အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
316
လွန်ခဲ့သော ၆ လ က · ထားဝယ်

နံနံပင်တေ‌ မန်ကိုဇက် ကြိုဖြန်းလိုရလာ၊ အရွက်ကြမ်းတောမထွက်သေဘူး ၊အပင်ပေါက်တာ3 ရက်လောက်ပဲရှိသေတယ် အရွက်ဖြားတွေ့...

နံနံပင်တေ‌ မန်ကိုဇက် ကြိုဖြန်းလိုရလာ၊ အရွက်ကြမ်းတောမထွက်သေဘူး ၊အပင်ပေါက်တာ3 ရက်လောက်ပဲရှိသေတယ် အရွက်ဖြားတွေ့ခြောက်ပြီးသေမှာကြောက်လို

စိုက်ပျိုး ရေ နံနံ နံနံစိုက်ပျိုးနည်း
Post image
Post image

ဖြေကြားချက် ၅ ခု

348,301 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

အပင်က အခုမှ ၃ ရက်သားပဲ ရှိသေးတော့ အရမ်းနုပါသေးတယ်။ ဒီအချိန်မှာ မန်ကိုဇက်ဖျန်းရင် ဆေးဒဏ်မခံနိုင်ဘဲ အပင်လောင်နိုင်လို့ မဖျန်းသင့်သေးပါဘူး။ အပင်သက်တမ်း ၁၀ ရက်ကျော်ပြီး အရွက်အစစ် ၂ ရွက်၊ ၃ ရွက်လောက် ထွက်လာမှ ဆေးနှုန်းထားကို လျှော့ပြီး စဖျန်းပေးတာက ပိုစိတ်ချရပါတယ်။ လောလောဆယ်တော့ ရေမဝပ်အောင်နဲ့ လေဝင်လေထွက်ကောင်းအောင်ပဲ ဂရုစိုက်ပေးပါဗျ။

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

နဲနံပင်ငယ်များအရွက်ဖျားချောက်တာရောဂါမဟုတ်ပါပတ်ဝန်းကျင်မှာစိုထိုင်းဆများလို့ရွက်ဖျားကလနားတွေမှာhydathode လို့ခေါ်တဲ့သစ်ခေါက်မှာရေစက်လေးတွေသီးနေပြီးနေပူလိုက်တော့ရေစက်လေးတွေခြောက်သွားတော့ရေစက်ထဲမှာပါနေတဲ့မြေသြဇာလောင်တာကြောင့်ဖြစ်တာဆေးဖျန်းဖို့မရပါအပင်အရွက်များထွက်လာတဲ့အထိစောင့်ပါရောဂါကျမှဆေးဖျန်းပါ

348,301 လွန်ခဲ့သော ၆ လ က

ပုံထဲကအတိုင်း ကောက်ရိုးဖုံးစနစ်နဲ့ စိုက်ထားတာဖြစ်လို့ အစိုဓာတ်များပြီး ခါးရိရောဂါ (Damping off) ဖြစ်မှာကို စိုးရိမ်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အောက်ပါတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ် - ကောက်ရိုးတွေကြားမှာ ရေဝပ်နေရင် မှိုရောဂါ ပိုဖြစ်လွယ်ပါတယ်။ ရေလောင်းရင် မြေကြီးစိုရုံပဲ လောင်းပေးပါ။ ကောက်ရိုးတွေ အရမ်းထူနေရင် လေဝင်လေထွက် ကောင်းအောင် အနည်းငယ် ရှင်းပေးပါ။ အပင်သက်တမ်း (၁၀) ရက်ကနေ (၁၅) ရက်ဝန်းကျင်၊ အရွက်အစစ်တွေ စုံစုံလင်လင် ထွက်လာတဲ့အခါမှသာ ဆေးနှုန်းထားကို အနည်းဆုံးကနေ စတင်ပြီး ဖျန်းပေးသင့်ပါတယ်။

291 လွန်ခဲ့သော ၆ လ က

ရပါတယ်ပျ ဆေးများရင်တော့အရွက်ခြောက်သွားနိုင်ပါတယ်ပျ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၆ လ က

နုန်းထားအနိမ့်နဲ့ ဖျန်းပါ။ရိုးပြတ်တွေက ပါလာတဲ့ရောဂါကူးစက်မှာစိုးရင်၊ကော့ပါးတမျိုးမျိုးကို ရိုးပြတ်တွေရော ၊အပင်ရော၊ ဖျန်းသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။