အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ZAWSHEINN
ZAWSHEINN 136
လွန်ခဲ့သော ၂ နှစ် က · ကျောက်ဆည်

သဘာဝ တမာဆေးရည် လုပ်ချင်လို့ပါ အရွက်ကို အပင်ပေါ်က ချိုး လုပ်ရင်ရလားဗျ

ပိုးမွှားရောဂါ ရုံးပတီ ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ

ဖြေကြားချက် ၆ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,122,688 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဦးခင်ရှိန်.ရေ။အချို့တောင်သူတွေက၊စိတ်ထဲကသိချင်တာကို၊ စာရေးဖို့ အချိန်မရတာလား၊အလေ့အထမရှိလို့များလားမသိ။ အတိုချုပ် မေးကြတာများတယ်ဗျ။ သူမေးချင်တာက၊တမာဆေးရည်လုပ်ဖို့၊တမာစေ့၊တမာခေါက်၊တမာရွက်နဲ့လုပ်တဲ့နေရာမှာ..အပင်ပေါ်က အရွက်ကိုချက်ချင်းချိုးယူပြီးလုပ်လို့ရသလား?မေးချင်တာထင်ပါတယ်။ အကောင်းဆုံးက၊တမာစေ့ကြိတ်ဆီရရင်ကောင်းတယ်။ မရရင်၊တမာခေါက်ပြုတ်ရည်၊တမာရွက်နုပ်နုပ်စင်းပြီး၊ဆေးရွက်ကြီးနဲ့စိမ်ရည် ဆိုလဲရပါတယ်။ တမာမှာ၊အဇာဒီရက်တင် လို့ခေါ်တဲ့ ပိုးသတ်ဆေး1% ပါတယ်လို့ဆိုပါတယ်။

ဝိုင်းဇင်ကျော်
ဝိုင်းဇင်ကျော် 1,356 လွန်ခဲ့သော ၂ နှစ် က

တမာပိုးသတ်ဆေးလုပ်တဲ့အခါကြက်သွန်ဖြူနှစ်တက်လောက်ထောင်းပြီးထည့်ရင်ကောင်းပါတယ်ဗျ

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 220,323 လွန်ခဲ့သော ၂ နှစ် က

လတ်လတ်ဆတ်ဆတ်အရွက်နဲ့လုပ်တာပုကေင်းပါတယ်

ZAWSHEINN
ZAWSHEINN 136 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ ခင်ဗျ

ဦးခင်ရှိန်
ဦးခင်ရှိန် 7,856 လွန်ခဲ့သော ၂ နှစ် က

အရွက်ကတော့ အပင်ကနေချိုးယူမှရမပေါ့

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးပျိုးထောင်ချိန် ရက်(၂၀ )သားမှာ ပျိုးပင်ထိပ်ဖျားတွေခြောက်နေပြီး နေရောင်အောင်မှာကြည့်လိုက်ရင် နီသရောင်ရောင်...

ဖြေကြားချက် 1 ခု

ကာဘော်လိပ်ဆပ်ပြာတုံးကို ရေဖျော်ပြီး ပိုးကာကွယ်ဆေးအဖြစ်၊ ရုံးပတီပင်အရွက်တွေကို ဖျန်းလို့ရလားခင်ဗျာ၊ ရေ(၁)ဂါလံ...

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်မှာ ဖြုတ်တွေအများကြီးကျနေလို့ ဖြေရှင်းလို့ရမဲ့သဘာဝနည်းများ ရှိပါသလားဗျ

ဖြေကြားချက် 2 ခု

တမာရွက်ကိုပိုးပြေးအသုံးပြုသလို့စသည်အားဖြင့် ခါးသောအရွက်သင်းဘောရွက်တို့ ကြင်းခါးရွက်တို့အသုံးပြုလို့ရလား ဘယ်လို...

ဖြေကြားချက် 2 ခု

ဆေးရွက်ကြီး တမာရွက် အရက်ဆီ ဒီသုံးမျိုးရောဖြန်းရင်သင့်ရဲ့လားဗျနှုန်းထားဘယ်လောက်ထဲ့သင့်လဲဗျ ဆရာအပေါင်းကျမ်းမာပါ...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။