အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
15,275
လွန်ခဲ့သော ၂ နှစ် က · သံတွဲ

NPK အာဟာရ(၃)မျိုးအနက် အပင်အတွက်လိုအပ်သည့်ပမာဏ အများဆုံး၊ ဒုတိယအများနဲ့ အနည်းဆုံးက ဘယ်အာဟာရလဲ သိချင်လို့ပါ။

မြေဆီလွှာ ငရုတ်သီး အပင်အာဟာရဓာတ်များ

ဖြေကြားချက် ၃ ခု

193,301 လွန်ခဲ့သော ၂ နှစ် က

ဘယ်သီးနှံအတွက်လဲရှင့်

15,275 လွန်ခဲ့သော ၂ နှစ် က

စိုက်ခင်တစ်ခုတွင် အပင်သက်တမ်းတလျှောက် ထည့်ရမယ့် N,P,K တို့ရဲ့ အလေးချိန် kg အနည်းအများကိုမေးတာပါဆရာမ၊ ဘယ်အာဟာရက အလေးချိန်kg အများဆုံးလိုအပ်သလဲ၊ ဘယ်အာဟာရက ဒုတိယအများဆုံးလိုလဲ သိချင်တာပါ

193,301 လွန်ခဲ့သော ၂ နှစ် က

တချို့စာတမ်းတွေမှာတော့ N လို့ဆိုထားပါတယ်။ ကျွန်မကတော့ ဒီ ၃ ခုလုံးထဲမှာ ဘယ်ဟာက ဘယ်လိုပိုအရေးကြီးပါတယ်ဆိုပြီး ခွဲထုတ်လို့မရဘူးလို့မြင်ပါတယ်။ ဘာလို့ဆို N က အပင်ကြီးထွားဖို့ ၊ P ကတော့ အပင်ရဲ့အစောပိုင်းအဆင့်မှာ ဆဲလ် ကွဲပွားဖို့၊ ပဲပင်တွေမှာဆိုရင် နိုက်ထရိုဂျင်ဖမ်းယူဖို့၊ စပါးပင်တွေမှာဆို ပင်ပွားထွက်ဖို့ နဲ့ K ကတော့ ရောဂါဒဏ်ခံနိုင်ဖို့၊ ရေထိန်းအားကောင်းဖို့၊ အထွက်နှုန်းတိုးဖို့အတွက်ဆိုတော့ အဆင့်တိုင်းမှာ သူ့အလုပ်သူလုပ်တာပါ .N များသွားရင် အပင်ဟုန်ပြီး အသီးမသီးတာတွေ ဖြစ်လာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။