ဖြေကြားချက် ၄ ခု
အချဉ်ဖောက်ထားသော အရွက်ရည် Fermented Plant Juice (FPJ) သူချည်းပဲ ဖျန်းရင်တော့ ပြင်းပြီး လောင်နိုင်ပါတယ်။ အားဆေးရည် လက်ဖက််ရည် ၁ ပန်းကန် နဲ့ ရေ ၄ဂါလံ ရောဖျန်းပေးပါဗျ။
အီးအမ်ပြုလုပ်နည်း လိုအပ်သော ပစ္စည်းများ 🔰🔰 (၁) သင်္ဘောသီး ၁ လုံး (၅၀ သား ဝန်းကျင်) (၂) ငှက်ပျောသီး ၁ ဖီး (၅၀ သား ဝန်းကျင်) (၃) ရွှေဖရုံသီး ၁ လုံး သို့မဟုတ် ၁ခြမ်း (၅၀ သား ဝန်းကျင်) (၄) ကြက်ဥ ၃-လုံး (လတ်လတ်ဆက်ဆက်ကို ဖောက်ထည့်ပါ) (၇) ဆန်ဖွဲနု (သို့မဟုတ်) ဂျုံဖွဲနု ၁- ပိဿာ (၈) ထန်းလျက် (သို့မဟုတ်) ကြံသကာ (သို့မဟုတ်) သကာရည် ၂ ပိဿာ (၉) ရေ ၅လီတာမှ ၁၀လီတာ ဝန်းကျင် (၁၀) ရေ ၈ ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဉ့်အိုး ပြုလုပ်နည်းအဆင့်ဆင့် ၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ မုန်လာဥနီ(အမှည့်လွန်နေလျှင် ပိုကောင်းသည်။ အမှည့်အရမ်းလွန်ပြီး ပုပ်နေတာမျိုးတော့ မဖြစ်စေရပါ။) တို့ကို ၅၀သားစီ စုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ အသီးများကို ရေမဆေးရပါ။ ၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို ၂ ပိဿာခန့်ဝယ်ပြီး ရေဖြင့် မပြစ်မကျဲကျိုပါ။ ၃။ ထို့နောက် အသီး များ၊ သကာရည် (အချိုရည်)၊ ဖွဲနု၊ ကြက်ဥ ၃လုံး၊ တို့ကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ အနဲဆုံး စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။ ၄။ ရေကို မပျစ်မကျဲ အနေအထား ရောနိုင်ပါတယ်။ အမယ်အားလုံး မြှပ်ရုံအနေအထားဆို ရပါတယ်။ ထို့ နောက် ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စီးထားပါ။ ၅။ ၂-ရက် ၃ ရက်တခါ အိုးကို အနည်းငယ်လှုပ်ပေးပါ။ ရာသီဥတု ပူလျှင် ၇ ရက် အေးလျှင် ၁၀ ရက်ကျော်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် အဖြူရောင်မှိုများ အနည်းငယ် တက်နေလိမ့်မည်။ ၆။ စဉ့်အိုးကို အပူချိန်မျှတ၍ အရိပ်ရသော နေရာတွင် ထားပါ။ အကယ်၍ စဉ့်အိုးအစား အလင်းပေါက်နိုင်သော ဖန်အိုးများလဲ ရှိပါက သုံးနိုင်ပါတယ်။ ၇။ ထိုဖျော်ရည်ကို ပိတ်စပါးဖြင့် စစ်ယူပြီး ပုလင်းအသန့်ထဲ ထည့်ထားပါ။ ပုလင်းထဲသို့ အပြည့်မထည့်ဘဲ လေဟာနယ် အနည်းငယ်ချန်ပေးရမည်။ ၆လအတွင်း အသုံးပြုရမည်။ ၈။ အီးအမ်ဖျော်ရည်ရေသန့်ဘူး၄ပုံ ၁ပုံ(၂၅၀ စီစီ)အားရေ (၄) ဂါလံဖြင့်ဖျန်းနိုင်သည်
ဆက်စပ်မေးခွန်းများ
အသင့်သုံး အီးအမ်ပါ အဲ့ပုံစံဆို သုံးလို့ ရပါသလား သုံးလို့ရရင် ဘယ်လောက်ထိ အထားခံပါသလဲ ခင်ဗျ
ဖြေကြားချက် 3 ခု
မြေပဲက ၂ လပြည့်နေပါပြီ EM. FAA ဖျန်းလို့ ရသေးလား ခင်ဗျ
ဖြေကြားချက် 3 ခု
EM5 လုပ်နည်းလေး အသေးစိပ်သိ ပါရစေ ခင်ဗျ EM5က ပိုးသေ.. မှိူရောဂါ ပျောက်ပါသလား ခင်ဗျ EM5 က အပင်ရော အားရှိတာလား ၇...
ဖြေကြားချက် 3 ခု
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
ဖြေကြားချက် 1 ခု
အပင်သက်တမ်းက ၂၀ရက်သား EM နဲ့ နွားသေး ပိုးဆေးပါရေားဖြန်းလို့ရပါသလားခဗျာ။ ဖြေပေးပါဆရာ
ဖြေကြားချက် 2 ခု