ငါးအမိုင်နို နှင့် အရွက် EM ရခဲ့လျှင် ဘယ်အချိုး စပ်ရမည်နည်း ဘယ်အပင် အမျိုးအစား တွင် သုံးရပါ မည်နည်း(ဥပမာ) ,အရွက်! အပွင့်! အသီး ပင်? အပင်ခြေ မြေကို သို့မဟုတ် ပင်စည် နှင့် အရွက် မည်သည့် နေ ရာတွင် အစာကြွေးသင့်ပါသနည်း
ငါးအမိုင်နိုက နိုက်ထရိုဂျင်ပါဝင်မှုမြင့်ပါတယ်။ ရွက်ဖြန်းအနေနဲ့ ဖြန်းကျသလို အပင်ခြေမှာလည်း လောင်းပေးကြပါတယ်။ အရွက် EM ဆို အချဉ်ဖောက်ထားတဲ့ အရွက်ရည် (FPJ) ကို ပြောတာဖြစ်မယ်ထင်ပါတယ်။ သူ့ကိုတော့ အရွက်ဖြန်းအနေနဲ့ သုံးကြပါတယ်။ ရောဖြန်းမယ်ဆိုလည်းရပါတယ်။ တစ်ခုပဲ ငါးအမိုင်နိုင်လုပ်တဲ့အခါမှာ ပြင်းအားကို ဂရုစိုက်ဖို့ လိုပါမယ်။ ပြင်းအားက တစ်ပုလင်းနဲ့တစ်ပုလင်း မတူကြလို့ အရင်ဆုံး အပင်နည်းနည်းကို စမ်းသပ်ပြီးမှ အခြားအပင်တွေကို ဖြန်းစေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ပြင်းအားမစမ်းပဲ ဖြန်းလို့ အပင်တွေ လောင်ဖူးပါတယ်။
ဆက်စပ်မေးခွန်းများ
အင်ဇိုင်းဆေးရည်လုပ်နည်းသိချက်ပါတယ်ဗျ
ဖြေကြားချက် 0 ခု
ဆန်ဆေးရည် 1.5 လီတာ သကြားညို 2 ဇွန်း ဒိန်ချဉ် 2 ဇွန်း အဲဒီဟာတွေရောပြီး 7 ရက်ထားရင် 15 ပတ်လည်နဲ့ညီမျှတဲ့ သဘာဝဆေး...
ဖြေကြားချက် 3 ခု
စိုက်ပျိုးရေးအတွက် စာအုပ်လိုချင်လို့ပါ ဘယ်မှာဝယ်လို့ရမလဲဗျ သီနှံအားလုံးအတွက် သဘာဝမြေသြဇာ လုပ်နည်းတွေ...
ဖြေကြားချက် 1 ခု
မြေဆွေးနဲ့ နွားချေးကို ပေါင်းစပ်ပိ အာဟာရလုပ်လို့ရပါ့သလားခင်ဗျာ လုပ်လို့ရရင်လည်း ဘယ်လို လုပ်ရပါ့သလည်းဆိုတာကို...
ဖြေကြားချက် 9 ခု
ပဲရိုးဆွေးစပါးခင်းထဲဘယ်လိုကြဲရတာရှင့်အကြံလေးပေးကျပါအုံး
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။