ထုံး ကို လယ်ယာစိုက်ပျိုးရေးတွင် သုံးသော် (၂)
ဒိုလိုမိုက် (Dolomite) အား မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် အတွက်ကော ကယ်ဆီယမ် အာဟာရဓာတ် နှင့် မဂ္ဂနီစီယမ် ၂ မျိုး ရရန် အတွက်ပါ သုံးသည်။
ကောင်းကျိုးများ
- ကယ်ဆီယမ် အာဟာရဓာတ် နှင့် မဂ္ဂနီစီယမ် အပင်အာဟာရဓာတ် ၂ မျိုးပါရှိသည်။ ထို့အတွက် မဂ္ဂနီစီယမ်ဓာတ်ကို ကြိုက်သော အပင်များအတွက် အထူးသင့်တော်သည်။
ဥပမာ - ပြောင်း၊ ဘရိုကိုလီ (ဂေါ်ဖီ စိမ်း)၊ ဆလပ်၊ ပန်းဂေါ်ဖီ၊ နှင်းဆီ၊ ငရုပ်၊ အာလူး၊ သကြားမုံလာ (Sugar beet)၊ ပဲမျိုးစုံ စသည်တို့တွင် အချို့သော ဖျက်ပိုးများ နှင့် ဘတ်တီးရီးယားရောဂါများကို သက်သာစေနိုင်သည်။
မှတ်ချက် - ဘတ်တီးရီးယား ပင်ညှိုးရောဂါများ ၊ ပင်စည်ထိုးပိုးများအတွက်တော့ အချည်းနှီးသာ ဖြစ်ပြီး အာနိသင် မရှိပါ။
နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) အပေါ်မူတည်၍ ထည့်ရမည်။ မြေချဉ်ငန်ကိန်း (pH) ၄ နဲ့ ၅ အတွင်း ရှိပါက တစ်ဧက ကို ၃၀ ကီလို ခန့်၊ (pH) ၅.၁ နဲ့ ၆ အတွင်း ရှိပါက တစ်ဧက ကို ၁၅ ကီလိုခန့် ထည့်ရမည်။
ဆိုးကျိုးများမှာ ..
- သာမာန်ထုံးထက် တစ်ယူနစ် ကုန်ကျစရိတ် ပိုများပါသည်။
- မြေချဉ်ငန်ကိန်း (Soil pH) ကိုသိရှိရန် လိုအပ်သည်။ ဒိုလိုမိုက်ကို မြေချဉ်ငန်ကိန်း (pH – 7) အောက်မြေများတွင် သုံးရပါမည်။ အကယ်၍ မြေချဉ်ငန်ကိန်း (pH – 7) အထက် မြေများတွင် သုံးမိပါက - အပင်များ လောင်နိုင်ပြီး ဆိုးဝါးပါက သေစေနိုင်သည်။
- အပင်များ တက်မလာပဲ ပုစေသော မဂ္ဂနီစီယမ် အဆိပ်သင့်မှု ဖြစ်စေနိုင်၍ မဂ္ဂနီစီယမ်လိုသော မြေတွင်သာ သုံးရန် ပိုသင့်တော်ပါသည်။
- အပင်အတွက် အာနိသင်ပြရန် အချိန်စောင့်ရသည်။ ရေမှာပျော်ဝင်ရန်ခက်သဖြင့်ဖြစ်ပါသည်။ အနည်းဆုံး ၂ - ၃ လ စောင့်ရသည်။
ကျောက်မှုန့်/ လချေးမှုန့် (Gypsum) သည် ရေပျော်စွမ်းအား မြင့်မားသည်။ ထို့အတွက် မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) မည်သည့်အနေအထားတွင်မဆို အသုံးပြုရန် အဆင်ပြေသည်။
အကျိုးကျေးဇူးများ အနေဖြင့်..
- ကယ်လ်ဆီယမ် နှင့် ဆာလ်ဖာ အာဟာရဓာတ် ရရှိစေခြင်း၊ စပါးစိုက်မြေများတွင် ရေအနေထိုင်တာ များသောကြောင့် အဆိပ်ဓာတ်များ စုဝေးလာခြင်းနှင့် ဇင့်ဓာတ် ချို့တဲ့မှုကို ပြုပြင်ထိန်းညှိပေးသည်။
- စိုက်ပျိုးရေအတွင်း အပင်အတွက် အန္တရာယ်ဖြစ်စေမည့် ဓာတ်ဆားများကို လျှော့ချပေးသည်။ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ရေထိန်းစွမ်းအားနှင့် ရေအသုံးချစွမ်းအားကို မြှင့်တင်ပေးသည်။
- မြေဆွေးနှင့် တိရစ္ဆာန်အညစ်အကြေးအဆွေး စသော ဩဂဲနစ်ပစ္စည်းများနှင့်တွဲ၍ သုံးသော် မြေဆီလွှာ၏ သစ်ဆွေးဓာတ်ကို မြင့်တက်စေပြီး ကြပ်နေသော မြေသားများအတွင်း လေဝင်မှုနှင့် ရေစီးဆင်းမှုကို အားပေးသည်။
ထို့အပြင် မြေဆီလွှာတိုက်စားမှုကိုလည်း လျှော့ချပေးနိုင်သည့် အကျိုးကျေးဇူးလည်း ရှိပါသည်။
မြေပဲတွင် အထွက်နှုန်းကို သိသာစွာတိုးစေနိုင်သည်။ (ဆာလ်ဖာ ကြိုက်သောအပင်များမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီမုန့်ညှင်း၊ နှမ်း၊ ဆီအုန်း၊ နေကြာ စသော ဆီထွက်သီးနှံများ၊ ခရမ်းချဉ်။)
မှတ်ချက် - ကျောက်မှုန့်/ လချေးမှုန့် သည် ရွှံ့စေးမြေကို ဖွယ်လာအောင် ရုပ်ပိုင်းဆိုင်ရာ (Physical properties) အရ မပြုပြင်ပေးပါ။ ထယ်ရေးမကောင်းခြင်း၊ မြေအတွင်း ကျောက်လွှာ အမာခံနေခြင်း စသော ထုထည် ကြီးမားသည့် ပြဿနာများကိုလည်း မဖြေရှင်းပေးနိုင်ပါ။
နှုန်းထား - တစ်ဧကကို ၁ တန်ခန့် - မြေချဉ်ငန်ကိန်း (pH) ၁ ယူနစ် လျော့စေရန် ဥပမာ pH 9 မှ 8 ဖြစ်ရန် တစ်ဧက ကို ၃ တန်ခန့် အနည်းဆုံး ထည့်ရမည်။
ရေစိမ့်ဝင် စီးဆင်းမှုကောင်းရန်နှင့် အဆိပ်အတောက်များကို ဖြေရှင်းရန် တစ်ဧက ၆၀ ပိဿာ - (၁၀၀ ကီလို) ခန့် ထည့်ရမည်။
ဆိုးကျိုးများ - ဈေးများသည်။ မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် အတွက် သိသာသော ထိရောက်မှု မရှိပါ။ ပိုတက်ဆီယမ် အာဟာရဓာတ်ကို မြေအတွင်းတွင် ပိုချို့ တဲ့စေသည်။
အနှစ်ချုပ်အနေဖြင့်..
ထုံး၊ ကျောက်မှုန့်၊ ဒိုလိုမိုက် အားလုံးတို့သည် တန်ဆေး လွန်ဘေး ဖြစ်ပါသည်။ အစကတည်းက မြေမချဉ်အောင် သတိထားလုပ်ဆောင်ပါ။ မြေချဉ်၍ ကုစားဖို့ရန် ရေရှည်အတွက် အချိန်ပေးရပါသည်။
စိုက်ပျိုးရေး အသိကြွယ်စေရန် ရည်ရွယ်၍
မှ
ဖုန်းမာန်တိုး (ရေဆင်းရနံ့)
အပိုင်း(၁) ကို ဒီလင့် https://greenwaymyanmar.com/posts/Application_of_Lime_and_its_related_products_in_Agricultural_Soil ကနေ ဖတ်ရှုနိုင်ပါသည်။
ကျမ်းကိုးများ - https://socratic.org/.../how-do-you-calculate-the...
https://www.dpi.nsw.gov.au/.../guides/soil-acidity/best-lime
https://www.fertilesoilsolutions.com/.../comparing.../
Iowa State University, USA,
Gardening Australia,
The Agriculture and Food Development Authority (Teagasc), Ireland.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Zaw Lay
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ကိုဇော်မင်းထက်
လွန်ခဲ့သော ၂ နှစ် ကလိုအပ်တာလေးတွေ့ ဓာတ်ပုံ ရိုက်ထားပါတယ် ခင်ဗျာ
nay zaw thu
လွန်ခဲ့သော ၃ နှစ် ကမြေဆီလွှာအမျိုးစား၂၄မျိုးဘာတွေလဲဗျ
ရန်နိင်လင်း
လွန်ခဲ့သော ၃ နှစ် ကကျွန်တော်က လက္ဘက်စိုက်တောင်သူ တယောက်ပါ ပီးတော့လက္ဘက်ကထုံးဓာတ်ကို ကြိုက်လားဗျ
Sai Phyoe
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....