အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
242
လွန်ခဲ့သော ၄ လ က

ခုလိုပူတဲ့ရာသီမှာနံနံကိုဘယ်လိုစိုက်ပျိုးလို့ရပါသလဲ? စိုက်ပျိုးမူ့ကရောဖြစ့ထွန်းနိုင်ပမလား? အကြောင်းရာလေးပြောပြ...

ခုလိုပူတဲ့ရာသီမှာနံနံကိုဘယ်လိုစိုက်ပျိုးလို့ရပါသလဲ? စိုက်ပျိုးမူ့ကရောဖြစ့ထွန်းနိုင်ပမလား? အကြောင်းရာလေးပြောပြပေးစေချင်ပါတယ်ဗျ။

စိုက်ပျိုးနည်း နံနံ နံနံစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

565 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

မင်္ဂလာပါ ကိုထွန်းလင်းရေ ဒီနည်းလမ်းလး‌‌ေတွ အကြံပြု‌ေပးချင်ပါတယ်ဗျ ၁။ နွေရာသီမှာ မြေကြီးခြောက်သွေ့သွားရင် အပင်က မျိုးပွားဖို့အတွက် ပန်းပွင့်ဖို့ အလျင်စလို ကြိုးစားတတ်ပါတယ်။ ဒါကြောင့် မြေအောက်ခြေအထိ အစိုဓာတ်ရှိနေအောင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေးပါဗျ ၂။ အပင်ခြေနားမှာ ကောက်ရိုး သို့မဟုတ် မြက်ခြောက်လေးတွေ အုပ်ပေးထားခြင်းဖြင့် မြေကြီးအပူချိန်ကို လျှော့ချနိုင်ပြီး အစိုဓာတ်ကို ကြာရှည်ထိန်းထားနိုင်ပါတယ်။ ၃။ ထိန်းသိမ်းစောင့်ရှောက်နည်း အပင်ခပ်စိပ်စိပ်စိုက်ပါ: အပင်လေးတွေ တစ်ပင်နဲ့တစ်ပင် နီးကပ်စွာရှိနေရင် သူတို့ရဲ့ အရွက်တွေက မြေကြီးကို အရိပ်ရစေလို့ မြေအပူချိန် လျော့နည်းစေပါတယ်။ ၄။ အရွက်ထွက်ကောင်းအောင် နိုက်ထရိုဂျင် (Nitrogen) ပါဝင်မှုများတဲ့ သဘာဝမြေသြဇာ သို့မဟုတ် ကွန်ပေါင်းမြေသြဇာ အနည်းငယ်ကို ၂ ပတ်တစ်ကြိမ် ကျွေးနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါသည်စိုက်ပျိုးရေး တောင်သူလယ်သမားများအား လေးစားလျှက်ပါ

242 လွန်ခဲ့သော ၄ လ က

ကျေးဇူးပါ ခင်ဗျာ့ 👍

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၄ လ က

ကောက်ရိုးခင်းပြီး စိုက်ပေးပါ။ အပူကိုလျှော့ချနိုင်သလို အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။