အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
154
လွန်ခဲ့သော ၆ လ က · မြစ်သား

ဆရာသမားတို့ရေ ဆေးတွေသုံးရတာကြာတော့ပိုးကမဖြုံတော့ပါဘူး အကြံညာဏ်တောင်းချင်တာက ဆေးနူန်းထားတွေကိုမြင့်သုံးရမလား...

ဆရာသမားတို့ရေ ဆေးတွေသုံးရတာကြာတော့ပိုးကမဖြုံတော့ပါဘူး အကြံညာဏ်တောင်းချင်တာက ဆေးနူန်းထားတွေကိုမြင့်သုံးရမလား ဆေးပုံးရေတိုးသုံးရမလား အခုက၁ဧကကို၆ပုံးနူန်းသုံးနေတယ် ရက်ပတ်က၇ရက်၁ကြိမ် ဘယ်အရာကသင့်တော်မလဲ အခုကယဥ်ဖြူတော်တော်ဆိုးနေတယ် ဆေးတမျိုးထဲမသုံးချင် ဘယ်အတွဲကအကောင်းဆုံးလဲ အီမာမက်တင် သိုင်ရာမီသောင်ရမ် အတွဲကသုံးပီး နောက်ထပ်က အီမာမက်တင် အဘာမက်တင်က အတူတူပဲလား ဘယ်လိုကွာလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၄ ခု

348,948 လွန်ခဲ့သော ၅ လ က

ဆေးယဉ်ပါးနေပြီဆိုရင် ဆေးနှုန်းထား (Dose) ကို တိုးသုံးတာက ရေရှည်မှာ ပိုးမွှားတွေကို ပိုပြီး ဆေးဒဏ်ခံနိုင်ရည် ရှိသွားစေပါတယ်။ အဓိကကတော့ ဆေးအုပ်စု (IRAC Group) မတူတာတွေကို လှည့်သုံးပေးဖို့ပါပဲ။ အခု (၈) ရက်တစ်ကြိမ် ဆေးတစ်မျိုးတည်းကိုပဲ ဇောက်ချသုံးနေတာက ဆေးယဉ်ပါးမှုကို အားပေးသလို ဖြစ်နေပါတယ်။ ဆေးနှုန်းထား မြှင့်တာထက် အပင်အနှံ့ ရွှဲရွှဲစိုအောင် ဖျန်းပေးတာက ပိုထိရောက်ပါတယ်။ ဆေးဖျန်းတဲ့အခါ အရွက်အောက်မျက်နှာပြင်တွေအထိ ဆေးရောက်ဖို့ လိုပါတယ်။ အီမာမက်တင် (Emamectin) နဲ့ အာဘာမက်တင် (Abamectin) ကွာခြားချက် ဒီနှစ်မျိုးလုံးက အုပ်စု (၆) ထဲက ဆေးတွေဆိုပေမဲ့ အာနိသင်ပြပုံ နည်းနည်းကွာပါတယ်။ အီမာမက်တင် က လောက်ကောင် (Caterpillar) ကို နှိမ်နင်းရာမှာ ပိုအားကောင်းပြီး၊ အာဘာမက်တင် ကတော့ မွှားပင့်ကူနဲ့ လှေထိုးပိုးတွေကို နှိမ်နင်းရာမှာ ပိုထိရောက်ပါတယ်။ ဒါပေမဲ့ အုပ်စုတူနေတဲ့အတွက် ဆေးယဉ်ပါးမှု ဖြစ်နေရင် ဒီနှစ်မျိုးကို လှည့်သုံးတာထက် တခြားအုပ်စု (ဥပမာ- Group 5 ဒါမှမဟုတ် Group 13) ဆေးတွေကို ကြားညှပ်သုံးပေးတာက ပိုကောင်းပါတယ်ဗျ။အခုသုံးနေတဲ့ အီမာမက်တင် + သိုင်ရာမီသောက်ဆမ် (Group 6 + 4A) အတွဲက ကောင်းပါတယ်၊ ဒါပေမဲ့ တစ်လှည့်စီမှာ Chlorfenapyr (ကလိုဖန်နာပါ) ဒါမှမဟုတ် Spinetoram (စပိုင်နက်တိုရမ်) တို့လို ဆေးမျိုးတွေကို ပြောင်းသုံးပေးကြည့်ပါ။ ဆေးဖျန်းတိုင်းမှာလည်း ဆေးကပ်စေး ထည့်သုံးဖို့ မမေ့ပါနဲ့ဦးဗျာ။ ဒီနည်းလမ်းလေးတွေနဲ့ စမ်းကြည့်ရင်တော့ ပိုးယဉ်ပါးတဲ့ ပြဿနာကို အတော်လေး ထိန်းချုပ်နိုင်မှာပါခင်ဗျာ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၆ လ က
69 လွန်ခဲ့သော ၆ လ က

ဆေးရွက်ကြီး တမာ ဆပ်ပြာက ဘယ်လိုသုံးရလည်း ညွှန်းပေးပါဦး ဆရာတို့ရေ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၆ လ က

ပိုးသတ်ဆေး အုပ်စုတူတွေ ဆက်တိုက်အသုံးများလာရင်၊ပိုးတွေ ဆေးဒဏ်ခံနိုင်လာပါတယ်။ ဒါကြောင့် IRAC groupမတူတာတွေ လှည့်ဖျန်းပေးရပါတယ်။ ဖြစ်နိုင်ရင်၊ ဓာတု တလှည့်၊သဘာဝပိုးသတ်ဆေး(ဆေးရွက်ကြီး၊တမာ၊ဆပ်ပြာ...) ကြားညှပ်ပြီး လှည့်သုံးသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အရွက်မှာအပေါက်လေးတွေကဘာပိုးခေါတာလည်းဗျ ဘာဆေးဖျန်းသင့်လည်းဗျ ၁၅ရက်သားပါဗျ

ဖြေကြားချက် 4 ခု

ပဲဖြူလေးခေါ် ချက်မဲ ပဲဖြူလေး အသီးအပွင့်မလိုက်ပဲ အသီးအပွင့်တုံးခိင်သလိုဖြစ်ပြီးအပင်အရမ်းကောင်းပြီး အသိမသီးလို့...

ဖြေကြားချက် 3 ခု

ပဲဖြူလေးအသီးမလိုက် အပွင့်မလိုက် အပင်အားကောင်းပြီးအသီးအပွင်တွေတုံးခါနီးပြီ အသိအပွင့်လာလို့မလ်ုက်တာလဲ အသီးအပွင့်...

ဖြေကြားချက် 1 ခု

ယခုနှစ်မှဘဲပဲတီစစိုက်ဖူးတာပါ၊ပဲတီမှာဘယ်လိုဖျက်ပိုးနှင့်ရောဂါများကျရောက်တတ်ပါသလဲ၊ဘယ်ဆေးAI တွေကိုအဓိကထားပီးသုံး...

ဖြေကြားချက် 2 ခု

ပဲတီးစိမ်းမျိုးတွေးက ဘယ်လိုကွာလဲ ရွှေဝါ ဆီးပြောင် ရေဆင်း ရေဆင်းအစစ ဘယ်လိုကွာခြားလဲ ဘယ်လိုကွဲပြာလဲသိချင်တယ် ဘယ်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။