အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,206
လွန်ခဲ့သော ၁ နှစ် က · မကွေး

၃လမြေပဲ အပွင့်ပွင့်ချိန် မိုးရွာရင် အထွက်နှုန်းကျနိုင်ပါလားဆရာ။

စိုက်ပျိုးစီးပွား မြေပဲ စိုက်ပျိုးဗဟုသုတ
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၁ နှစ် က

မြေပဲတို့ပဲမျိုးတို့ကပန်းမပွင့်ခင်ကဝတ်မှုံကူးပြီးပြီဆုတော့အသီးတင်ဘို့စိတ်မပျက်ပါနှင့်အစိုဓာတ်ရပြီးအဟာရလုံလောက်ရင်အထွက်တောင်ပိုလာအုူံမယ်မိုးသိပ်များရင်တော့အပင်သေကုန်မှာဘဲ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

စပါး၊နှမ်း၊စတဲ့ ပန်းခိုင်နဲ့ဆုံးတဲ့အပင်မျ်ုးတွေက၊အပွင့်ပွင့်ချိန်မိုးမိရင်၊ဝတ်မှုံမကူးနိုင်လို့ အထွက်နုန်းကျတာပါ။ မြေပဲကဲ့သိူ့၊မြေမှာကပ်ပွင့်ပြီး၊အရွက်အုပ်ထားတဲ့အပင်မျိုးတွေမှာလည်းကောင်း၊ အပွင့်ချပ်အုံအတွင်းမှာ၊အဖိုအင်္ဂါ၊အမအင်္ဂါ၂မျိုးပါပြီး ဝတ်မှုံကူးတဲ့အပင်တွေမှာ အပွင့်ပွင့်ချိန်မိုးရွာလည်း၊အထွက်နုန်းကို ထိခိုက်မှုနည်းပါတယ်။(မိုးအရမ်းသည်းထန်ရင်တော့..တမျိုးပေါ့)

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၁ နှစ် က

အနဲငယ်ကျနိုင်ပေမယ့် အဟာရဓာတ်ဖြင့် ပြန်လည် အထွက်ကာမိအောင်ပြုလုပ်နိုင်ပါသည် အသေးစိတ်ကို အောက်ပါ ဆောင်းပါးလေးဖတ်ပြီးလေ့လာနိုင်ပါသည် မြေပဲပင်အတွက် အာဟာရလိုအပ်ချက်

348,307 လွန်ခဲ့သော ၁ နှစ် က

ပန်းပွင့်စေသောဟော်မုန်းဆေးနှင့် ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်၊ဘိုရွန်ပါသောရွက်ဖျန်းအားဆေးကိုဖျန်းပေးပါဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။