်ချို့တဲ့မြေမှာ အသုံးပြုကြပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သီးနှံအမျိုးမျိုးရဲ့အစေ့တိုင်းက အစေ့တွင်းအစာကို 15ရက်သားထိစားကြတာလား။ 15ရက်ကျော်တဲ့ထိအစေ့တွင်းစာမကုန်တဲ့အပင်...
ဖြေကြားချက် 1 ခု
ခုဖြစ်နေတာရောဂါလားပိုးကြတာလားဆရာတို့ အပင်တေကတဖြေးဖြေးညှိိုးလာပြီးတချို့ပင်တေဆိုသေလာပြီဘာလုပ်ရမလဲခင်ဗျာ
ဖြေကြားချက် 0 ခု
နိုက်တရိုဂျင် ပတ်ကျဲ ပြီးဘယ်နှစ်ရက်အတွင်း အပင်၏စားသုံးမှု ကုန်ဆုံးပါသလဲ ခင်ဗျာ
ဖြေကြားချက် 1 ခု
စပါးပင်တွေနီတိုတွေဖြစ်နေလို့ဘာကိုသုံးလို့အဆင်ပြေနိုင်လဲ
ဖြေကြားချက် 1 ခု
စပါးတွေနီတိုတွေဖြစ်နေလို့ပါဘယ်လိုလုပ်ရပါ့မလဲ
ဖြေကြားချက် 1 ခု