အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Min Soe

Min Soe

စိုက်ပျိုးရေးပညာရှင် · ချမ်းအေးသာဇံ

242
လွန်ခဲ့သော ၁ လ က

ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး နဲ့ ယမနေ တို့စိုက်လို့ရပါတယ်။ ပျိုးပင်တွေက သစ်တောဌာနမှာ ရပါတယ်။ စိုက်နည်းကိုလည်း သူတို့ကို တစ်ခါတည်း မေးနိုင်ပါတယ်။

ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်

လွန်ခဲ့သော ၁ လ က

ရေအရင်ထုတ်ပြီး စောင့်ကြည့်ပါ။ ဝါတာတွေ သက်သာတော့မှ အခြားလုပ်စရာရှိတာ ဆက်လုပ်စေချင်ပါတယ်ဗျ။ အချို့စိုက်ခင်းတွေ ဝါတာကနေ ပြန်မတက်လာနိုင်တော့တွေ ရှိနေလို့ပါ။

သဘ်ောပင် ရေနာသွားရင် ဘာလုပ်သင့်လည်း ခင်ဗျ အရွက်လေးတွေ နည်းနည်းဝါ သွားတယ် ခင်ဗျ

လွန်ခဲ့သော ၁ လ က

ကယ်ဆီယမ်ချို့တဲ့တာကြောင့် ဖြစ်တဲ့ ခရမ်းချဉ်ထိပ်ပုပ်တာလည်း ဖြစ်နေတယ်။ ပိုးဆေးရော ရွက်ဖျန်းအားဆေးရော လိုက်ပေးပါ။ ခရမ်းချဥ်သီး ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းရောဂါ (Blossom End Rot)

ဘာဖြစ်တာလဲဗျ

ခရမ်းချဉ်သီးလုံးဖောက်ပိုး ခရမ်းချဉ်ဖင်မဲပုပ်ခြင်းနှင့်ထိပ်ပုပ်ခြင်းရောဂါ
လွန်ခဲ့သော ၁၀ လ က

ဆေးဗူးပေါ်မှာ သီးနှံအလိုက် သက်တမ်းအလိုက် ရေးထားပါတယ်ဗျ။ ကျွန်တော်လက်ထဲမှာ ဗူးမရှိလို့ ဖတ်ပေးလို့မရဘူးဗျ။

ပရောဖက်စူပါကိုရေ20လီတာဝင်ဆေးဖြန်းပုံးတပုံးဘလောက်နှုန်းသုံးကြပါသလဲ

ဆေးအချင်အတွယ်
လွန်ခဲ့သော ၁၀ လ က

ဆေးဖျန်းပုံးတစ်ပုံးကို မတ်ပဲပင် တစ်လသား ၂၀-၃၀ စီစီ၊ ရက် ၄၀ နောက်ပိုင်း ၄၀-၅၀ စီစီ

ထရိုင်ကို-ပါဝါ အော်ဂဲနစ်ရွက်ဖြန်းမြေဩဇာရေ25Lဆေးဘယ်လောက်ထည့်ရမလဲခဗျ မတ်ပဲခင်းအတွက်ပါ

ဆေးအချင်အတွယ်
လွန်ခဲ့သော ၁၀ လ က

ပုံလေးတွေ တင်ပေးပါဗျ။ ပုံမပါရင် ဖြေပေးလို့မရတော့ဘူး။ အရွက်တွန့်တာကတော့ ပိုးကြောင့်လည်း ဖြစ်နိုင်တော့ အရွက်အောက်မျက်နှာပြင်မှာ ပိုးရှိမရှိလည်း စစ်နိုင်ပါတယ်။

ကွမ်းရွက်မှာ ပုံပါအတိုင်း အရွက်တွန့်တွေ တွေ့လို့ပါ။ ဘာဖြစ်တာလဲ မသိဘူး။ ဘယ်လိုကုသရမလဲ။ ကျေးဇူးပြု၍ ဖြေပေးပါ။

လွန်ခဲ့သော ၁၀ လ က

ဖြစ်နိုင်ရင်တော့ အခြားသီးနှံပြောင်းစိုက်ပေါ့။ မဖြစ်နေဆိုရင်တော့ Gypsum အပြင် ထရိုင်ဂိုဒါးမားပါ ထည့်ပေးပါ။ သူက မြေကြီးထဲက မှိုရောဂါတွေကို သတ်ပေးပါတယ်။

အရင်နှစ်ကုလားပဲပင်အရမ်းသေလို့ ဒီနှစ်မြေစပြင်တုန်းgypsumထည့်လို့ရမလားဗျ အခြားနည်းလမ်းတွေရောရှိလားဗျ 7ဗန်းလှန်ပြီး ထယ်ရေးအခြောက်ခံပြီးgysumပတ်ဖို့စိတ်ကူးထားတယ်ဗျ ဘယ်လိုပံစံနဲ့ကြိုတင်ပြင်ဆင်တာကောင်းမလဲဗျ

လွန်ခဲ့သော ၁၁ လ က

ရေဆင်း ၁၆

သုံးခွမြို့မှာစိုက်တဲ့ပဲတီစိမ်းအမည် သိရင်ပြောပြပါဦးဗျ

ပဲတီစိမ်းမျိုး
လွန်ခဲ့သော ၁၁ လ က

နိုက်ထရိုဂျင်အဟာရ ချို့တဲ့တာ ဒါမှမဟုတ် များလွန်းရင်လည်း ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ဘိုရွင်နဲ့ ကယ်ဆီယမ်ဓာတ် ချို့တဲ့ရင်လည်း ဖြစ်နိုင်ပါတယ်။

သင်္ဘောသီး ဒီလက္ခနာက ဘာကြောင့်ဖြစ်တာလည်း အပွင့်ငယ်စဥ်မှာ အပေါ်အပွင့်တွေက ဘာကြောင့်အကုန်လုံးနီးပါးကြွေကုန်ရတာလည်း ဖြေပေးကြပါအုန်းဗျ

သင်္ဘောပင် အသီးမတင်ခြင်း
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။