အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချင်းကြီး
လွန်ခဲ့သော ၇ နှစ် က · ပန်းတောင်း

ဒေသနွားမ တွေက သားကျပြီးဘယ်နှ စ်လအကြာမှာ ပြန်ပြီးသားတောင်းတတ်လဲခင်ဗျ ဘယ်နှစ်ခါခြားပြီး ဘယ်နှစ်ကြိမ်လောက် တောင်းတတ်သလဲ သိချင်လို့ပါဗျ ဘယ်အကြိမ်မှာ သားစပ်တာအကောင်းဆုံးလဲထိုတာရော နွားမဒါန်းမဆိုရင်ရော ဘယ်အချိန်နောင်းတတ်လဲဆိုတာသိချင်လို့ပါခင်ဗျ ကျွန်နော်က အခုမှ နွားစမွေးပြီး မေထုံမဲ့ သားစပ်ချင်လို့ပါခင်ဗျ ကျေးဇူးပြုြင်္ပီး ဖြေကြားပေးကြပါဦး ဆရာသမားတို့ခင်ဗျ။

မျိုးပွားခြင်း နွား
5

ဖြေကြားချက် ၅ ခု

myintwai
myintwai 1,974 လွန်ခဲ့သော ၇ နှစ် က

နွားတွေကိုအစာတအားကျွေးလို့ဝလာရင်သားမပေါက်တော့ဘူးဆိုတာဟုတ်လား

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နွားက သူထုတ်လုပ်ပေးနေရသလောက်/သူ့အတွက် လိုအပ်တဲ့အာဟာရကို ကောင်းစွာရနေတဲ့နွားမ/သားဥအိမ်ကောင်းမွန်တဲ့နွားမဆိုရင် နွားကလေးမွေးပြီး ရက် ၃၀ အတွင်း မြိုင်ပေါ်ပါတယ်။ ရက် ၃၀ အတွင်း မပေါ်သေးရင်တောင် ၄၅ရက် အတွင်း မြိုင်ပြကိုပြပါတယ်။ စောင့်ကြည့်ပါဦး။ မွေးပြီးနွားမတွေ မြိုင်မပေါ်နိုင်ဘူးဆိုတာက အာဟာရမလုံလောက်လို့ပါ အစာမကောင်းလို့ပါ။ နွားကလေးလည်းမွေးထားရ နို့လည်းများများပေးနေရချိန်မို့ အစာအာဟာရကောင်းကောင်းကျွေးဖို့လိုပါတယ်။ နွားက ၄၅ ရက်အတွင်းမှာရော ၄၅ရက်နောက်ပိုင်းမှာရောမှ မပြလျှင် ဆန္ဒရှိက မြိုင်ပေါ်ဆေး ထိုးနိုင်ပါသည်။

Myint Tun
Myint Tun 584 လွန်ခဲ့သော ၇ နှစ် က

သားကျပြီး၄၅ရက်ပြည့်ရင်မြိုင်ထဆေးထိုးလို့ကောင်းလား

ချင်းကြီး
ချင်းကြီး 2,155 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါခင်ဗျ

A.K.Linn
A.K.Linn 929 လွန်ခဲ့သော ၇ နှစ် က

ခန္ဓာကိုယ် အနေအထား ပေါ်မူတည်ပြီး သားတောင်းတတ်ပါတယ် ဝလျှင်စောတောင်းတတ်ပီး ပိန်လျင် နောက်ကျတောင်တတ်ပါတယ် သားမွေးပြီး ၄၅ရက်မှ ၆၀ရက်အတွင်း သားစပ်နိုင်လျင် တနှစ်တသား ပုံမှန်ရမှာပါ...သားစပ်ချိန်မှာ ၃လ နောက် မကျော်ပါစေနဲ့ တခါတောင်းပီးလျင် ပျမ်းမျှ ၁၈ရက်မှ၂၁ရက်အတွင်း မြိုင်ပြန်ပေါ်ပါတယ်...

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။