အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,691
လွန်ခဲ့သော ၅ လ က · ပဲခူး

ဝက်လေးတွေ အသေမွေးလို့ပါ ဘယ်လိုကြောင့် ဖြစ်နိုင်လဲ

မွေးမြူနည်း
Post image
3

ဖြေကြားချက် ၃ ခု

21 လွန်ခဲ့သော ၅ လ က

ဝက်နိုးရေကောင်းအောင်ဘာဆေးကြွေးရမလဲ

735 လွန်ခဲ့သော ၅ လ က

ဝက်ကလေးတွေ မွေးဖွားရာမှာ အသေပါလာရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ သေချာစစ်ဆေးမှု မလုပ်ဘဲ ဘယ်အကြောင်းကြောင့် ဖြစ်တယ်ဆိုတာကို တစ်ထစ်ချပြောဖို့ ခက်ပါတယ်။ အဖြစ်အများဆုံး အကြောင်းအရင်းလေးတွေပဲ ပြောပြပါရစေ။ ကိုယ့်အခြေအနေနဲ့ကိုက်ပြီး စဉ်းစားနိုင်အောင်ပါ။ (၁) ပထမအချက်ကတော့ မွေးဖွားချိန်မှာ အဆင်မပြေ ဖြစ်သွားတာမျိုးပါ။ ဝက်မကြီးက အားနည်းလို့ပဲဖြစ်ဖြစ်၊ မွေးဖွားချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အသံဆူညံတာမျိုး၊ လူတွေ ယောက်ယက်ခက်နေတာမျိုး ဖြစ်တဲ့အခါ ကလေးတွေ မွေးဖွားဖို့အတွက် လုံလောက်တဲ့ ဟိုမုန်းတွေ မထွက်ရှိတော့ဘဲ မွေးဖွားချိန် ကြာမြင့်စေပါတယ်။ တစ်ခါတစ်ရုံ ရှေ့ကကလေးက အကောင်ကြီးပြီး မွေးဖွားရခက်ချိန်မှာ နောက်ကကလေး မွေးဖို့ အချိန်ပိုကြာသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သားအိမ်ရဲ့ ညှစ်အားကို ကြာရှည်ခံရတဲ့ ကလေးတွေဆီကို ချက်ကြိုးကနေတဆင့် အောက်ဆီဂျင်ရောက်ရှိမှု လျော့ကျသွားပြီး သေတတ်ပါတယ်။ ဒါမှမဟုတ် ချက်ကြိုးက မမွေးခင်ကတည်းက ကြိုပြီး ပြတ်သွား၊ ပေါက်သွားပြီး အောက်ဆီဂျင်ပြတ် သေဆုံးတတ်ပါတယ်။ ဝက်မကြီးက အားနည်းတာ၊ ဝက်ကလေးတွေရဲ့ အရွယ်အစားကြီးတာ၊ ဝက်ကလေးအရေအတွက်များတာတွေ ဖြစ်တဲ့အခါမှာလည်း သားအိမ်နံရံက ညှစ်သင့်သလောက် မညှစ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာလည်း မွေးဖွားချိန်ကြာမြင့်ပြီး သေဆုံးတတ်ပါတယ်။ အချို့အရပ်ဒေသတွေမှာ ဝက်ကလေးအမွေးမြန်အောင်ဆိုပြီး အောက်ဆီတိုဆင် ဟိုမုန်းတွေကို သားအိမ်ပွင့်ဆေး ဆိုပြီး အရမ်းမဲ့ သုံးတတ်ကြပါတယ်။ အသုံးမမှန်ရင်လည်း ကလေးတွေ သေဆုံးတတ်ပါတယ်။ (၂) ဒုတိယအချက်ကတော့ ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ပါဗိုဗိုင်းရပ်စ်၊ နားရွက်ပြာရောဂါဗိုင်းရပ်စ်၊ အော်ဂျက်စကီးဗိုင်းရပ်စ် စသည်ဖြင့် ကလေးအသေမွေးစေတဲ့ ဗိုင်းရပ်စ်ရောဂါတွေ ရှိသလို၊ လက်ပတိုစပိုင်းရား၊ တောက်ဆိုပလပ်စမာ၊ စိန်ကွက်နာ၊ စသည်ဖြင့် ဗက်တီးရီးယား ရောဂါအချို့ကြောင့်လည်း ကလေးအသေမွေးနိုင်ပါတယ်။ ရောဂါအသေးစိတ်တွေအကြောင်းထက် အရေးကြီးတာကတော့ ကြိုတင်ကာကွယ်ရေးပါ။ ဝက်တွေကို ရနိုင်တဲ့ ကာကွယ်ဆေးတွေ ကြိုတင်ကာကွယ်ထိုးနှံထားခြင်းအားဖြင့် ရောဂါကြောင့် ဝက်ကလေးအသေမွေးတဲ့ပြဿနာကို လျော့ချဖြေရှင်းနိုင်ပါတယ်။ ဒုတိယကာကွယ်ရမှာကတော့ မိမိကိုယ်ကိုယ်ပါ။ အချို့သော ဝက်ရောဂါတွေဟာ လူကို ကူးစက်နိုင်ပါတယ်။ ဥပမာ လက်ပ်တိုစပိုင်းရား ရောဂါက လူကို ကူးနိုင်ပါတယ်။ ဒါကြောင့် ဝက်ကလေး အသေမွေးလာတယ်ဆိုရင် ဝက်ကို ကိုင်တွယ်စောင့်ရှောက်သူတွေ၊ မီးဖွားပေးသူတွေဟာ မိမိရဲ့ လက်နဲ့ ခန္ဓာကိုယ်ကို ဆပ်ပြာနဲ့ သေသေချာချာ သန့်စင်ဆေးကြောဖို့ ရေချိုးဖို့ လိုပါတယ်။ ခြံသန့်ရှင်းရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ (၃) တတိယအချက် ဖြစ်နိုင်တာကတော့ အပူချိန်လွန်ကဲလို့ပါ။ ပတ်ဝန်းကျင်အပူချိန် ၂၄ ဒီဂရီ စင်တီဂရိတ် အထက်ကို ရောက်ရင် ဝက်တွေအတွက် အပူဒဏ်ကို ခံစားရစေပါတယ်။ ဝက်မကြီးက အပူဒဏ်ကို ခံရလေလေ၊ ဝက်ကလေးတွေဆီကို ပို့လွှတ်တဲ့ အောက်ဆီဂျင်ကျဆင်းပြီး ကလေးတွေ သေဖို့ ဖြစ်လာနိုင်ပါတယ်။ အပူဒဏ်နည်းတူ အခြားသော ဒဏ်တွေဖြစ်တဲ့ အာဟာရဓာတ်နဲ့ အစာမလုံလောက်တာ၊ ခြံရဲ့ လေဝင်လေထွက် မကောင်းတာ၊ ခြံက ကျဉ်းလွန်းပြီး လှုပ်ရှားသွားလာနိုင်ခြင်း မရှိတာတွေကြောင့်လည်း ဖြစ်နိုင်တာပါပဲ။ (၄) နောက်ထပ်အချက်တစ်ခုကတော့ အာဟာရဓာတ် မလုံလောက်တာ ဖြစ်ပါတယ်။ ဝက်မကြီးက လုံလောက်တဲ့ အာဟာရဓာတ် မရရှိတာ (အထူးသဖြင့် ဒေသဝက်တွေမှာ အသားဓာတ်လိုအပ်ချက် ဖြစ်နေတာ များပါတယ်) ကြောင့် မွေးဖွားရာမှာ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ကယ်လ်ဆီယမ် (ထုံးဓာတ်) ချို့တဲ့ရင် သားအိမ်ရဲ့ ညှစ်အားကို လျော့ကျစေပြီး ကလေးအသေမွေးစေနိုင်ပါတယ်။ ကျွေးမွေးတဲ့အစာထဲမှာ မှိုတွေပါဝင်နေပြီး မှိုဆိပ်တွေ ဖြစ်ပေါ်နေတယ်ဆိုရင်လည်း ဒီပြဿနာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထက်က အချက်တွေကို ဂရုစိုက်ပြီး ကျန်နေတဲ့ ဝက်မတွေကို လိုအပ်သလို ပြုပြင်ပေးဖို့ အကြံပြုလိုပါတယ်။ အနှစ်ချုပ်အနေနဲ့ (၁) ဝက်တွေကို အာဟာရပြည့်ပြည့်ဝဝကျွေးမွေးပေးပါ။ (၂) အပူဒဏ်အပါအဝင် ဒဏ်ဖြစ်စေတဲ့အချက်တွေကို တတ်နိုင်သမျှ လျော့ချပါ။ (၃) ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး လုံလောက်အောင် ထိုးနှံထားပါ။ (၄) မွေးဖွားချိန်မှာ ဝက်မအတွက်ရော၊ လူအတွက်ပါ သန့်ရှင်းရေး ဂရုစိုက်ပါ။ (၅) လက်ရှိဝက်မက အစာစားတယ်၊ နို့ပေးတယ်၊ ပုံမှန်ပဲဆိုရင် ဆေးဝါးကုသစရာ မလိုအပ်ပါ။ အာဟာရ ပြည့်ပြည့်ဝဝကျွေးပြီး သန့်သန့်ရှင်းရှင်း သက်တောင့်သက်သာ ထားပါ။ (၆) ဝက်မက အစာမစား၊ ဖျားနာတယ်ဆိုရင်တော့ ပဋိဇီဝဆေးဝါးတွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။ ဒေါက်တာသက်ခိုင်မှ ဖြေကြားပေးထားသည်။

349,542 လွန်ခဲ့သော ၅ လ က

ဝက်ကလေးတွေ အသေမွေးရတဲ့ ပြဿနာက မွေးမြူသူတွေအတွက် တကယ်ကို စိတ်မကောင်းစရာပါပဲ။ ဒါဟာ အကြောင်းရင်း တစ်ခုမက ရှိနိုင်လို့ သေချာလေး ခွဲခြားကြည့်ဖို့ လိုပါတယ်။ ၁။ မွေးဖွားမှုဆိုင်ရာ အခက်အခဲများ (Management Factors) အဓိကကတော့ မွေးဖွားချိန် ကြာမြင့်လွန်းတာကြောင့်ပါ။ အောက်စီဂျင်ပြတ်လပ်မှု: မွေးဖွားချိန် ကြာသွားတဲ့အခါ အချင်းပြုတ်ထွက်ပြီး ဗိုက်ထဲမှာတင် အသက်ရှူကျပ် သေဆုံးတတ်ပါတယ်။ ဝက်မကြီးအခြေအနေ: အသက်ကြီးလွန်းတာ ဒါမှမဟုတ် အဆီများပြီး ဝလွန်းရင် ညှစ်အားမကောင်းလို့ မွေးရခက်တတ်ပါတယ်။ အပူရှိန်: ပတ်ဝန်းကျင် အလွန်ပူရင် ဝက်မကြီး မောပန်းပြီး မွေးနှုန်းနှေးသွားတတ်ပါတယ်။ ၂။ ရောဂါပိုးမွှားများကြောင့်ဖြစ်ခြင်း (Infectious Diseases) PRRS (နားပြာရောဂါ): အသေမွေးခြင်းနဲ့ ကိုယ်ဝန်ပျက်ခြင်းကို အဖြစ်အများဆုံး ရောဂါပါ။ Parvovirus: ကာကွယ်ဆေး မထိုးထားရင် အကောင်သေးတာ ဒါမှမဟုတ် အသေမွေးတာမျိုး ဖြစ်စေပါတယ်။ Leptospirosis: ကိုယ်ဝန်နှောင်းပိုင်းမှာ အသေမွေးတာမျိုး ဖြစ်တတ်ပါတယ်။ ၃။ အာဟာရနှင့် စီမံခန့်ခွဲမှု (Nutrition & Environment) အာဟာရ:ကိုယ်ဝန်ဆောင်ချိန်မှာ Iron, Selenium, Vitamin B12 စတဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ချို့တဲ့ရင် သန္ဓေသားကို ထိခိုက်ပါတယ်။ မှိုဆိပ်: အစာထဲမှာ မှိုဆိပ်ပါရင် သားလျှော/အသေမွေး ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု: မွေးခါနီး နေရာရွှေ့တာ၊ ဆူညံတာတွေက မွေးဖွားမှုကို နှောင့်နှေးစေပါတယ်။ အကြံပြုချက်အနေနဲ့ - ဝက်ကလေးတွေက ပုပ်ပွပြီး ထွက်လာတာလား (ဗိုက်ထဲမှာတင် သေနေတာ)၊ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ပဲ အသက်မပါလာတာလား (မွေးဖွားချိန် အသက်ရှူကျပ်တာ) ဆိုတာကို အရင်ဆုံး ခွဲခြားကြည့်ဖို့ လိုပါတယ်။ ကာကွယ်ဆေး စနစ်တကျထိုးနှံခြင်းနဲ့ မွေးဖွားချိန်မှာ အနီးကပ် ဂရုစိုက်ပေးခြင်းဖြင့် ဒီပြဿနာကို အတတ်နိုင်ဆုံး လျှော့ချနိုင်ပါတယ်။ အကောင်းဆုံးကတော့ အနီးစပ်ဆုံး တိကုဆရာဝန်ဖြင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ဆရာ ကျွန်တော့် မဒန်းမလေးက ၂ ရက်ရှိပြီ အမြီးထောင်နေတာ အငြိမ်မနေဘူး မျိူးရှိတယ်လို့ ထင်တယ် နို့ညှစ်ကြည့်တော့် အ...

ဖြေကြားချက် 3 ခု

ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့

ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်...

ဖြေကြားချက် 1 ခု

သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ

ဖြေကြားချက် 1 ခု

ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။