ကိုလတ်
တောင်သူ · စစ်ကိုင်းတိုင်းဒေသကြီး
@သော်ဇင် မှိုဆေးက တကြိမ်ပဲ ဖျန်းရလားခင်ဗျာ
မြေပဲက ၃၅ရက်သားရနေပါပြီခင်ဗျာ ပိုးလည်းက ကျ ရေဂါလည်းရ ေနပါပြီ မှိုသတ်ဆေး/ပိုးသတ်ဆေး/ရွက်ဖျန်းအားတို့ကို ရောသုံးလို့ကောရလား ဆိုတာလည်း ရှင်းပြပေးပါခင်ဗျာ ဆွယ်ဆင်းအားကောင်းအောင် အားဆေးလည်း သုံးချင်ပ့တယ်
၂၀ စီစီ ၁၅ စီစီ ထည့်ဖျန်းရမလား ဘယ်အခချိန် ပက်သင့် လည်း ကျနော် က ညနေ ၃ခွဲလောက်ဆို ဖျန်းတယ် တချို့က ည သွားပက်တာ
ဆရာတို့ခင်ဗျာ ကျနော့မြေပဲခင်းမှာ စစိုက်ပြီး ၁၅ရက်သားတစ်ကြိမ် ၂၂ရက်သားမှာ တစ်ကြိမ် ပိုးက မ နိုင်တာ ၁လသားအရမှာ ပုံပါဆေးကို ၁ဇွန်းခွဲ ထည့်ပက်ထားတာ(ဆေးညွှန်းမှာ၁၀-၂၀စီစီ ထည့်ရန် ညွှန်းထား) ဆေးပက်ပြီး ၅ရက်အကြာမှာ ယာခင်းရဲ့ ၈၀%လောက် တော့ ရှင်းပြီး ကျန်တာက အဲ့အတိုင်းဖြစ်နေတာ ပေါင်းဆွယ်ပွင့်က စ နေပြီမို့ မြေပဲပင် ကြီးထွားမှုထိခိုက်မှာစိုးလို့ ကျနော် အဲ့ဒီဆေးပဲ သုံးရင်ရလား တခြားဆေး ပြောင်းသင့်လား ကျနော့် အကြံလေးတေ ပေးကြပါဦးခင်ဗျာ
၉ ၂၅ ၂၅ နဲ့ ဆေးပုလဲရောကျွေးမလားလို့ ခင်ဗျ
ဆရာကြီး၊ဆရာမကြီးတို့ ခင်ဗျ သင်္ဘောစိုက်ထား၃လရှိပြီ နောက်အချိုးများတဲ့မြေဆီကျွေးမလို့ပါ ကျနော့်သင်္ဘောခင်းအနေထားကတော့ မြင်တဲ့အတိုင်းပါပဲ သင်္ဘောခင်းကို မပြုစုတော့ပဲ ဖျက်သင့်လား အကြံပေးပါဥိး အသီးတင်တဲ့အပင်တင်ပြီး ပုံပါအတိုင်းဖြစ်နေတဲ့အပင်တေကလည်း ရှိနေတာခင်ဗျ
ဆရာတို့ခင်ဗျာ သဲနှုန်း၄ဧက ဆိုတော့ တခြားဘာသီးနှံပြောင်းစိုက်ရင် ဆင်ပြေမလည်း
ဆရာကြီးခင်ဗျ ကျနော် နှစ်တိုင်း ဆောင်းမြေပဲ စိုက်တာ မြေပဲရွက်ပြောက်ရောဂါ ၃၅၊၄၀ရက်သားလောက်ဆို စကျတာ တဖြည်းဖြည်းနဲ့ ဆိုးလားပြီး မြေပဲတခင်းလုံး အရွက်တေမဲခြောက်ပြီး မြေပဲပင်တေ ကျ ကုန်လို့ (မြေပဲပင်အရိုးတေပဲစိမ်းတော့တာ)၈၅၊၉၀ရက်လောက်နဲ့ မြေပဲနုတ်ရတာ မြေပဲက ဥပြီး အဆံမတင်းတော့တာ (Azoxystrobin 20% + Difenoconazole 12.5% အရော)ကို စ ကျကျခြင်းတကြိမ်တော့ဖျန်းဖြစ်ပါတယ် မြေပဲရွက်ပြောက်ရောဂါအတွက် မြေပဲတရာသီမှာ မှိုသတ်ဆေး ဘယ်နကြိမ်၊ဘယ်နရက်ခြားပြီး သုံးရမလည်း ဘာဆေးသုံးရမလည်းသိပါရစေ ၃လနဲ့၁၅ရက် (၃လခွဲ)မနေဘူး မြေပဲက နုတ်ရတာ