အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
466
လွန်ခဲ့သော ၆ လ က

ဆရာ သ​င်္ဘောပင်တွေကဘာဖြစ်တာလည်း သည်အရွယ်က မြေဆီစကျွေးလိူ့ရပြီလား အပင်ချေ ကပ်ကျွေးရတာလား ဘ​ာမြေဆီကျွေးရတာလည်း တ...

ဆရာ သ​င်္ဘောပင်တွေကဘာဖြစ်တာလည်း သည်အရွယ်က မြေဆီစကျွေးလိူ့ရပြီလား အပင်ချေ ကပ်ကျွေးရတာလား ဘ​ာမြေဆီကျွေးရတာလည်း တပင် ဘ်လောက်နှုန်းကျွေးရမလဲ သင်္ဘောက မျိုးစေ့တထုပ် ဝယ်ပျိုးပြီး ခုမှ စစိုက်တာမို့ပါ

Post image
Post image
Post image
Post image
1

ဖြေကြားချက် ၁ ခု

348,957 လွန်ခဲ့သော ၆ လ က

သင်္ဘောပင်လေးရဲ့ အရွက်ပေါ်က အဖြူကွက်လေးတွေက ပိုများလာတယ်ဆိုရင် ဒါဟာ ဖားဥမှို (Powdery Mildew) ရောဂါ ဖြစ်နိုင်ပါတယ်။ မှိုဆေးအနေနဲ့ Azoxystrobin, Difenoconazole, Sulphur ဆေးတစ်မျိုးမျိုးဖျန်းပါ။ဒါကြောင့် ဆာလ်ဖာ (Sulphur) ပါတဲ့မှိုသတ် ဆေးကို သုံးမယ်ဆိုရင်တော့ အပူရှိန်ပြင်းချိန်မှာ မဖျန်းဖို့၊နေအေးချိန်မှာဖျန်းပက်ကာကွယ်နိုင်ပါတယ်။ ပုံထဲက သင်္ဘောပင်လေးဟာ အပင်ပေါက်အဆင့် ကျော်လွန်သွားပြီဖြစ်လို့ မြေဩဇာ ကျွေးလို့ရပါပြီ။ ဒါပေမဲ့ အပင်ခြေနဲ့ ကပ်မကျွေးဖို့ အထူးသတိပြုရပါမယ်။ ကျွေးနည်းလမ်းညွှန် - အပင်ခြေကနေ (၄) လက်မ ကနေ (၆) လက်မခန့် ခွာပြီး အပင်ပတ်ပတ်လည်ကို စက်ဝိုင်းပုံ တူးကျွေးပါ။ (အပင်ခြေနဲ့ ကပ်ကျွေးရင် ပင်စည်ပုပ်တတ်ပါတယ်)။လောလောဆယ် အပင်ကြီးထွားဖို့အတွက် ယူရီးယားနဲ့ တီစူပါ (သို့မဟုတ်) ၁၅-ပတ်လည် မြေဩဇာကို တစ်ပင်လျှင် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်နှုန်းနဲ့ စတင်ကျွေးနိုင်ပါတယ်ဗျ။

You

ဆက်စပ်မေးခွန်းများ

သဘော်အပင်အောက်လက် အရွက်များဝါပြီ အသီး အပွင့်များမတင်ဘူးဖြစ်နေပါတယ် ဆရာ အဲဒါ ဘယ်လိုများကုသလို့ရမလဲ ဘာဆေးများ အ...

ဖြေကြားချက် 2 ခု

သင်္ဘောပင်ရွက်ဖြန်းဖို့ ဟိုက်ပါပီ​ကေ ဝယ်ထား။ အဖူးဝင်ချိန် မနက်ပိုင်းမဖြန်းရ လို့​ရေးထား။ ဘာဖြစ်တတ်လို့ပါလဲ။

ဖြေကြားချက် 2 ခု

သင်္ဘောပင်တွေမှာ ကျရောက်တတ်သော ဘက်တီးရီးယားရောဂါနှင့် မှိုရောဂါများ ​အကြောင်းသိချင်ပါတယ် ဖြစ်ခဲ့ရင် ဘယ်လို...

ဖြေကြားချက် 3 ခု

စိုက်ပီး၁၀ရက်သား အောက်ရွက်လေးတေက ဆေးလောင်သလိုမျိုး အနားစလေးတွေကနေစပီးတော့တွန့်လိမ်ပီးခြောက်လာတယ် ပုံထဲကလိုပဲ...

ဖြေကြားချက် 2 ခု

ပုံထဲကအတိုင်းလေးဖြစ်နေလို့ဗျာဘာလုက်ရမလဲမသိဝူး

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။