အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
freddy
freddy 1,031
လွန်ခဲ့သော ၁၀ လ က · ရေစကြို

အရင်နှစ်ကုလားပဲပင်အရမ်းသေလို့ ဒီနှစ်မြေစပြင်တုန်းgypsumထည့်လို့ရမလားဗျ အခြားနည်းလမ်းတွေရောရှိလားဗျ 7ဗန်းလှန်ပြီး ထယ်ရေးအခြောက်ခံပြီးgysumပတ်ဖို့စိတ်ကူးထားတယ်ဗျ ဘယ်လိုပံစံနဲ့ကြိုတင်ပြင်ဆင်တာကောင်းမလဲဗျ

ပိုးမွှားရောဂါ ကုလားပဲ

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၁၀ လ က

ကုလားပဲစိုက်လာတာ ၁၀နှစ်ကျော်လာရင်တော့၊အခြားသီးနှံသာပြောင်းလိုက်ပါ။

သော်ဇင်
သော်ဇင် 353,107 လွန်ခဲ့သော ၁၀ လ က

ဂျစ်ဆမ်ထည့်သွင်းခြင်းထက် မှိုကြောင့်သေမှာစိုးရိမ်ရင် ထရိုင်ဂိုဒါးမား ထည့်ပေးသင့်ပါတယ်ဗျ

Nga Tun
Nga Tun 3 လွန်ခဲ့သော ၁၀ လ က

ဖြူစေရီယမ်ဖြစ်တာပါ ။ထီး မှိုသတ်ဆေး ကို ငါးဇွန်းနှုန်းထည့်၍ မြေပြင်ကိုဖျန်းပါ သို့မဟုတ် အပင်ပေါက်မှ သေလျှင် ငါးဇွန်းနှုန်းထည့်၍ ဖျန်းပါ။ မှတ်ချက်၊၊ ထီးမှိုသတ်ဆေးမရလျှင် ရွှေဟိုင်းမက် ဖျန်းပါ။

Min Soe
Min Soe 242 လွန်ခဲ့သော ၁၀ လ က

ဖြစ်နိုင်ရင်တော့ အခြားသီးနှံပြောင်းစိုက်ပေါ့။ မဖြစ်နေဆိုရင်တော့ Gypsum အပြင် ထရိုင်ဂိုဒါးမားပါ ထည့်ပေးပါ။ သူက မြေကြီးထဲက မှိုရောဂါတွေကို သတ်ပေးပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆေးအနီရောင်လုပ်တဲ့ထဲကိုငါးပျာရည်ထည့်လုပ်တာတွေ့တယ်ငါးပျာရည်အစားငါးအမိုင်ထည့်လိုရလားဘယ်လေယက်နှုန်းထည့်ရလဲ ဆေးအနီ...

ဖြေကြားချက် 5 ခု

လအလိုက် စိုက်ပျိုးနိုင်သည့် သီးနှံများ နှင့် ဈေးကွက်ဝင်သည့်သီးနှံများစာရင်း၊ စိုက်ပျိုးပြုစု ရိတ်သိမ်း သို...

ဖြေကြားချက် 2 ခု

ကုလားပဲအခုချိန်စိုက်ရင်စောသေးလားခဗျစိုက်ပျိုးလို့အဆင်ပြေလောက်ပြီလား

ဖြေကြားချက် 1 ခု

ကုလားပဲခင်းကိုပုလဲလက်ချားငါးအမိုင်နိုတွဲဖျန်းချင်တာဆခါးပါထည့်ဖျန်းရမှာလားဗျ

ဖြေကြားချက် 2 ခု

ကုလားပဲကြဲဖို့ပါဘဲ၊မျိုးတွေကပိုးထိုးနေတယ်၊ဆက်စိုက်သင့်သလား၊မျိုးသစ်ရွေးချယ်သင့်သလား၊ပိုးထိုးမျိုးတွေကအပင်ပေါက်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။