အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေပဲပင်အတွက် အာဟာရလိုအပ်ချက်

မြေပဲပင်အတွက် အာဟာရလိုအပ်ချက်

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 14/12/2018

မြေပဲစိုက်ကြတဲ့ တောင်သူဦးကြီးတွေဟာ ဆိုရင် လိုအပ်တဲ့ အာဟာရတွေကို အပင်လိုအပ်တဲ့ အချိန်မှာ ထည့်ပေးနိုင်ရင် အကောင်းဆုံးအထွက်ကိုရမယ်။ အလုံးလှလှ ကြီးကြီးမြေပဲတွေ ရလာအောင်လို့ ဘာတွေလိုက်နာသင့်တာလဲဆိုတာကို ဦးလေးကြီးက နည်းနည်း လေရွှီးမလို့……

နိုက်ထရိုဂျင် (N)

ပဲမျိုးရင်းဝင်အပင်တွေ အထူးသဖြင့် မြေပဲလိုမျိုး အပင်လေးတွေက နိုက်ထရိုဂျင်ကို ကိုယ့်ဘာသာရနိုင်တာဖြစ်ပါတယ်။ အဲ့တော့ တစ်ခြား ထပ်ထည့်ဖို့ကတော့ လိုအပ်မှာတော့ မဟုတ်ပါဘူး။ ထပ်မထည့်နဲ့ လို့တော့ ပြောတာမဟုတ်ပါဘူးနော်။ တော်ကြာ ဦးလေးကြီးကြောင့် မထည့်တော့ပါဘူးဆိုတာ ဖြစ်နေဦးမယ်။ မြေအမျိုးအစားကိုကြည့််ပြီးတော့ ထည့်သင့် မထည့်သင့် ကို ချိန်ဆပြီးတော့ ထည့်ပေးရမှာပါ။

ဖော့စဖောရပ်စ် (P) နဲ့ ပိုတက်စီယမ် (K)

အကောင်းဆုံးကတော့ မြေကိုစစ်လိုက်တာပါပဲ။ မြေကြီးကို စစ်ပြီးတော့မှ ပြင်စရာရှိတာတွေ ပြင်လိုက်မယ်ဆိုရင်တော့ မြေပဲတွေက တကယ်ကိုအောင်မြင်မှာပေါ့။ မလုပ်နိုင်သေးဘူး အလှမ်းဝေးတယ်ဆိုရင် ကျောက်မှုန့်လေးတော့ မြေခံမှာထည့်ပေးပါ။  သဘာဝမြေဆွေးတွေ ထည့်ပေးတာမျိုး နဲ့ မြေကို ပြင်ပေးလို့ရပါတယ်။ ပုံမှန်ထည့်နေကျအတိုင်း ထည့်ပေးနိုင်ပါတယ်။

ကဲလာပါပြီဗျာ အရေးကြီးတဲ့ အပိုင်း

ကယ်လ်စီယမ် (Ca)

အပင်ကတော့ ကြီးလာမယ်။ ကယ်လ်စီယမ် ကိုထည့်မကျွေးထားဘူးဆိုရင် အညှာတော့ အောက်ကိုဆင်းသွားမယ် အဆန်ပါတဲ့ အစေ့တောင့်တောဖြစ်လာမှာ မဟုတ်ပါဘူး။ မြေထဲမှာ မြေပဲရဲ့ မြစ်ဆွယ်လေးတွေ ဆင်းတဲ့ ဧရိယာမှာ ကယ်လ်စီယမ်တွေရှိနေမှပဲ မဂ္ဂနီစီယမ်(Mg) နဲ့ ပိုတက်ရှိ(P) ကို စုပ်ယူနိုင်မှာမို့ပါတဲ့။ အဲ့လို စုပ်ယူနိုင်လေလေ ကိုယ့်ရဲ့ အသီးတောင့်ကြီးပြီးတော့ အစေ့အဆန်အောင်လေလေ ဖြစ်မှာပါ. အဲ့တော့ အပင်လေးတွေရဲ့ သီးညှာ ဆင်းတဲ့ အချိန်မှာ ကယ်လ်စီယမ် (Ca) ကို မဖြစ်မနေ ထည့်ကိုထည့်ပေးရမှာပါ။

ဘယ်လိုထည့်ရမလဲဆိုတော့ မြေချဉ်ငံကိန်းကို ထိန်းပေးနိုင်အောင်ထည့်တဲ့ ထုံး၊ ဂျစ်ဆန် (ကျောက်မှုန့်) စတာတွေကို ထည့်ပေးလို့ရပါတယ်။ မြေခံ ဖြစ်ဖြစ် အပင်စိုက်ပြီး ၃၀ ကနေ ၄၅ ရက်သားမှာဖြစ်ဖြစ်ထည့်ပေးတာမျိုးလုပ်ပေးပါ။

ဘိုရွန် (B)

ဘိုရွန် ကတော့ နောက်ထပ် အရေးကြီးတဲ့ အာဟာရ တစ်မျိုးဖြစ်ပါတယ်။ သူချို့တဲ့တဲ့အခါကျတော့ အသီးတောင့်တွေထဲ အစေ့အဆန် မအောင်တာမျိုး အရသာ မကောင်းတာမျိုး စတာတွေဖြစ်တတ်ပါတယ်။ အဓိက တရားခံ က သူပါနော်။

မန်းဂနိစ့်(Mn)

ချို့တဲ့တဲ့ အခါ အရွက်တွေမှာ လက္ခဏာတွေကို အရင်ဆုံးတွေ့ရမှာပါတဲ့ဗျာ။ အရွက်တွေကတော့ အရောင်ဖျော့သွားမယ်။ ဒါပေမဲ့ ရွက်ကြောတွေကတော့ ပိုတောင်စိမ်းလာမယ်တဲ့။ အဲ့နောက်ကနေ စပြီးတော့ အပင်တွေက ဖိအားတွေ ခံရပြီးတော့ အစေ့အဆန်ကိုထိခိုက်စေတာပေါ့။ မြေချဉ်ငံကိန်းမြှင့်တဲ့ ဆားပေါက်မြေတွေ ဆပ်ပြာပေါက်တဲ့မြေတွေမှာ မန်းဂနိစ့် ချို့တဲ့တာကို အများဆုံးတွေ့ရမှာဖြစ်ပါတယ်။ အဲ့လိုမြေတွေမှာ စိုက်ထားမိတယ်ဆိုရင်တော့ အပိုထပ်ထည့်ပေးဖို့ မမေ့ပါနဲ့။
ခုပြောပြပေးတာက အရေးကြီးတဲ့ အဓိက အချက်လေးတွေလောက်ပါပဲ။ သူတို့ကိုသာ ကောင်းကောင်းဂရုစိုက်ပေးရင် ကျန်တဲ့ အချက်တွေကတော့ အေးဆေးမှာပါ။ အဆင်ပြေကြပါစေဗျာ။

Reference - https://www.southernstates.com/articles/nutrient-management-peanuts.aspx?fbclid=IwAR1XEbzBHlUJWWcM9vWiYTd8FbPBx64wkqLMRfLJQc1VdOdB0MFA_FwDjmo

Htunn Win Kyaw

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မြေပဲပင်အာဟာရ

မြေပဲပင်အာဟာရ

Ye Thu Aung123

Ye Thu Aung123

လွန်ခဲ့သော ၄ နှစ် က

ဘိုရွန် က လက်ချား ပရဆေးဆိုင် မှာရနိင်တယ်

UAungWin

UAungWin

လွန်ခဲ့သော ၅ နှစ် က

ဘိုရွန်ကဘယ်မှာဝယ်ရမလဲ

UAungWin

UAungWin

လွန်ခဲ့သော ၅ နှစ် က

ဥဆင်းတဲအချိန်ဘာဆေးသဖုံးရမလဲ

သန်းစိုး

သန်းစိုး

လွန်ခဲ့သော ၅ နှစ် က

ဘိုရွန် B. ဘယ်မှာဝယ်ရမှာလဲ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။