အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
242
လွန်ခဲ့သော ၄ လ က · ချမ်းအေးသာဇံ

ပြောင်းစိုက်ရင် ဂျစ်ပဆမ် ဘယ်ချိန်အသုံးပြုရင်ပိုကောင်းလဲ ဆရာ ကျေးဇူးပြု၍ ပြန်ဖြေပေးပါ ကျေးဇူးပါ ဆရာ ❤❤❤

အပင်အာဟာရ ပြောင်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က

မြေခံကွန်ပေါင်းမြေဩဇာ သုံးချိန်မှာ ဂျစ်ဆန်နဲ့တခါတည်းရောသမပြီးထည့်ခဲ့ပါ။

348,307 လွန်ခဲ့သော ၄ လ က

ပြောင်းမျိုးစေ့မချမီ (၂) ပတ်မှ (၄) ပတ်အလို မြေပြင်ချိန်တွင် ထည့်သွင်းခြင်း နှင့်အပင်သက်တမ်း (၄၀) မှ (၄၅) ရက်အတွင်းသို့မဟုတ် ပြောင်းပင်၏ ကြီးထွားမှု အရှိန်အဟုန် အကောင်းဆုံးအချိန် တွင် ထည့်သွင်းခြင်းကအကောင်းဆုံးပါခင်ဗျ။ဂျစ်ပဆမ်သည် ရေတွင် ပျော်ဝင်မှု နှေးသောကြောင့် ထည့်သွင်းပြီးချိန်တွင် မြေဆီလွှာ၌ လုံလောက်သော အစိုဓာတ် ရှိနေရန် လိုအပ်ပါတယ်။ (မိုးရွာပြီးချိန် သို့မဟုတ် ရေသွင်းပြီးချိန်တွင် ထည့်ပါက ပိုထိရောက်ပါတယ်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။