သီးပင်စားပင်များဘလိုစိုတ်ပျိုးရမှန်းမသိ အခြေခံလည်း စိုတ်ပျိုးချင်တာပဲသိတယ် ဘာပြောရမှန်းတောင် မသိဖြစ် လမ်းပြောက်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၆ နှစ်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
တစ်ပိုင်တစ်နိုင်စိုက်ပျိုးချင်တာလားရှင့် သီးပင်စားပင်တွေ စိုက်တယ်ဆိုတာ အနုပညာတစ်ခုနဲ့ တူသလို ကိုယ့်စောင့်ရှောက်ရတဲ့ ကလေးတစ်ယောက်နဲ့လည်း တူပါတယ်။ အမြဲတမ်းသူ့ကို အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာတွေကို ဖြည့်တင်းပေးမယ်ဆို အရည်အသွေးကောင်းတဲ့ သီးနှံတွေ ထွက်ပါတယ်။ ဘာစိုက်ရမှန်းမသိရင်တော့ သီးနှံပင်တွေ ဖြစ်တဲ့ ငှက်ပျော၊ သင်္ဘောလိုမျိုး ဖြစ်ထွန်းလွယ်တဲ့ အပင်တွေ စစိုက်ကြည့်ပါ ဟင်းသီးဟင်းရွက်ဆို ချဉ်ပေါင်၊ ကန်စွန်းက အကြမ်းခံပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခြံစိုက်ချင်တာပါ ခုမှစလုပ်မှာပါလေ့လာနေတုန်းပါ သပြေငုတ်စစိုက်မယ်တွေးပါတယ် နွားထိုးကြီးကမို့အပူပိုင်းထဲပါပါတယ်...
ဖြေကြားချက် 1 ခု
hi , mingalar ပါ ပေ ၅၀,၆၀အကျယ်ရေဝပ်တဲ့ခြံဝန်းထဲမှာ၊ သီးပင်စားပင်ဘာစိုက်ရင်ကောင်းမလဲ။ လနဲ့ချီပြီးလည်းသွားမကြည့်...
ဖြေကြားချက် 2 ခု
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ တွင် မိုးရာသီမှာစိုက်ပျိုးလို့ရမယ့် ဟင်းသီးဟင်းရွက် သီးနှံများကို ပြောပြပေးပါ...
ဖြေကြားချက် 1 ခု
နွေစပါးမစိုက်ဘဲနဲ့ ဒီနှစ်အတွက် ဘာသီးနှံ စိုက်ရင်ကောင်းမလဲ စပါးစိုက်စားရိတ်မတတ်နိုင်တော့လို့ပါ ကုန်းကွင်းပါ...
ဖြေကြားချက် 2 ခု
ပြင်ဦးလွင်ရွှေချောင်းရွာမြေအနေအထားနဲ့ဘာသီးနှံများစိုက်လို့ရနိုင်မလဲဗျအခုမှစျုက်ပျိုးရေးစလုပ်တာပါခင်ဗျ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။